Tuesday, February 12, 2013

မဇ္ဈိမ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ဓါတ်ပုံများ

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် နံနက် (၇) နာရီ၌ ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသော ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးအား နံနက် (၅) နာရီတွင် ပြည်လမ်းမပေါ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)

(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့  ပြည်သူ့ ရင်ပြင်တွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် (၇)နာရီ၌ ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသော ပြည်ထောင်စုနွယ်ဝင် တိုင်းရင်းသား လူမျိုးများအား တွေ့ရစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့  ပြည်သူ့ ရင်ပြင်တွင် နံနက် (၇)နာရီ၌ ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့ နှင့် စစ်တီးဝိုင်းတပ်ဖွဲ့  ချီတက်လာစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် နံနက် (၇)နာရီ အချိန်တွင်ပြုလုပ်ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊၀န်ထမ်းအမှုထမ်းများ၊ ရန်ကုန်မြို့ ရှိ မြို့ နယ်များနှင့် တိုင်းရင်းသားပြည်သူများတက်ရောက်ကာ မြန်မာနိုင်ငံတော် အလံအား အလေးပြုစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) နိုင်ငံတော်အလံကို အလေးပြုနေစဉ် စစ်တီးဝိုင်းမှ နိုင်ငံတော်သီချင်းကို တီးမှုတ်ပေးခဲ့သည်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်တွင် နံနက် (၇)နာရီ အချိန်တွင်ပြုလုပ်ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊၀န်ထမ်းအမှုထမ်းများ၊ ရန်ကုန်မြို့ရှိ မြို့နယ်များနှင့် တိုင်းရင်းသားပြည်သူများတက်ရောက်ကာ မြန်မာနိုင်ငံတော် အလံအား အလေးပြုစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) နိုင်ငံတော်အလံကို အလေးပြုနေစဉ် စစ်တီးဝိုင်းမှ နိုင်ငံတော်သီချင်းကို တီးမှုတ်ပေးခဲ့သည်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် နံနက် (၇) နာရီအချိန်တွင် ပြုလုပ်ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီး ဦးမြင့်ဆွေမှ နိုင်ငံတော်သမ္မတ၏ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားစဉ်။ (ဓာတ်ပုံ၊ ဘိုဘို၊ မဇ္ဈိမ)

Miss Myanmar International 2013 တွင် ပါဝင်ယှဉ်ပြိုင်မည့် ပဏာမရွေးချယ်ထားသော အယောက် (၂၀) အား ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ နံနက် (၁၀) နာရီ အချိန်က ရန်ကုန်မြို့ သံသုမာလမ်းရှိ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

Miss Myanmar International 2013 ပဏာမရွေးချယ်ပွဲ စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက် (၁၀) နာရီ အချိန်က ရန်ကုန်မြို့ သံသုမာလမ်းရှိ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းတွင် ပြုလုပ်ကျင်းပစဉ်။ ၎င်းပွဲတွင် ပဏာမ ရွေးချယ်ထားသော အယောက် (၂၀)ဦး ထဲမှ (၅)ဦးကို ရွေးချယ်သွားမည် ဖြစ်သည်။ ထို (၅)ဦး မှာ Miss Myanmar International (၁)ဦး၊ Fist Winner ဆု(၁)ဦးနှင့် Second Winner ဆု (၁)ဦး တို့ဖြစ်ပြီး မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း အတွက် ရွေးချယ်မည့်သူ(၁)ဦး၊ (MHA) Myanmar Hotel Association အတွက် ရွေးချယ်မည့်သူ (၁)ဦး၊ စုစုပေါင်း(၅)ဦး ရွေးချယ်သွားမည် ဖြစ်သည်။ Miss Myanmar International အဖြစ် ရွေးချယ်ခံရသူသည် ဆုငွေ သိန်း(၃၀)နှင့် ကမ္ဘာအဆင့် မယ်ပြိုင်ပွဲများသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိမည်ဖြစ်ပြီး၊ Fist Winner ဆုအတွက် သိန်း (၂၀)၊ Second Winner ဆုအတွက် (၁၀)သိန်းနှင့် နှစ်သိမ့်ဆု (၁၅)ဆု အတွက် (၂)သိန်းနှင့် GIFT VOUCHER တို့ကို ချီးမြှင့်ပေးအပ်သွားမည် ဖြစ်သည်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့  နံနက် (၉)နာရီအချိန်၌ ရန်ကုန်မြို့  စီဒိုးနား(SEDONA HOTEL)တွင် ဂျပန်နိုင်ငံမှ KEIDANREN နှင့် မြန်မာနိုင်ငံ UMFCCI တို့ စီးပွားရေးဆွေးနွေးပွဲနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကို ပြုလုပ်ကျင်းပရာ ဂျပန်နိုင်ငံ KEIDANREN မှ ဥက္ကဌ Mr.YONERURA နှင့် UMFCCI မှ ဥက္ကဌ ဦးဝင်းအောင်၊ ရန်ကုန်တိုင်းဝန်ကြီး ဦးမြင့်ဆွေတို့အား တွေ့ ရစဉ်။(ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) ၄င်းပွဲတွင် ဂျပန်နိုင်ငံ KEIDANREN မှ ဥက္ကဌ Mr.YONERURA နှင့် UMFCCIမှ ဥက္ကဌ ဦးဝင်းအောင်တို့ မှ လက်မှတ်ရေးထိုးခဲ့ကြသည်။။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့  နံနက် (၉)နာရီအချိန်၌ ရန်ကုန်မြို့  စီဒိုးနား(SEDONA HOTEL)တွင် ဂျပန်နိုင်ငံမှ KEIDANREN နှင့် မြန်မာနိုင်ငံ UMFCCI တို့ စီးပွားရေးဆွေးနွေးပွဲနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကို ပြုလုပ်ကျင်းပစဉ်။(ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) ၄င်းပွဲတွင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ဆောင်မှုများတွင် ပူးပေါင်းပါဝင်ပြီး နှစ်နိုင်ငံ စီးပွားရေး လုပ်ဆောင်မှုများကို တိုးတက်အောင်လုပ်ဆောင်သွားလိုကြောင်းဖြင့် ဆွေးနွေးခဲ့သည်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့  နံနက် (၉)နာရီအချိန်၌ ရန်ကုန်မြို့  စီဒိုးနား(SEDONA HOTEL)တွင် ဂျပန်နိုင်ငံမှ KEIDANREN နှင့် မြန်မာနိုင်ငံ UMFCCI တို့ စီးပွားရေးဆွေးနွေးပွဲနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကို ပြုလုပ်ကျင်းပရာ ဂျပန်နိုင်ငံ KEIDANREN မှ ဥက္ကဌ Mr.YONERURA နှင့် UMFCCIမှ ဥက္ကဌ ဦးဝင်းအောင်တို့ မှ လက်မှတ်ရေးထိုးပြီး အပြန်အလှန် နှုတ်ဆက်စဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)

ရန်ကုန်မြို့  ရွှေဂုံတိုင် ရှိတော်ဝင်နှင်းဆီခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က အန်အယ်ဒီ ဗဟိုလူမှု အထောက်အကူပြုအဖွဲ့မှ ဥက္ကဌ ဦးတင်ဦး ပြောကြားစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)

ရန်ကုန်မြို့  ရွှေဂုံတိုင် ရှိတော်ဝင်နှင်းဆီခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ကျဉ်းမိသားစုများအား တွေ့ရစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)

ရန်ကုန်မြို့  ရွှေဂုံတိုင် ရှိတော်ဝင်နှင်းဆီ ခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ယနေ့ မွန်းလွဲ(၁)နာရီက နိုင်ငံရေး အကျဉ်းသားများနှင့် လက်တလော လွတ်မြောက် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ သားသမီးများကို ပညာသင်စရိတ် ထောက်ပံ့ရေး ပေးအပ်ပွဲ အခမ်းအနားကို AAPP နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ)မှ ပြုလုပ် ကျင်းပရာ AAPP အတွင်းရေးမှူး ကိုတိတ်နိုင် မှ အမှာစကား ပြောကြားစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)

ကမ္ဘာ့ဘဏ် လုပ်ငန်းစုရဲ့  မြန်မာနိုင်ငံအား အကူအညီပေးရေးကိစ္စများနှင့် ပက်သက်သည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) ကမ္ဘာ့ဘဏ် အုပ်စုအနေနဲ့ မြန်မာနိုင်ငံ လျှပ်စပ်ဓါတ်အား အပူတပြင်းလိုအပ်ချက်ကို ကူညီသွားမည်ဖြစ်ပြီး ဆက်သွယ်ရေးနှင့် ဘဏ်ပိုင်းဆိုင်ရာ ကဏ္ဍများကို တိုးမြှင့်ပေးသွားရန် သဘောတူညီပြီးဖြစ်သည်။

