ငွေပေးစနစ် ပြောင်းလဲလိုသည့် ဖုန်းများ မက်ဆေ့ခ်ျဖြင့် ဆန္ဒပြုနိုင်

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၄၁ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာပြည်တွင်းရှိ ဖုန်းဘီလ်ဆောင်သည့် စနစ်ကို ကျင့်သုံးသည့် postpaid ဖုန်းများကို ကြိုတင်ငွေဖြည့်ကတ်စနစ် prepaid စနစ်သို့ ပြောင်းလိုပါက လစဉ်တိုင်း တတိယအပတ်အတွင်း မက်ဆေ့ခ်ျပေးပို့၍ ဆန္ဒပြုနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ထိုသို့ ငွေပေးစနစ် ပြောင်းလဲလိုသူများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဆန္ဒကောက်ခံခဲ့ပြီး မတ်လနှင့်မေလ ၁ ရက်နေ့များတွင် အဆင့်လိုက် ပြောင်းလဲပေးခဲ့သည်။ ယခုမူ ၁၈၈၁၂ သို့ yes ဟူသော မက်ဆေ့ခ်ျ ပေးပို့၍ အလွယ်တကူ ဆန္ဒပြုနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

“ကြိုတင်ငွေဖြည့်ကတ် ပြောင်းချင်တဲ့သူတွေကို လစဉ်တိုင်း တတိယအပတ်ထိ စောင့်ပြီး
နောက်လဆန်းတာနဲ့ ပြောင်းပေးသွားမှာပါ။ ပြောင်းချင်တဲ့သူတွေက ၁၈၈၁၂ ကို မက်ဆေ့ခ်ျပေးပို့တာနဲ့ လဆန်းဆိုရင် ပြောင်းပေးသွားမှာပါ။ လတိုင်း ပြောင်းပေးသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်း က ပြောသည်။

ဘီလ် ဆောင်သည့် မိုဘိုင်းဖုန်းပေါင်း သောင်းနှင့်ချီ၍ ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲပြီးစီးခဲ့၍ လက်ရှိတွင် ကြိုတင်ငွေဖြည့်ကတ်စနစ် အသုံးပြုနေသော မိုဘိုင်းဖုန်း နှစ်သန်းဝန်းကျင် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး