Posts

Showing posts from May, 2012

ကျောက်ကြီး IDP ဆွေးနွေးပွဲ (အပိုင်း ၂)

ကျောက်ကြီး IDP ဆွေးနွေးပွဲ (အပိုင်း ၁)

လျှပ်စစ်မီး ရရှိရေး ရန်ကုန်တွင် ဆန္ဒပြ (၂)

လျှပ်စစ်မီး ရရှိရေး ရန်ကုန်တွင် ဆန္ဒပြ (၁)

မဇ္ဈိမ ၂၀၁၂ ခုနှစ် မေလ ဓါတ်ပုံများ

Image
လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် လျှပ်စစ်မီးရရှိရေး ဖရောင်းတိုင်ထွန်း ဆန္ဒပြသူများကို ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး၌ မေလ ၂၂ ရက်နေ့ ညပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ-ရဲမင်း၊ မဇ္ဈိမ) လျှပ်စစ်မီးရရှိရေးအတွက် မြန်မာပြည်အလယ်ပိုင်း မန္တလေးနှင့် မုံရွာမြို့ကြီးများတွင် ဖရောင်းတိုင်ထွန်း ဆန္ဒပြမှုများဖြစ်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင်ပါ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

မြန်မာအလုပ်သမားသမဂ္ဂ ဘုရားသုံးဆူတွင် ဖွဲ့စည်း

ကွန်းချမ်း | အင်္ဂါနေ့၊ မေလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၃ မိနစ် စံခလပူရီ (မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံသား အလုပ်သမားများကဲ့သို့ တန်းတူ အခွင့်အရေး ရရှိရေး စသည့် ရည်ရွယ်ချက် များဖြင့် ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် အင်္ဂါနေ့က အထည်အလိပ်နှင့် သားရေအလုပ်သမား သမဂ္ဂကို ဖွဲ့စည်းလိုက်ပြီး၊ ယခုလအတွင်း မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း သမဂ္ဂ ဥက္ကဋ္ဌ ထံမှ သိရသည်။

ထွက်ပေါက်ပိတ်နေကြသူများ

(ဆောင်းပါး) ဘစောတင် | အင်္ဂါနေ့၊ မေလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၂ မိနစ် လူဆိုတာဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပါ။ ဘဝမှာ ဘာမျှော်လင့်ချက် ရည်မှန်းချက်မှ မရှိတဲ့ လူဆိုတာ ကတော့ ရှင်လျှက်နဲ့သေနေသူ ဒါမှမဟုတ် ရူးသွပ်နေသူသော်လည်းကောင်း ဖြစ်ရမယ်။ မြန်မာပြည်က လူငယ် လူရွယ် လူလတ်ကအစ အရွယ်မရောက်သေးတဲ့ ကလေးတွေအပါအဝင် ရှမ်းပြည် (ထိုင်းနိုင်ငံ) ကို ဝင်ရောက် အလုပ်လုပ်နေ ကြတာ လူဦးရေ သန်းနဲ့ ချီပြီး ရှိနေပါတယ်။ ဘာကြောင့် ဒီလို လူတွေ ထွက်လာနေကြတာလဲ။

ဝတ္တရားနှောက်ယှက်မှုဖြင့် ဦးအေးလွင် ထောင်ဒဏ် ၂ လ အမိန့်ချခံရ

ဖနိဒါ | အင်္ဂါနေ့၊ မေလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၂ မိနစ် ချင်းမိုင်(မဇ္စျိမ) ။       ။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်သည် ဝန်ထမ်းအား ဝတ္တရားနှောက်ယှက်မှုဖြင့် လှည်းကူးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ လ ချမှတ်လိုက်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီမှ ဒုဥက္ကဋ္ဌ ဦသန်းဦးက ပြောသည်။

လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုကြောင့် စစ်ဆေးမေးမြန်းခံရသူ လေးဦး ပြန်လွတ်လာ

ဖနိဒါ | အင်္ဂါနေ့၊ မေလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၄၉ မိနစ် ချင်းမိုင်(မဇ္စျိမ) ။          ။ မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ခြင်းကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်နှင့် ဒေသခံ အနည်းဆုံး ၁ဝ ဦးခန့်ကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးခဲ့ပြီး မွန်လွဲပိုင်းမှာ စာရေးဆရာညီပုလေး အပါအဝင် NLD အဖွဲ့ဝင် လေးဦးတို့ ပြန်လွတ်မြောက်လာသည်ဟု လွတ်လာသူများက ပြောသည်။

သက်တမ်းနှစ် ၂၀ ကျော် ယာဉ်ဟောင်းအပ်နှံ ကားတင်သွင်းခွင့်ပြုမည့် အစီအစဉ်ရှိ

အောင်ဝင်း | အင်္ဂါနေ့၊ မေလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၁၅ မိနစ် ရန်ကုန် (မဇ္ဈိမ) ။        ။ ယာဉ်ဟောင်းအပ်နှံ ကားတင်သွင်းခွင့်ပြုသည့် အစီအစဉ်အရ ယဉ်ဟောင်းအပ်နှံမှုများကို ဆက်လက် ဆောင်ရွက်ပေး လျက်ရှိရာ ”ပ” အက္ခရာထိ ယာဉ်ဟောင်းများ အပ်နှံမှု ပြီးစီးပါက သက်တမ်း နှစ်ဆယ်ကျော် ယာဉ်များနှင့် ဌာနဆိုင်ရာ လေလံ၊ တပ်မတော်လေလံ အစရှိသည့် မော်ဒယ်နိမ့် လေလံ ကားများကိုလည်း အပ်နှံကာ ကားတင်သွင်းခွင့် ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) မှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

မန္တလေးမြို့ခံတို့ လျှပ်စစ်မီးရရှိရေး ဆက်လက် တောင်းဆိုမည်

Image
မျိုးသန့် | တနင်္လာနေ့၊ မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၅ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ မန္တလေးမြို့ လျှပ်စစ်မီးရရှိရေးအတွက် မေလ ၂၁ ရက်နေ့ တနင်္လာညတွင် ဒုတိယမြောက် ဆက်လက် ဆန္ဒဖေါ်ထုတ်တောင်းဆိုကြဦးမည်ဟု မန္တလေးမြို့ခံများက မဇ္ဈိမကို ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းနှင့် KIO တို့ တွေ့ဆုံ

ဖနိဒါ | တနင်္လာနေ့၊ မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၄ မိနစ် ချင်းမိုင်(မဇ္စျိမ) ။          ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ တနလာင်္နေ့တွင် အလွတ်သဘော တွေ့ဆုံခဲ့သည်။

မွန်နှစ်ပါတီ ပေါင်းစည်းရေး အခက်အခဲရှိနေ

Image
ဟင်္သာနီ | တနင်္လာနေ့၊ မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၂၀ မိနစ် မော်လမြိုင် (မဇ္ဈိမ) ။        ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီ ပါတီတို့၏ နှစ်ပါတီ ပေါင်းစည်းရန် ဆုံးဖြတ်ချက် ချမှတ်ပြီးသော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအတွင်း သဘောထားတင်းမာနေသူ အချို့ကြောင့် ပေါင်းစည်းရန် ခက်ခဲ နေသေးကြောင်းနှင့် ပေါင်းစည်းရေးအတွက် တာဝန်ပေးအပ်ထားသည့် ကိုယ်စားလှယ်များကိုလည်း ရုပ်သိမ်းရန် သဘောထား ရှိနေကြောင်း သိရသည်။

7 July နှစ် (၅၀) ပြည့် အခမ်းအနား မန္တလေးတွင် ကျင်းပရန် စီစဉ်နေ

Image
နေမျိုး | တနင်္လာနေ့၊ မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၂ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။        ။ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုဖျက်ခံရသည် နှစ် (၅၀) ပြည့် 7 July နေ့အခမ်းအနားကို မန္တလေးမြို့တွင် ကျင်းပရန်အတွက် ဗကသ များအဖွဲ့ချုပ် (အထက်ဗမာပြည်)မှ ဦးစီး၍ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှု လျော့ချခြင်းအပေါ် အမြင်များ

Image
မျိုးသန့် | သောကြာနေ့၊ မေလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၅ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ခေတ္တရုပ်သိမ်း လိုက်ကြောင်း ကြာသပတေးနေ့ ဝါရှင်တန်ဒီစီမြို့ နိုင်ငံခြားရေးဝန်ကြီှးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ပြန်ကြေညာလိုက်သည်။

စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေး မီဒီယာ အဖွဲ့အစည်းများနှင့် စာပေစိစစ်ရေး ပြန်လည် ဆွေးနွေး

ဖနိဒါ | သောကြာနေ့၊ မေလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၂ မိနစ် ချင်းမိုင်(မဇ္စျိမ) ။       ။ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်းမှ တင်ပြခဲ့သော် စာနယ်ဇင်းကောင်စီ Press council ဖွဲ့စည်းရေး အချက်အလက်များထဲမှ အချို့ကို စာနယ်ဇင်း အဖွဲ့အစည်းသုံးဖွဲ့မှ ယနေ့ သောကြာနေ့မှာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း MJA အထွေထွေအတွင်းရေးမျူး ဦးကိုကို (စက်မှု)က ပြောသည်။

လက်နက်ကိုင် ပဋိပက္ခအတွင်း ကချင်အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေရ

ဖနိဒါ | သောကြာနေ့၊ မေလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၃ မိနစ် ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ အကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပဋိပက္ခဖြစ်ပွားရာဒေသရှိ ကချင်အမျိုးသမီးများမှာ အစိုးရစစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုကျင့်ခံနေရသည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် စစ်ပွဲများ ရပ်တန့်ရန် ကုလ အကြီးအကဲ တိုက်တွန်း

Image
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မေလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၅ မိနစ် မဇ္ဈိမသတင်းဌာန ။      ။ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)ထံမှ ပေးပို့သောစာကို လက်ခံရရှိပြီးနောက် ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ စစ်ပွဲများ ရပ်တန့်ရန် ကြာသပတေးနေ့က တောင်းဆို တိုက်တွန်းလိုက်သည်။

NDF ပါတီစည်းရုံးရေး နည်းဗျူဟာ ပြန်လည် ပြင်ဆင်တော့မည်

Image
နေမျိုး | သောကြာနေ့၊ မေလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၄၃ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။         ။ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဗဟိုဦးစီး အစည်းအဝေးကို လာမည့်ဇွန်လ (၁၆)၊ (၁၇) ရက်များတွင် ကျင်းပ၍  ပါတီ၏ စည်းရုံးရေး နည်းဗျူဟာများကို ပြန်လည် ပြင်ဆင်သွားမည်ဟု သိရသည်။ “ပါတီအင်အားတိုးချဲ့ပြီး တာဝန်တွေ အသီးသီး ပေးသွားဖို့ အကြောင်းရှိပါတယ်။ အဲဒီအခါကျတော့ ခင်ဗျားတို့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို တွေ့ရမှာပါ။ ရွေးကောက်ပွဲတွေမှာလည်း စည်းကမ်းတကျနဲ့ ဖြစ်သွားနိုင်အောင် ပိုမိုကျစ်လစ်သိပ်သည်းပြီးတော့ လူထုကြားထဲ ထိုးဖောက်နိုင်တဲ့ နည်းဗျူဟာ ကျင့်သုံးဖို့ ရှိပါတယ်။”ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။ ဇွန်လကျင်းပမည့် အစည်းအဝေးတွင် မဲဆွယ်စည်းရုံးမှု၊ သတင်းမီဒီယာ အသုံးပြုမှုများနှင့် ပါတ်သက်၍လည်း ဆွေးနွေးသွားမည်ဟု ဦးခင်မောင်ဆွေမှ ယခုလိုဆက်ပြောသည်။ NDF ဌာနချုပ်ရုံး၌ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ အား ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) “ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ပြည်သူတွေဟာ မျှော်လင့်ချက် နိုင်ငံရေးပေါ့ဗျာ၊ အားကိုးရှာတဲ့ ထွက်ပေါက်...

ပိတ်ပင်ခံခဲ့ရသည့် ရုပ်ရှင်ကားများ ပြန်ပြခွင့် အစည်းအရုံးတောင်းဆို

Image
မျိုးသန့် | ကြာသပတေးနေ့၊ မေလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၆ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ ၂၀၀၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ရိုက်ကူးခဲ့သော်လည်း ပြသခွင့် ပိတ်ပင်ခံခဲ့ရသည့် ရုပ်ရှင်၊ ဗီဒီယို ၄၁ ကားကို ပြန်လည် ပြသခွင့်ပြုရန် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ပြန်ကြားရေး ဝန်ကြီးထံ ခွင့်ပြုချက် တောင်းခံထားသည်ဟု အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မဇ္ဈိမကို ပြောသည်။ “ကျနော်တို့လောကကိုယ်စား ကျနော် တင်ပြခဲ့ပါတယ်။ အစိုးရက ပိတ်ခဲ့တဲ့ ရုပ်ရှင် ဗီဒီယို DVD ဇာတ်ကားတွေ ရှိပါတယ်။ အဲဒါတွေကို ခေတ်လည်းပြောင်းသွားပြီ မူဝါဒလည်း ပြောင်းသွားပြီ ဖြစ်တဲ့အတွက် အခုအခါမှာတော့ ပြန်ပြီးတော့ ဖွင့်ပေးဖို့ ကျနော်တို့က တောင်းဆိုတာပါ။” ဟု ဦးဇင်ဝိုင်းက မဇ္ဈိမကို ပြောသည်။ ပြသခွင့် ပိတ်ပင်ခံခဲ့ရသည့် ရုပ်ရှင်၊ ဗီဒီယို ၄၁ ကားကို ပြန်လည် ပြသခွင့်ပြုရန် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ပြန်ကြားရေး ဝန်ကြီးထံ ခွင့်ပြုချက် တောင်းခံထား (ဓါတ်ပုံ မဇ္ဈိမ) ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ဝင်များ တနင်္လာနေ့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွ...

ကနီမြို့နယ် ဒေသခံများ သောက်သုံးရေ ပြတ်လပ်မှုကြုံနေရ

ဖနိဒါ | ကြာသပတေးနေ့၊ မေလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၀၀ မိနစ် ချင်းမိုင်(မဇ္စျိမ) ။        ။ စစ်ကိုင်းတိုင်း မုံရွာခရိုင် ကနီမြို့နယ်အတွင်း သောက်သုံးရေကန်များ ရေခန်းခြောက်လာ သဖြင့် ဒေသခံတို့ ယခုလဆန်းပိုင်းမှစ၍ သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ကနီမြို့ခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တာဝန်ခံ ကိုသိန်းထွေးက ပြောသည်။ ကနီမြို့နယ် မုံရွာ-ကလေးဝ ကားလမ်းရှိ မိုင်တိုင် ၂ဝ မှ ၃၅ အကြားနေထိုင်နေရသည့် ဒေသခံ တောင်သူ အိမ်ခြေ ၅ဝဝ ကျော် ပုံမှန် အသုံးပြုနေသာ သောက်သုံးရေကန်မှ ရေခန်းခြောက်ခဲ့သဖြင့် နှစ်မိုင်ခန့်အကွာရှိ အဝိစိတွင်းရှိရာသို့ သွားရောက်ကာ ခပ်ယူသောက်သုံး နေကြရသည်ဟု ဆိုသည်။ “မနေ့က ကျနော်တို့ သွားကြည့်လိုက်တော့ အမှန်တကယ်ကို ရေပြတ်နေတယ်။ နေပူထဲမှာ တန်းစီစောင့်ပြီး လက်ယက်တွင်းကနေ စိမ့်လာတဲ့ ရေကို ခပ်နေရတယ်။ ငါးဂါလံဝင်တဲ့ ပုံးလေးတပုံးရဖို့ကို တနာရီလောက်ကြာ ခပ်ရတယ်။ ကျနော်တို့သွားကြည့်တော့ စိတ်မကောင်းဘူး။”ဟု ကနီမြို့ခံ ကိုသိန်းထွေးက မဇ္စျိမကို ပြောသည်။ တင်ဝင်းထွန်း ကုမ္ပဏီနှင့် သန္တာအေးအောင် ကုမ္ပဏီတို့မှ ယင်းတို့၏ သရက်ပင်စိုက်ခင်းများ ရေလောင်းရန် ဒေသခံတို...

အစိုးရ ငြိမ်းအဖွဲ့သစ် SSA-S နှင့် ပထမဆုံး တွေ့ဆုံဆွေးနွေးမည်

ဖနိဒါ | ကြာသပတေးနေ့၊ မေလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၂ မိနစ် ချင်းမိုင်(မဇ္ဈိမ) ။         ။ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA-S တို့ လာမည့် မေလ ၁၉ ရက် စနေနေ့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ နှစ်ရပ်တွင် တပ်မတော်ဘက်မှ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းများမှ ဝန်ကြီးချုပ်များ အပါအဝင် အပါအဝင် ၅၂ ဦးဖြင့်   ယခုလ မေ ၃ ရက်နေ့က ပြင်ဆင်ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတွင် ဒုသမ္မတ ဦးစိုင်းမောက်ခမ်း  ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား သည်။ သို့သော် ဒုသမ္မတ တက်ရောက်ရန် ရှိမရှိကိုမူ မသိရသေးပေ။ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ထိပ်ပိုင်းခေါင်းဆောင် ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံမည်ဟု ရှမ်းပြည်နယ် အစိုးရ အမှတ် ၂ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက အကြော...

လယ်မြေအဓမ္မ သိမ်းယူမှု မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးမည်

မျိုးသန့် | အင်္ဂါနေ့၊ မေလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၀ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။       ။ နိုင်ငံတော် စီမံကိန်းများ အကြောင်းပြ၍ ပုဂ္ဂလိက ကုမ္ပဏီအချို့က လယ်မြေများ သိမ်းယူနေမှု များကို မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးရိုက်ကူးကာ မြန်မာနိုင်ငံအတွင်း ပြသနိုင်ရန် စီစဉ်နေသည်ဟု ရုပ်ရှင်ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။ “လယ်သမားတွေကလည်း ပေါ်တင် ပြောပါတယ်။ တိုင်းပြည်အတွက်ဆို လုပ်ပါ။ သူတို့ ရတယ် ငတ်ပါစေ။ တိုင်းပြည်ကောင်းဖို့အတွက်ဆို သူတို့ ခံလိုက်မယ်ပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ ပုဂ္ဂလိက နာမည်တွေနဲ့ သိမ်းထားတာတွေပေါ့။ အဲဒီလိုဆိုတော့ နိုင်ငံအတွက်လည်း မဟုတ်ဘူး ဒီ Crony တွေ ကောင်းစားဖို့ အတွက် သိမ်းတာကို ကျနော် မခံချင်ဖြစ်တာဗျ။ အဲဒီလိုဟာတွေက မြန်မာပြည် အနှံ့မှာ ဖြစ်နေတဲ့ အခါကျတော့ ဒါကို ကျနော် ရိုက်ပြသင့်တယ်လို့ထင်လို့ ကျနော်ရိုက်တာပါ” ဟု လယ်သမားများထံ ကွင်းဆင်း လေ့လာနေသည့် ဒါရိုက်တာ ဝိုင်း က ပြောသည်။ ဒါရိုက်တာဝိုင်းသည် မေလအတွင်း ပြင်ဦးလွင်မြို့နယ်သို့ သွားရောက်ကာ လယ်သမားများနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး အဆိုပါဒေသတွင် လယ်သမား အယောက် ၄ဝ ၏ မြေဧက ၁,၇၀၀ ကို ကုမ္ပဏီတခုမှ သိမ်းယူထားသည်ဟု...

မြောက်ကိုးရီးယားမှ စစ်လက်နက်များ ထပ်မံမဝယ်ယူတော့ဟု သမ္မတပြော

မျိုးသန့် | ကြာသပတေးနေ့၊ မေလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၀၀ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။      ။ လွန်ခဲ့သည့်အနှစ် ၂ဝ အတွင်း မြောက်ကိုရီးယားထံမှ သာမန်စစ်လက်နက်ပစ္စည်းများကိုသာ ဝယ်ယူခဲ့ပြီးဆက်လက် ဝယ်ယူတော့မည်မဟုတ်ဟု မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သော တောင်ကိုရီးယားသမ္မတ မစ္စတာ အီမြောင်ဘတ်ကို မြန်မာသမ္မတ ဦးသိန်းစိန်က ကတိပေးပြောကြားသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာ၏ အွန်လိုင်း စာမျက်နှာတွင် ရေးသားထားသည်။ မြန်မာသမ္မတက တောင်ကိုရီးယားသမ္မတကို ပြောကြားရာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် နျူကလီးယား စီမံကိန်းများ ပူးပေါင်းလုပ်ဆောင်မှု မည်သည့်အခါကမျှ မရှိခဲ့ဟု ငြင်းဆိုသွားသည်ဟုလည်း ဝါရှင်တန်ပို့စ်က ရေးသားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နှင့် ၁၈၇၄ တို့တွင် မြောက်ကိုရီးယားနိုင်ငံမှ ထုတ်လုပ် သည့် စစ်လက်နက် ပစ္စည်းများကို အခြားကမ္ဘာ့နိုင်ငံများမှ ဝယ်ယူခွင့် မပြုရန်ဆုံးဖြတ်ထားပြီး ထိုတားမြစ်ချက်ကို လိုက်နာသည့်အနေဖြင့် မြောက်ကိုရီးယားမှ လက်နက်များ ဝယ်ယူမည်မဟုတ်ဟု ပြောဆိုသည်ဟုလည်း ဝါရှင်တန်ပို့စ်က ရေးသားသည်။ မြန်မာနိုင်ငံသို့ နှစ်ရက်ကြာလာရောက်ခဲ့သည့်ေ...

ဆင်ဆာဘုတ်စနစ် ဇွန်လတွင် ဖျက်သိမ်းမည်

ဖနိဒါ | အင်္ဂါနေ့၊ မေလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၂၉ မိနစ် ချင်းမိုင်(မဇ္စျိမ) ။       ။ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ စာမူကြမ်းများကို စိစစ်သည့် စနစ် ဇွန်လ နောက်ပိုင်းတွင် ရှိတော့မည် မဟုတ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒု-ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။ စာပေကင်ပေတိုင်ဟု နာမည်ကြီးသည့် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ လုပ်ဆောင်နေသည့် စာပေစိစစ်ရေးစနစ်ကို လုံးဝ ဖျက်သိမ်းမည်ဟု ဦးတင့်ဆွေက ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “ဇွန်လအတွင်းမှာ Press council တခုကို အထက်ကနေ ဖွဲ့စည်းပေးဖို့ ရှိတယ်။ အဲဒီ Press council ပေါ်လာတာနဲ့ တပြိုင်နက် စိစစ်ခြင်းလုံးဝ မရှိတော့ဘူး။ စိစစ်တဲ့ ဘာသာတွေ မရှိတော့ဘူး၊ စာမူတွေ တင်ပြီး စိစစ်နေရတဲ့အပိုင်း အဲဒီစနစ်က လုံးဝ ဖျက်သိမ်းပစ်မယ်ဆိုတာကို ပြောတာ”ဟု ဦးတင့်ဆွေက မဇ္စျိမကို ပြောသည်။ မီဒီယာ ဥပဒေမူကြမ်းအား ရှေ့နေချုပ်ရုံးသို့ ဧပြီလအတွင်းက ဒုတိယအကြိမ် ပို့ထားကြောင်း၊ ထိုရှေ့နေချုပ်ရုံး၏ ညွန်ကြားချက်၊ အကြံပြုချက်များကို ရယူရန် မကြာမီ ရက်ပိုင်းအတွင်းမှာ သွားရောက် ခံယူပြီး ပြင်ဆင်မည်ဟု သူက ဆက်ပြေ...

ချင်းပါတီ နှစ်ခု ပူးပေါင်းမည်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ မေလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၅ မိနစ် ရန်ကုန် (မဇ္ဈိမ) ။      ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ချင်းအမျိုးသားပါတီ CNP နှင့် ချင်းတိုးတက်ရေးပါတီ CPP တို့ ချင်းပြည်နယ် ကိုယ်စားပြုသည့် တခုတည်းသော ပါတီအဖြစ် ပူးပေါင်းတော့မည်ဟု ဆိုသည်။ “ပါတီနှစ်ခု ပေါင်းခြင်းအားဖြင့် အင်အားပိုကောင်းလာမှာပေါ့။ အဲ့ဒီအတွက်လည်း ရည်မှန်းပါတယ်။ စနစ်တကျ အကူးအပြောင်းလေးတွေ လုပ်နေပါတယ်” ဟု CNP မှ ပူးဇမ်ကျင့်ပေါင် (ခေါ်) ဇိုဇမ်က ပြောသည်။ ပူးပေါင်းရန်အတွက် ပါတီနှစ်ခုစလုံးမှ ပူးပေါင်းကော်မတီများဖွဲ့ကာ သုံးကြိမ်ခန့် တွေ့ဆုံညှိနှိုင်းပြီး ဖြစ်သည်။ ဒေသခံမဲဆန္ဒရှင်တွေဆီ ကွင်းဆင်းလေ့လာချက်အရ ပူးပေါင်းဖို့ စီစဉ်ရကြောင်းကိုလည်း “မဲဆန္ဒရှင်တွေဆီ ကွင်းဆင်း တဲ့ အခါကျတော့ ဘာဖြစ်လို့မပေါင်းကြသလဲ၊ ဘာဖြစ်လို့ တမျိုးစီ ဖြစ်နေတာလဲ။ မြို့နယ်တွေမှာ သူလည်းဝင်တယ်၊ ကိုယ်လည်းဝင်တယ် ဆိုတော့ ချင်းအမျိုးသားအချင်းချင်း တပါတီတည်းဖြစ်ရင် မကောင်းဘူးလားဆိုတဲ့ တင်ပြချက်တွေ ရှိတယ်။ အဲ့ဒါကြောင့် ပူးပေါင်းဖို့ စဉ်းစားပြီး အစီအစဉ်လုပ်နေကြတာ” ဟု CPP မှ ဦးလျံကျယ်က ပြောသည်။ ချင်းပါတီနှစ်ခု ပူး...

စာနယ်ဇင်းကောင်စီ ဇွန်လတွင် ဖွဲ့မည်ဟုဆို

ဖနိဒါ | တနင်္လာနေ့၊ မေလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၀ မိနစ် ချင်းမိုင်(မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံတွင် စာနယ်ဇင်းကောင်စီ Press Courncil ကို ပြည်တွင်း စာနယ်ဇင်းသမားများ ပါဝင်ကာ ဇွန်လအတွင်း ဖွဲ့စည်းမည်ဟု ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း က ပြောဆိုလိုက်ကြောင်း သိရသည်။ ထိုကောင်စီတွင် မြန်မာဂျာနယ်လစ်ကွန်ယက် MJN၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း MJA နှင့် မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂ-MJU တို့မှ ကိုယ်စားလှယ်များ ပါဝင်စေလိုပြီး ဇွန်လတွင် သမ္မတ ဦးသိန်းစိန်က အတည်ပြုမည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနတွင် တနင်္လာနေ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဝန်ကြီးက ပြောဆိုခဲ့ကြောင်း MJN အမှုဆောင် ကော်မတီဝင် ကိုသူရိန်လှိုင်က ပြောသည်။ “ပီစီဖွဲ့ဖို့ကတော့ ကိုယ်စားလှယ်စာရင်း တောင်းတာပေါ့။ ၆ ယောက်လောက်လို့ တောင်းတာ။ သူတို့ကတော့ မီဒီယာ ဥပဒေ မူကြမ်းအရ ဒါကို ဖွဲ့မယ်လို့ ပြောတယ်။ ကြည့်ရတာ မီဒီယာဥပဒေကြမ်းမှာ ထည့်ဆွဲထားတယ်။ ဒါပေမယ့် အဲဒီ media law က ကျနော်တို့ မသိရသေးဘူး” ဟု မဇ္စျိမကို ပြောသည်။ ထိုသို့ မီဒီယာ ဥပဒေအရ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းရေးအတွက် စာနယ်ဇင်း သမားများအား ယခုကဲ့သို့ ခေါ်ယူ တွေ့ဆုံခြင်း...

ကဏ္ဍလေးခု ပြုပြင်ပြောင်းလဲရေး အမြန်လုပ်ရန် ဒုသမ္မတ ပြော

Image
မျိုးသန့် | တနင်္လာနေ့၊ မေလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၃ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။       ။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍလေးခုတွင် ပြုပြင်ပြောင်းလဲမှုများ အမြန်ပြုလုပ်ရန် တနင်္ဂနွေနေ့ သမ္မတရုံးတွင် ပြုလုပ်သည့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ညှိနှိုင်းအစည်းအဝေးတွင် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က ပြောကြားသွားသည်။ “Reform လုပ်သည်ဆိုရာတွင် Political Reform, Administration Reform, Economic Reform, Social Reform စသည်တို့အနက် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ကို မြန်မြန်ထက်ထက် ပြုပြင်သွားကြရမည် ဖြစ်ပါကြောင်း။ မိမိတို့၏ Mindset (စိတ်နေ သဘောထား) များလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း” ဟု ဒုသမ္မတ၏ ပြောကြားချက်ကို သတင်းစာများတွင် ဖေါ်ပြထားသည်။ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများကိုလည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်မူကြမ်းများ ရေးဆွဲ တင်ပြရန် တိုက်တွန်း သွားပြီး ဦးစီးဌာနများ ဖေါင်းပွနေမှု ရှိမရှိ၊ လေလွင့်မှုရှိမရှိ ပြန်လည် စီစစ်ရန်လိုအပ်ပြီး အောက်ခြေအဆင့်အထိ ဆက်ဆံ၊ လုပ်ကိုင်ပုံများ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဟုလည်း ပြောကြားသွားသည်။ ကဏ္ဍလေးခုတွင် ပြုပြင်ပြောင...

City FM ပုဂ္ဂလိကနှင့် ပေါင်း၍ အဆင့်မြှင့်မည်

ဝေစန္ဒာ | တနင်္လာနေ့၊ မေလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၁ မိနစ် ရန်ကုန် (မဇ္ဈိမ) ။      ။ ရန်ကုန်မြို့တော် စည်ပင်မှ ထုတ်လွှင့်လျက်ရှိသော City FM ရေဒီယိုအား ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်နှင့် ပူးပေါင်းကာ အဆင့်မြှင့်တင်သွားမည်ဟု မြို့တော်စည်ပင် အတွင်းရေးမှုး ဦးကျော်စိုး က ပြောသည်။ “လက်တလောမှာက မြို့တော်ခန်းမအပေါ်မှာပဲ ပရောဂျက်တည်ပြီး တိုင်ထောင်ထားတော့ ရန်ကုန်အနီးတဝိုက်ပဲ ရတယ်။ ရန်ကုန်တိုင်း တတိုင်းလုံး နားထောင်လို့ မရသေးဘူး။ နောက် ထောင်ထားတဲ့တိုင်ကလည်း နာဂစ်မှာ ကျိုးသွားတယ်။ ခုတော့ ဒီအပိုင်းကို ပြုပြင်ပြီး တိုးချဲ့ထုတ်လွှင့်သွားမယ်”ဟု ပြောသည်။ တိုးချဲ့ထုတ်လွှင့်ရန်အတွက် ပူးပေါင်းလုပ်ဆောင်မည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီနှင့် ဆောင်ရွက်ရန် လျာထား သော နေရာမှာ ဆရာစံလမ်းရှိ ပုလဲကွန်ဒိုအနီးတွင် ဖြစ်ကြောင်း သိရပြီး နေရာအတိအကျနှင့် ပူးပေါင်းလုပ်ဆောင်မည့် ကုမ္ပဏီကို ထုတ်ဖော်ခြင်း မရှိခဲ့ချေ။ “လူတိုင်း စိတ်ဝင်စားမယ့် ကဏ္ဍတွေ။ နောက် အသိပညာပေး ကဏ္ဍတွေ၊ သတင်းကဏ္ဍတွေ ထပ်တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်” ဟု ဦးကျော်စိုး က ပြောသည်။ City FM ရေဒီယို အသံလွှင့်ဌာနကို ၂၀၀၂ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့ပြီး ယခ...

ငွေပေးစနစ် ပြောင်းလဲလိုသည့် ဖုန်းများ မက်ဆေ့ခ်ျဖြင့် ဆန္ဒပြုနိုင်

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၄၁ မိနစ် ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာပြည်တွင်းရှိ ဖုန်းဘီလ်ဆောင်သည့် စနစ်ကို ကျင့်သုံးသည့် postpaid ဖုန်းများကို ကြိုတင်ငွေဖြည့်ကတ်စနစ် prepaid စနစ်သို့ ပြောင်းလိုပါက လစဉ်တိုင်း တတိယအပတ်အတွင်း မက်ဆေ့ခ်ျပေးပို့၍ ဆန္ဒပြုနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ထိုသို့ ငွေပေးစနစ် ပြောင်းလဲလိုသူများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဆန္ဒကောက်ခံခဲ့ပြီး မတ်လနှင့်မေလ ၁ ရက်နေ့များတွင် အဆင့်လိုက် ပြောင်းလဲပေးခဲ့သည်။ ယခုမူ ၁၈၈၁၂ သို့ yes ဟူသော မက်ဆေ့ခ်ျ ပေးပို့၍ အလွယ်တကူ ဆန္ဒပြုနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ “ကြိုတင်ငွေဖြည့်ကတ် ပြောင်းချင်တဲ့သူတွေကို လစဉ်တိုင်း တတိယအပတ်ထိ စောင့်ပြီး နောက်လဆန်းတာနဲ့ ပြောင်းပေးသွားမှာပါ။ ပြောင်းချင်တဲ့သူတွေက ၁၈၈၁၂ ကို မက်ဆေ့ခ်ျပေးပို့တာနဲ့ လဆန်းဆိုရင် ပြောင်းပေးသွားမှာပါ။ လတိုင်း ပြောင်းပေးသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်း က ပြောသည်။ ဘီလ် ဆောင်သည့် မိုဘိုင်းဖုန်းပေါင်း သောင်းနှင့်ချီ၍ ကြိုတင်ငေ...

သမ္မတရုံး အင်တာနက် ဝက်ဘ်ဆိုက် ဖွင့်တော့မည်

Image
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၆ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။       ။ သမ္မတနှင့် ပတ်သက်သည့် သတင်းများကို သမ္မတရုံး အင်တာနက် စာမျက်နှာတခု ဖွင့်လှစ်၍ တင်ဆက်သွားမည်ဟု သမ္မတရုံးနှင့် နီးစပ်သူတဦး၏ Face Book လူမှုကွန်ယက်တွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ဖေါ်ပြ ထားသည်။ “သတင်းထုတ်ပြန်ရေးအတွက် သမ္မတရုံး ဝက်ဘ်ဆိုက် စမ်းသပ် ထုတ်လွှင့်နေပြီ ဖြစ်ပါသည်။ မကြာခင် နိုင်ငံတော် သမ္မတ၏ Update သတင်းများကို ယင်းဝက်ဘ်ဆိုက်မှ တရားဝင် လွှင့်တင်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါ သည်” ဟု သူ၏  Face Book စာမျက်နှာတွင် ရေးသားထားသည်။ ဗုဒ္ဓဟူးနေ့ သမ္မတရုံး အင်တာနက် စာမျက်နှာ၏ စမ်းသပ် တင်ဆက်မှုတွင် ပိုလန် နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတ တို့၏ တွေ့ဆုံမှုကို ဖော်ပြထားပြီး ဥရောပနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ အပြီးတိုင် ရုပ်သိမ်းပေးရေးလည်း ဆွေးနွေးကြသည်ဟု အဆိုပါ စမ်းသပ် စာမျက်နှာတွင် ဖေါ်ပြထားသည်။ အဆိုပါ စာမျက်နှာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖေါ်ပြထားသည်ကို တွေ့ရပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့်၊ ပြည်ထောင်စုလွှတ်တော်တို့၏ အခန်းကဏ္ဍများလည်း ထည့်သွင်းထားသည်...

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သစ်ကို တိုင်းရင်းသား အဖွဲ့အစည်းများ ကြိုဆို

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၆ မိနစ် ချင်းမိုင်(မဇ္စျိမ) ။       ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သစ်တွင် ဆုံးဖြတ်ချက် ချနိုင်သည့် ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်လာသဖြင့် နိုင်ငံရေးပြဿနာ ဖြေရှင်းရာတွင် ထိရောက်မည်ဟု မျှော်လင့်ရကြောင်း တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လေ့လာသူများက ကြိုဆိုလိုက်သည်။ နိုင်ငံတော် သမ္မတ၊ ဒု-သမ္မတများနှင့် တပ်မတော် ထိပ်တန်းခေါင်းဆောင်များလည်း ပါဝင်လာသဖြင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် ယခင်ထက် ပို၍ ထိထိရောက်ရောက် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်နေကြခြင်း ဖြစ်သည်။ “တာဝန်ရှိ ပုဂ္ဂိုလ်အားလုံးလိုလို ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ပါဝင်တဲ့အတွက်ကြောင့် ဒီဟာကိုတော့ ကြိုဆိုရမှာ ဖြစ်တယ်။ တဖက်ကလည်း တပ်ဖက်က အရေးပါတဲ့ ခေါင်းဆောင်များ ပါတဲ့အတွက်ကြောင့် စစ်တပ်နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အပိုင်းမှာ တပ်ကို ညွန်ကြားတာပဲဖြစ်ဖြစ်၊ ဖြစ်နေတဲ့ လုပ်ငန်းဖော်ဆောင်ရေးမှာ အကျိုးရှိတယ်လို့ မြင်ပါတယ်”ဟု ကရင်အမျိုးသားအစည်းအရုံး KNU မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ အတွင်းရေးမှူး ပဒိုဒေးဗစ်ထော က ပြောသည်။ တပ်...

Grand Royal စက်ရုံလုပ်သားများ သောက်ရေနှင့် ကြိုပို့ယာဉ် တောင်းဆို

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၇ မိနစ် ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ ရွှေပြည်သာ စက်မှုဇုန်ရှိ Grand Royal အရက် ထုတ်လုပ်သည့် စက်ရုံမှ လုပ်သားများက သောက်ရေ အလုံအလောက်ရရှိရေး၊ ကြိုပို့ယာဉ် ထားရှိပေးရေးနှင့် အခြေခံ လစာကိစ္စတို့နှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ ဗုဒ္ဓဟူးနေ့က တင်ပြတောင်းခံမှုများ ပြုလုပ်ထားကြောင်း အလုပ်သမားများ ကိုယ်စား Bottling အုပ်စုမှ ကိုဝင်းဇော်မင်းက ပြောသည်။ “သောက်ရေက စက်ရုံမှာ အလုပ်ခန်းတခုကို ၂၀ လီတာဗူး တဗူး ပေးတယ်။ လူက ၂၀၀ လောက် ရှိတာဆိုတော့ အဆင်မပြေဘူး။ ကြိုပို့ကိစ္စကကျတော့ မနက် OT ဆင်းခိုင်းရင် ကလေးတွေ လာရသွားရတာ အဆင်မပြေတဲ့ကိစ္စတွေ ရှိတယ်။ မနက် ၇ နာရီဆိုတော့ ဝေးတဲ့လူတွေနဲ့ သွားရတာ အရမ်းခက်တယ်။ အဆိုးဆုံးက မနက် ၇ နာရီဆို ၅ မိနစ် နောက်ကျတာနဲ့ ဝင်လို့မရတော့ဘူး။ ဒီလို ဝင်လို့မရရင် ရက်ကြေးရယ် အပိုဆုကြေးရယ် ဖြုတ်တယ်” ဟု ကိုဝင်းဇော်မင်း က ပြောသည်။ ထိုအခွင့်အရေးများ ရရှိနိုင်ရန်အတွက် စက်ရုံတွင်း ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သော်လည်း ထိရောက်သောအဖြေ မရရှိသဖြင့် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်...

ဘုရားသုံးဆူ ပြန်ပေးမှု ထပ်ဖြစ်

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၁၄ မိနစ် စံခလပူရီ (မဇ္ဈိမ) ။       ။ လူလေးဦးကို ထိုင်းဘတ်ငွေ ၅ သိန်း (ကျပ်သိန်း ၁၃ဝ ခန့်) ဖြင့် ရွေးယူရန် နိုင်ထွန်း ဦးစီးသည့် ‘မွန်ပြန်လည်ထူထောင်ရေးအဖွဲ့’က ပြန်ပေးဆွဲ ခေါ်ဆောင်သွားသည့် ဖြစ်ရပ်တခု အင်္ဂါနေ့ည ၉ နာရီခန့်တွင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၌ ဖြစ်ပွားခဲ့သည်။ ဘုရားသုံးဆူ ရပ်ကွက် ၂၊ ငုဝါ ၁ဝ လမ်းထိပ်ရှိ ရွှေပုဂံ စားသောက်ဆိုင်အတွင်းမှ ဖမ်းဆီးခံရသူများမှာ သုံးဆူ-သံဖြူဇရပ်လိုင်း ယာဉ်မောင်း ကိုဝေယံ၊ ယာဉ်နောက်လိုက် ကိုဘိုဘို၊ ပန်းပုဆရာ ဦးသက်ဦးနှင့် အမျိုးသမီး တဦးတို့ ပါဝင်သည်။ “ဘယ်အိမ်မှာ ဝင်ဖမ်းမယ်ဆိုတဲ့ ပုံစံနဲ့ စနစ်တကျ စီစဉ်ထားပုံ မရှိဘူး။ တွေ့ရာ အားလုံး လိုက်ဖမ်းတာပဲ။ ဖမ်းတာက ၁၂ ယောက်လောက် ရှိတယ်။ ထွက်ပြေးကြလို့ ၈ ယောက်လောက် လွတ်သွားတယ်” ဟု စားသောက်ဆိုင် အနီးတွင် နေထိုင်သူ အမျိုးသားတဦးက ပြောသည်။ ဗုဒ္ဓဟူးနေ့ နေ့လည် ၁၁ နာရီခန့်တွင် ပြန်ပေးသမားများက အဖမ်းခံရသူများ၏ မိသားစုထံသို့ လာရောက်ရွေးယူရန် စာဖြင့် အကြောင်းကြားခဲ့ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်ကိုလည်း ပေးထားခဲ့သည်။ “ကျနော်တို့က ဆင်းရဲသာ...

လှိုင်သာယာ Hi-Mo ဆံပင်တုစက်ရုံ အလုပ်သမားများ ဆန္ဒပြ

Image
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၄ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ Hi-Mo ဆံပင်တုစက်ရုံမှ အမျိုးသမီး အလုပ်သမား များ ၂၀၀ ကျော်သည် အချက် ၇၈ ချက်ပါ တောင်းဆိုချက်များ ရရှိရန်အတွက် မရမ်းကုန်းမြို့နယ်ရှိ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးသို့ ဗုဒ္ဓဟူးနေ့ နံနက်က လာရောက် အရေးဆိုကြသည်။ အမျိုးသမီး အလုပ်သမားပေါင်း ၁,၈၀၀ ခန့် ရှိသည့် ကိုရီးယားအမျိုးသားပိုင် Hi-Mo စက်ရုံမှ အလုပ်သမားများသည် လက်ရှိ အခြေခံလစာ ၈,၅၀၀ မှ ၃ သောင်းခွဲထိ တိုးမြှင့် ရရှိရေးအပါအဝင် အလုပ်ချိန်၊ ခွင့်ရက်၊  အချိန်ပိုကြေးတို့အပြင် ကျန်းမာရေးနှင့် အခြား လူမှုဖူလုံရေးတို့ကို တောင်းဆိုထားကြောင်း ဆန္ဒပြနေသည့် မကေခိုင်ဦး က မဇ္ဈိမကို ပြော သည်။ “မနက်ကတုန်းက လှိုင်သာယာ အလုပ်သမားရုံးကို သွားညှိတယ်။ စက်ရုံကိုယ်စားလှယ် ဒေါ်နန်းသောင်းရင် က အလုပ်သမားရုံးမှာ ရှင်းမပေးနိုင်ပါဘူး၊ စက်ရုံမှာ ရှင်းပေးမယ်ဆိုတာ ညီမတို့က လုံးဝလက်မခံနိုင်ဘူး။ မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးရှေ့တွင် အလုပ်သမာ...

ကြံ့ခိုင်ရေး တရုတ်ပြည်ခရီး မီဒီယာတွေ ခေါ်သွားမည်

မင်းသက် | ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၂၈ မိနစ် ရန်ကုန် (မဇ္ဈိမ)။   ။ ကြံ့ခိုင်ရေးပါတီ၏ တရုတ်ပြည် လေ့လာရေးခရီးစဉ်တွင် ပြည်တွင်း မီဒီယာများကို ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး က ပြောသည်။ “တရုတ် ကွန်မြူနစ်ပါတီက ကျနော်တို့ကိုပဲ ဖိတ်တာပါ။ မီဒီယာကို ခေါ်တာက ကျနော့်ဘက်က ခေါ်တာ ဖြစ်တယ်။ အခု ညှိနေတုန်းပါပဲ။ တရုတ်သံရုံးက ကျနော်တို့ ခေါ်သွားမယ့် လူစာရင်း အဆင်ပြေရင် ဘယ်လောက်ဆိုတာ အတည်ပြုမယ်” ဟု ဗုဒ္ဓဟူးနေ့က ပြောသည်။ ပါတီချင်း ဆက်သွယ်ရေးအတွက် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ မကြာမီ သွားရောက်ကြမည့် ခရီးစဉ်တွင် ပါတီကိုယ်စားလှယ် ခြောက်ဦးအား ဦးဌေးဦး ခေါင်းဆောင် သွားမည် ဖြစ်သည်။ ယခင်က တရုတ်ပြည် လေ့လာရေးခရီး သွားရောက်ခဲ့ဖူးသော်လည်း ယခုအကြိမ်တွင်မှ မီဒီယာသမား လေးဦးကို ခေါ်ယူရန်စီစဉ်ထားကြောင်းလည်း သိရသည်။

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့များတွင် သမ္မတနှင့် ဒုသမ္မတ ဦးဆောင်မည်

Image
ဖနိဒါ | အင်္ဂါနေ့၊ မေလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၇ မိနစ် ချင်းမိုင်(မဇ္စျိမ) ။       ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတွင် ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။ “စာထုတ်ပြန်ထားပြီးပြီ။ နှစ်ခုစလုံး မေလ ၃ ရက်နေ့မှာ ထုတ်ထားတယ်” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား အကျိုးဆောင်ပေးနေသူ ဦးဆန်အောင်က ပြောသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်း (...

မြန်မာပြည်သွားမည့် ဝန်ကြီးချုပ်အား အိန္ဒိယအမတ်များ တောင်းဆို

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ မေလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၉ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။       ။ ကြာသပတေးနေ့တွင် မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးအဖြစ် ပထမဆုံးအကြိမ် သွားရောက် မည့် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းအား မြန်မာ့ ဒီမိုကရေစီအရေး ဆက်လက် ပြုပြင်ပြောင်းလဲဖို့အတွက် တွန်းအားပေးရန် အိန္ဒိယ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများက တိုက်တွန်း တောင်းဆိုလိုက်ကြသည်။ မြန်မာသမ္မတနှင့် တွေ့ဆုံသည့်အခါ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအပါအဝင် တိုင်းရင်းသားဒေသများအတွင်း ထိုးစစ်ဆင်နေမှုကိစ္စရပ်များပါ ထည့်သွင်းဆွေးနွေးသွားရန် မြန်မာ့ဒီမိုကရေစီအရေး အိန္ဒိယပါလီမန်အမတ်များအဖွဲ့ (IPFDB)က ၎င်းတို့ဝန်ကြီးချုပ်အား တိုက်တွန်းလိုက်သည်။ နှစ်နိုင်ငံဆက်ဆံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဖက်စပ်လုပ်ငန်းများ တိုးမြှင့်နိုင်ရန် အားပေးထားသော်လည်း ပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်နိုင်ငံပြည်သူများအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်မလာစေရန်လည်း လိုအပ်ကြောင်း အိန္ဒိယနိုင်ငံရေးပါတီ ခေါင်းဆောင်များပါဝင်သည့် IPFDB က ကြေညာချက် ထုတ်ပြန်လိုက်သည်။ ထို့ပြင် အ...

၂၀၁၀ X2O မဏ္ဍပ် ဗုံးကွဲမှုဖြင့် စွပ်စွဲခံရသူကို သေဒဏ်ချလိုက်

မျိုးသန့် | အင်္ဂါနေ့၊ မေလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၀ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ ၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲ၏ တရား စွဲဆိုခြင်း ခံခဲ့ရသူ ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ အင်္ဂါနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု ကိုဖြိုးဝေအောင်၏ ရှေ့နေ ဦးကျော်ဟိုး က မဇ္ဈိမကို ပြောသည်။ ကိုဖြိုးဝေအောင်ကို ချမှတ်သည့် ပြစ်ဒဏ်များမှာ ကြိုတင်ကြံစည် လူသတ်မှုကို အားပေးသည့် အမှုအတွက် သေဒဏ်၊ ဖေါက်ခွဲမှုကို အားပေးသည့်အမှုအတွက် ထောင်ဒဏ် တသက်တကျွန်း၊ အပြင်းအထန် နာကျင်စေမှုကို အားပေးသည့် အမှုအတွက် ထောင်ဒဏ် ၁ဝ နှစ်၊ မတရားသင်းနှင့် ဆက်သွယ်မှုအတွက် ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံအတွင်း တရားမဝင် ပြန်လည်ဝင်ရောက်လာမှု အတွက် ထောင်ဒဏ် ၃ နှစ်တို့ ဖြစ်သည်ဟု ဦးကျော်ဟိုးက ပြောသည်။ “အဲဒီအမှုတွေကို တပေါင်းတည်း ပေါင်းပြီးတော့ ကျခံစေ ဆိုပြီးတော့ သေဒဏ် ချထားတယ်” ဟု ဦးကျော်ဟိုး က ပြောသည်။ အင်းစိန်ပရဝုဏ်အတွင်းရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးအောင်သိန်း၏ အဆိုပါ အမိန့်ချမ...

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့များတွင် သမ္မတနှင့် ဒုသမ္မတ ဦးဆောင်မည်

Image
ဖနိဒါ | အင်္ဂါနေ့၊ မေလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၇ မိနစ် ချင်းမိုင်(မဇ္စျိမ) ။       ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတွင် ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။ “စာထုတ်ပြန်ထားပြီးပြီ။ နှစ်ခုစလုံး မေလ ၃ ရက်နေ့မှာ ထုတ်ထားတယ်” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား အကျိုးဆောင်ပေးနေသူ ဦးဆန်အောင်က ပြောသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်း...

မြန်မာပြည်မှာ မလေးရှား သန်းတထောင်နီးနီး မြှုပ်နှံထား

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မေလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၀ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။        ။ မလေးရှားနိုင်ငံက မြန်မာနိုင်ငံတွင် ဒေါ်လာ ၉၇၇ သန်း ရင်းနှီးမြှုပ်နှံထားပြီး ဆက်လက် လုပ်ကိုင်ကြရန်လည်း မလေးရှားအစိုးရက ဒေသခံကုမ္ပဏီများအား တိုက်တွန်း အားပေးလိုက်သည်။ အထူးသဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေကဏ္ဍများတွင် တည်ထောင် လုပ်ကိုင်ကြစေလိုကြောင်း မလေးရှား နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Datuk Seri Mustapa Mohamed က တနင်္လာနေ့တွင် ပြောကြားလိုက် သည်။ မလေးရှား ပြည်ပကုန်သွယ်မှု ဖွံ့ဖြှိးရေးကော်ပိုရေးရှင်း (MATRADE)လည်း မကြာမီ ရန်ကုန်မြို့တွင် ရုံးစိုက် လည်ပတ်နိုင်တော့မည်ဟု ကွာလာလံပူမြို့တွင် ကျင်းပသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးပွဲအတွင်း မလေးရှားဝန်ကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။ “နဂိုရှိရင်းစွဲတွေကို ကုန်သွယ်ရေးနဲ့ ရေရှည်အသုံးပြုဖို့အတွက် ပြောင်းလဲရေးမှာ ကျနော်တို့ ကျွမ်းကျင်မှုတွေ ရှိပါတယ်။ ဒါတွေကို မြန်မာပြည်ကို ဝေငှဖို့ ဆန္ဒရှိသလို အဆင်သင့်လည်း ဖြစ်နေပါတယ်” ဟု ဝန်ကြီး Datuk Seri Mustapa Mohamed က ပြောသည်။ မြန်မာနိုင်ငံအတွင်း မလေးရှ...

မြစ်ဆုံဆည် ပြန်ဆောက်ရေး CPI စည်းရုံးရေး ဗီဒီယို မြန်မာပြန်ထွက်ရှိ

Image
ဖနိဒါ | တနင်္လာနေ့၊ မေလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၁ မိနစ် ချင်းမိုင်(မဇ္စျိမ) ။        ။ မြန်မာ ပြည်သူအများက ကန့်ကွက်ခြင်းခံရသည့် မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများအား တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း CPI မှ စည်းရုံးပြောကြားချက် ဗီဒီယို မှတ်တမ်းတခုကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG က မြန်မာဘာသာသို့ ပြန်ဆိုကာ တနင်္လာနေ့က ဖြန့်ချိလိုက်သည်။ ဧပြီလ ၁၈ ရက်နေ့က အောင်မြင်သာ ကျေးရွာရှိ ဒေသခံအချို့နှင့် CPI ကုမ္ပဏီ တွေ့ဆုံမှု ဗီဒီယိုမှတ်တမ်းမှ CPI အရာရှိ LU Qizhou တရုတ်ဘာသာဖြင့် ပြောဆိုမှုကို မြန်မာဘာသာ ပြန်ဆိုပေးထားခြင်း ဖြစ်သည်။ “မြစ်ဆုံစီမံကိန်း ဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီရွာမှာ အကျိုးအရရှိဆုံးပေါ့။ ဒီ မြန်မာနိုင်ငံဟာ အကျိုးအရရှိဆုံးနိုင်ငံ ဖြစ်လာမယ်ဗျ။ အခုကျနော်တို့ စီမံကိန်း ဆိုင်းငံ့တဲ့အတွက် အစစအရာရာ အဆင်မပြေဘူး ဖြစ်လာတယ်။ နောက်ပိုင်း ဒီစီမံကိန်း ပြန်စမယ်။ အကုန်လုံး ကောင်းကောင်းမွန်မွန်ဖြစ်လာမယ်။ စီမံကိန်း အကောင်အထည် ဖော်တဲ့အချိန် ဒီရွာထဲမှာ ရှိတဲ့ ရွာသားတွေရော အကုန်လုံး Site ထဲ ဝင်သွားလို့ ရပါတယ်။ ပြီးရင် လူဦးရေ နှစ်သေ...

ငြိမ်းချမ်းရေးအတွက် ‘ပန်းရဲ့လမ်း’ ဂီတလှုပ်ရှားမှု

Image
မျိုးသန့် | တနင်္လာနေ့၊ မေလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၂ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ ဂီတပညာရှင်တဦးဖြစ်သည့် ကိုရဲလွင် (မဇ္ဈိမလှိုင်း) ဦးဆောင်၍ ‘ပန်းရဲ့လမ်း’ အမည်ရှိ အဖွဲ့တခုကို တနင်္ဂနွေနေ့တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ရန်ပုံငွေရှာကာ ကူညီသွားမည်ဟု ကိုရဲလွင်က မဇ္ဈိမကို ပြောသည်။ “ရန်ပုံငွေရှာတာရယ်၊ လှုပ်ရှားမှုလေးတွေပေါ့။ ငြိမ်းချမ်းရေးအတွက် သီချင်းဆိုပြီးတော့ ရန်ပုံငွေရှာတာပေါ့။ အလှူငွေ မရရင်လည်း ငြိမ်းချမ်းရေး လိုအပ်တယ်ဆိုတာကို သီချင်းဆိုရင်း ပြောနေမှာပေါ့ဗျာ။ လူထုကြားထဲကို ရောက်သွားအောင်ပါ” ဟု ကိုရဲလွင် က ပြောသည်။ ပန်းရဲ့လမ်း အဖွဲ့တွင် အဆိုတော်နှင့် တေးရေးဆရာများ ဖြစ်သည့် သားထွေး၊ တိုးလွင် (ဥတ္တရအလင်း)၊ ညီညီလွင်တို့ဖြင့် ဖွဲ့စည်းထားပြီး တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ရှိ Morning Star လက်ဘက်ရည်ဆိုင်၊ အလုံမြို့နယ်ရှိ IC၊ ကြည့်မြင်တိုင်ရှိ ဒေါ်ကြည် လက်ဘက်ရည်ဆိုင်များတွင် ဖျော်ဖြေခဲ့ပြီး ရန်ပုံငွေ ၉ သိန်းကျော် ရရှိသည်ဟု ကိုရဲလွင် က ပြောသည်။ “ကျနော်တို့က တကယ်ငြိမ်းချမ်းရေး လိုချင်လို့ ထလုပ်တာပဲလေ...

SIM ကဒ် ဈေးမတည်ငြိမ်၍ ကုမ္ပဏီနှစ်ခုအား မြန်မာ့ဆက်သွယ်ရေးက သတိပေး

Image
နန်းနန်း | သောကြာနေ့၊ မေလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၃၁ မိနစ် ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချသည့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်များကို သတ်မှတ် ဈေးနှုန်းထက် မြှင့်တင်ရောင်းချမှုများ ရှိနေ၍ Yadanarpon Teleport နှင့် E-lite Tech ကုမ္ပဏီတို့ကို မြန်မာ့ ဆက်သွယ်ရေးမှ ခေါ်ယူ သတိပေးထားကြောင်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း က ပြောသည်။ အဆိုပါ ကုမ္ပဏီများမှတဆင့် လက်ဝေခံရောင်းချသည့် ပြင်ပ ဖုန်းဆိုင်များတွင် ဖုန်းကဒ်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့်အတွက် လက်ဝေခံရောင်းချခြင်းကို ရပ်ဆိုင်းပြီး တိုက်ရိုက်သာ ရောင်းချရန်လည်း သတိပေးထားကြောင်း ဦးသိန်းဝင်း က ပြောသည်။ “ကုမ္ပဏီနှစ်ခုကို ခေါ်သတိပေးတယ်။ သူ့ကိုယ်ပိုင်ဆိုင်က လွဲလို့ ပြင်ပဆိုင်တွေကို လုံးဝ ရောင်းချခွင့် မပေးဖို့ ပြော တယ်။ ရောင်းပြီးသားတွေကတော့ ဘာမှ မတတ်နိုင်ဘူး” ဟု ရန်ကုန် ပုစွန်တောင် ဆက်သွယ်ရေး သင်တန်းကျောင်း ၌ မေ ၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ဖုန်းကဒ်ဝယ်ယူရန် စောင့်ဆိုင်းနေသူများကို ရန်ကုန်မြို့ Elite ဖုန်းကဒ်အရောင်းဆိုင်ရှေ့တွင် ဧပြီလ ၁ဝ ရက်နေ့က တွေ့...

မိမိဒေသကို ကာကွယ်ဖို့ KIA ကို ပြန်တိုက်ခိုက်ရဟု BGF ပြော

ဖနိဒါ | သောကြာနေ့၊ မေလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၂ မိနစ် ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့များအား ပစ်ခတ် တိုက်ခိုက်ခြင်းမှာ မိမိဒေသကို ကာကွယ်ခြင်းသာဖြစ်ကြောင်း နယ်ခြားစောင့်တပ်မှ အမည်မဖော်လိုသူ ဗိုလ်ကြီးတဦး က ပြောသည်။ ဧပြီလ ၂၇ ရက်နေ့မှ စတင်၍ ပန်ဝါအခြေစိုက်ထားသည့် နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝဝ၂ တပ်ဖွဲ့များနှင့် အစိုးရ တပ်ရင်းတရင်းတို့ ပူးပေါင်းကာ KIA တပ်ဖွဲ့တို့နှင့် လုပိကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အကျအဆုံး များပြားခဲ့သည့်အပေါ် ထိုအရာရှိက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “အမှန်က ကျနော်တို့က အမျိုးသားတွေ အချင်းချင်းပါ။ ညီအစ်ကိုတွေပါ။ ကျနော်တို့ ပန်ဝါဒေသက နယ်ခြားစောင့်တပ်ဖြစ်တယ်။ နိုင်ငံတော်က ထောက်ပံ့နေတယ်။ နိုင်ငံတော်နဲ့အတူ လက်တွဲပြီး လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသ လုံခြုံအေးချမ်းဖို့ ကျနော်တို့က ဒီနေ့ဒေသကို အေးချမ်းအောင် ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်”ဟု မဇ္စျိမကို ပြောသည်။ “ကျနော်တို့လည်း ကိုယ့်အိမ် ကိုယ်နေရာဒေသနဲ့ နေတာ။ ကိုယ့်နေရာမှာ တပါးသူလာပြီး အိမ်...

ကုလားတန် ပရောဂျက် အခက်တွေ့နေ

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မေလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၉ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယ-မြန်မာ ဖက်စပ် အကောင်အထည် ဖော်နေသော ကုလားတန်မြစ်ကြောင်း ဘက်စုံပို့ဆောင်ရေး စီမံကိန်းတွင် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရှိရသည်။ ၂ဝဝ၈ ခုနှစ်ကတည်းက စတင်ခဲ့သည့် အဆိုပါ စီမံချက်မှာ အိန္ဒိယ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းဖလှယ်မှု အားနည်းချက်များကြောင့် အခက်တွေ့နေရခြင်း ဖြစ်သည်ဟု The Hindu သတင်းစာကြီးတွင် ဖော်ထုတ် ရေးသားထားသည်။ ကုလားတန်မြစ်၏ လက်တက်များဖြစ်ကြသည့် အိန္ဒိယနိုင်ငံအတွင်းရှိ Chhimtuipui နှင့် Lungleng တို့တွင် ရေအား လျှပ်စစ် စီမံကိန်းများ တည်ဆောက်နေသည်ကို အိန္ဒိယ စွမ်းအားဝန်ကြီးဌာနက အသိမပေးခဲ့ပေ။ အိန္ဒိယ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ သီတင်းပတ် အနည်းငယ်အလိုမှပင် စွမ်းအားဝန်ကြီးဌာနက နိုင်ငံခြားရေး ဝန်ကြီးဌာနအား အသိပေးကာ ဤကိစ္စ မြန်မာအစိုးရနှင့် ကိုယ်တွယ်ဆွေးနွေးရန် တင်ပြလာခြင်း ဖြစ်သည်။ ထို့ပြင် မြန်မာပြည်တွင်း လမ်းကြောင်းအရှည်ကို တွက်ချက်မှုရာတွင်လည်း လျှော့တွက်မိခဲ့သည်ဟု ဆိုသည်။ ထိုရေအားလျှပ်စစ် စီမံကိန...

၂၀၁၂ သင်ခန်းစာဖြင့် ၂ဝ၁၅ အတွက် ကြံ့ခိုင်ရေးပါတီ ကြိုတင်ပြင်ဆင်

Image
မျိုးသန့် | သောကြာနေ့၊ မေလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၈ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထုက ကြံ့ခိုင်ရေးပါတီကို ယုံကြည်မှု မရှိခြင်း၊ မီဒီယာများနှင့် ဆက်ဆံမှု အားနည်းခြင်း၊ ပါတီဝင်များ၏ ချို့ယွင်းချက်စသည့် သင်ခန်းစာများရရှိခဲ့ပြီး ၂ဝ၁၅ ရွေးကောက်ပွဲတွင် ထိုအားနည်းချက်များကို ပြင်ဆင်သွားမည်ဟု ကြံ့ခိုင်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက မဇ္ဈိမကို ပြောသည်။ “အဓိက ကတော့ ကျနော်တို့ လုပ်ဆောင်မှုကို လူထုက မယုံကြည်တာပေါ့။ နားမလည်တာပေါ့။ ဒါကတော့ အဓိက ဖြစ်မှာပေါ့လေ။ နောက်တခုကတော့ မီဒီယာ လှုံ့ဆော်မှုပေါ့။ မီဒီယာ လှုံ့ဆော်မှုကတော့ ကျနော်တို့မှာ တော်တော်ကြီး ကို အားနည်းတယ်။ ဒါလည်းပဲ ကျနော်တို့ရဲ့ အားနည်းချက်ထဲမှာ တခုပါတယ်လို့ ကျနော်မြင်တယ်။ (ပါတီဝင်) တချို့လည်း ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင် မကြိုက်တဲ့လူတွေ ရှိချင်ရှိမှာပေါ့။ လူထုနဲ့ သဟဇာတ မဖြစ်တဲ့ လူမျိုးလည်း ရှိနိုင်တာပေါ့။ ဒီလိုမျိုးကျတော့ ကျနော်တို့ လဲရမှာပေါ့” ဟု ပါတီတွင်း အားနည်းမှုများနှင့် ၂ဝ၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ရန် အချက်များကို ဦးဌေးဦးက ပြောသည်။ ကြာ...

ကျောက်မီးသွေး လျှပ်စစ်စက်ရုံ ရပ်တန့်ပေးရန် သမ္မတထံ စာပို့

(ကြားဖြတ်နှင့် သတင်းအကျဉ်း) ကွန်းချမ်း | သောကြာနေ့၊ မေလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၂၁ မိနစ် စံခလပူရီ (မဇ္ဈိမ) ။        ။ စတင် လည်ပတ်ရန် ပြင်ဆင်နေသည့် ကော့သောင်းမြို့ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ရပ်တန့်ပေးရန်အတွက် ကြာသပတေးနေ့က နိုင်ငံတော် သမ္မတထံသို့ ဒေသခံများက အသနားခံစာ ရေးသားပို့ပေးခဲ့သည်။ ကော့သောင်းမြို့ရှိ ရပ်ကွက် ၁ဝ ရပ်ကွက်အနက် ၉ ရပ်ကွက်မှ ဒေသခံ ၆၃ ဦးက လက်မှတ်ထိုးကာ သမ္မတကြီးထံ လက်မှတ် ရေးထိုးပေးပို့ခြင်း ဖြစ်ကြောင်း သိရသည်။ “နိုင်ငံတော် သမ္မတကြီး၊ နေပြည်တော်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံလို့ လိပ်မူပြီးတော့ ပို့တာ။ ဒါပေမယ့် ပို့တဲ့သူ နေရာမှာတော့ ကော့သောင်းမြို့ တနင်္သာရီတိုင်းဒေသကြီး ပြည်သူများလို့ ရေးထားတော့ စာတိုက်က အဲလိုပို့ရင် မရောက်ဘူးလို့ ပြောတယ်။ ဒါကြောင့် ကျနော့်လိပ်စာနဲ့ပဲ ပို့လိုက်တယ်” ဟု ကူညီဆောင်ရွက်ပေးနေသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တနင်္သာရီတိုင်း စည်းရုံးရေးမှူး ကိုသန်းထွန်းက ပြောသည်။ သမ္မတကြီးထံ ပေးပို့သည့် အသနားခံစာတွင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ စတင် လည်ပတ်တော့မ...