(၅၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကချင်တိုင်းရင်းသား အယောက် ၂၀၀ ခန့်နှင့် ကျင်းပခဲ့သည်။ (ဓာတ်ပုံ - အဟောင်း၊ မဇ္ဈိမ)

(၅၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကချင်တိုင်းရင်းသား အယောက် ၂၀၀ ခန့်နှင့် ကျင်းပခဲ့သည်။ (ဓာတ်ပုံ - အဟောင်း၊ မဇ္ဈိမ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ကျင်းပသည့် ၅၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် အလေးပြုနေကြစဉ်။ (ဓာတ်ပုံ - အဟောင်း၊ မဇ္ဈိမ)

ဒုတိအကြိမ်မြောက် RENDEZVOUS II Sorth East Asia Urban Art Event ဂရပ်ဖစ်တီပြပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်မြို့နယ် အမှတ် (၁၀) ဓမ္မာရုံလမ်း တွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်ညနေပိုင်းက  ပြုလုပ်ကျင်းပခဲ့သည်။ ၎င်း အခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်မှ ၉ ရက်နေ့ထိ ပြုလုပ် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံများမှ မျိုးဆက်သစ် လူငယ်များစွာ ပါဝင်ရေးဆွဲကြမည် ဖြစ်သည်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

မြန်မာနိုင်ငံလယ်သမားများအရေးဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ၂၀၁၃၊ ဖေဖော်ဝါရီလ(၃)ရက် နေ့လည် (၁)နာရီအချိန်က ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း  မြန်မာနိုင်ငံရှိ လယ်သမားများ တနေ့ ထမင်းသုံးနပ်စား၍ အကြွေးဆပ်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောခဲ့သည်။

မြန်မာနိုင်ငံလယ်သမားများအရေးဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ၂၀၁၃၊ ဖေဖော်ဝါရီလ(၃)ရက် နေ့လည် (၁)နာရီအချိန်က ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) မြန်မာနိုင်ငံ လယ်သမားနှင့်အလုပ်မားဆိုင်ရာ အဖွဲ့စည်းများတက်ရောက်ဆွေးနွေးခဲ့သည်။

၁၉၈၉ ခုနှစ်၊ သာယာဝတီ အကျဉ်းထောင် Anti Labour တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်ရာ ကျဆုံးခဲ့ကြသော အကျဉ်းသား ရဲဘော်များကို ဂုဏ်ပြုသောအားဖြင့် ၈ စက္ကန့် ငြိမ်သက်နေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ)

၁၉၈၉ ခုနှစ်၊ သာယာဝတီ အကျဉ်းထောင် Anti Labour တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်ရာ ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ) ၈၈ မျိုးဆက်ကျောင်းသားများနှင့် ရွှေတွံတေး ဆရာတော် ဦးဝါယမ၊ ဦးပဏ္ဍိတ (မှော်ဘီမြင့်စိုး) နှင့် ကျဆုံးခဲ့ကြသော အကျဉ်းသားများ၏ မိသားစုဝင်များ တက်ရောက်ကြသည်။

၁၉၈၉ ခုနှစ်၊ သာယာဝတီ အကျဉ်းထောင် Anti Labour တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်ရာ ရွှေတွံတေး ဆရာတော် ဦးဝါယမ က အမှတ်တရစကား မိန့်ကြားစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ၁၉၈၉ သမိုင်းဆိုတာ တကယ်ရှိခဲ့တယ်။ နောင်လာမယ့် မျိုးဆက်တွေနဲ့ နိုင်ငံသားတွေအားလုံး သိစေချင်တယ်ဟု ပြောကြားခဲ့သည်။

၁၉၈၉ ခုနှစ်၊ သာယာဝတီ အကျဉ်းထောင် Anti Labour တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်ရာ ၈၈ မျိုးဆက်ကျောင်းသား ကိုဌေးကြွယ် အမှာစကားပြောကြားစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) အကျဉ်းထောင် နံရံတွေရဲ့ နောက်မှာ အသက်ပေးပြီး တိုက်ပွဲဝင်ခဲ့တဲ့သူတွေ မနည်းပါဘူး။ ဒီနေ့အခြေအနေ ရောက်ဖို့ အများကြီး ပေးဆပ်ခဲ့ရတယ်ဟု ပြောကြားခဲ့သည်။

၁၉၈၉ ခုနှစ်၊ သာယာဝတီ အကျဉ်းထောင် Anti Labour တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်ရာ ၈၈ မျိုးဆက် ကျောင်းသား ကိုပြုံးချို က အမှာစကား ပြောကြားစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) အမှတ်တရ ကျောက်တိုင်တွေတိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ဦးဆောင်နေပါတယ်။ ခုလက်ရှိ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်မြောက်အောင် ဆက်လက် လုပ်ဆောင်ရမယ်ဟု ပြောကြားခဲ့သည်။

ဟဲဟိုးလေဆိပ်အနီး အဲယားပုဂံ လေကြောင်းလိုင်း F-28 MK 0100, XY-AGC လေယာဉ် မတော်တဆ ထိခိုက်ပျက်စီးခြင်းအား စုံစမ်းစစ်ဆေးမှု သတင်းစာရှင်းလင်းပွဲ ရန်ကုန်မြို့၊ လေဆိပ်လမ်းရှိ လေကြောင်းပညာသိပ္ပံ ခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်စဉ်။ (ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က လေယာဉ်ပျက်ကျမှုကြောင့် ခရီးသည် နှစ်ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ဟဲဟိုးလေဆိပ်အနီး အဲယားပုဂံ လေကြောင်းလိုင်း F-28 MK 0100, XY-AGC လေယာဉ်မတော်တဆ ထိခိုက်ပျက်စီးခြင်းအား သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်း က ရှင်းလင်းပြောကြားစဉ်။ (ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က လေယာဉ်ပျက်ကျခြင်းမှာ မြူများ (ရာသီဥတု)ကြောင့်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟဲဟိုးလေဆိပ်အနီး အဲယားပုဂံ လေကြောင်းလိုင်း F-28 MK 0100, XY-AGC လေယာဉ် မတော်တဆ ထိခိုက်ပျက်စီးခြင်းအား စုံစမ်းစစ်ဆေးမှု သတင်းစာရှင်းလင်းပွဲ ရန်ကုန်မြို့၊ လေဆိပ်လမ်းရှိ လေကြောင်းပညာသိပ္ပံ ခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်စဉ်။ (ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က လေယာဉ်ပျက်ကျမှုကြောင့် ခရီးသည် နှစ်ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

Modren Lifestyle & Car Expo 2013 ပြပွဲကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့လည်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ပြပွဲကိုလေးရက်ကြာ ပြုလုပ်မည် ဖြစ်သည်။

Modren Lifestyle & Car Expo 2013 ပြပွဲတွင် Panasonic Show Room မှ ပြသထားသော 3D ကို ကြည့်ရှုနေသူများအား ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

Modren Lifestyle & Car Expo 2013 ပြပွဲတွင် ပြသထားသောကားများအား ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ပြပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ စာပေထုတ်ဝေသူများ နှင့် ဖြန့်ချိသူများအသင်းမှ ကြီးမှုးကျင်းပသော စာအုပ်ဈေးပွဲတော်နှင့် စာပေဟောပြောပွဲကို ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း အမျိုးသားကဇတ်ရုံတွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့လည်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ စာပေထုတ်ဝေသူများ နှင့် ဖြန့်ချိသူများအသင်းမှ ကြီးမှုးကျင်းပသော စာအုပ်ဈေးပွဲတော်နှင့် စာပေ
ဟောပြောပွဲကို ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း အမျိုးသားကဇတ်ရုံတွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့လည်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ စာပေထုတ်ဝေသူများ နှင့် ဖြန့်ချိသူများအသင်းမှ ကြီးမှုးကျင်းပသော စာအုပ်ဈေးပွဲတော်နှင့် စာပေဟောပြောပွဲတွင် စာရေးဆရာ လယ်တွင်းသားစောချစ် ဟောပြောနေသည်ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့လည်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ငါးရက်တာအတွင်း စာရေးဆရာ/ဆရာမ ၁၂ ဦး ဟောပြောကြမည် ဖြစ်သည်။

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates