skip to main | skip to sidebar

Tuesday, January 10, 2012

The Lady ထိုင်းမှာ ရုံတင်တော့မည်


ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၅၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးနှင့် မိသားစုဘဝတို့ကို ဇာတ်လမ်းဆင် ရိုက်ကူးထား သည့် The Lady ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ တဝှန်းတွင် ဖေဖော်ဝါရီ ၂ ရက်နေ့၌ စတင်ရုံတင်ပြသမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုသည် သူတို့၏ ဘဝကို အဓိကမထားပဲ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စားပုံတို့ကို ပရိသတ်များ ကြည့်ရှုရမည်ဟု ထိုင်းနိုင်ငံတွင် အကြီးဆုံး ရုပ်ရှင်အုပ်စု တခု ဖြစ်သည့် Major Cineplex အင်တာနက် စာမျက်နှာတွင် ကြော်ငြာထားသည်။

နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေထဲကမှ သဒ္ဓါနှင့်လူ့နားလည်မှုတရားတို့ကို တင်ဆက်ပြသထားပြီး ဗမာပြည်ဒီမိုကရေစီလှုပ်ရှားမှု၏ ဗဟိုချက်နေရာမှ အမျိုးသမီးတယောက်၏ ငြိမ်းချမ်းစွာ လှုပ်ရှားမှုအကြာင်းလည်း ဖြစ်သည်ဟုဆိုသည်။

ပြင်သစ်ဒါရိုက်တာ Luc Besson က ၂ဝ၁ဝ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အဓိက ရိုက်ကူးထားပြီး ဒေါ်အောင်ဆန်းစုကြည် အဖြစ် မင်းသမီး မစ်ရှဲယိုးက သရုပ်ဆောင်ထားကာ ခင်ပွန်းသည် ဗြိတိသျှလူမျိုး တိဘက် သမိုင်းပညာရှင် မိုက်ကယ်အဲရစ် အဖြစ် David Thewlis က သရုပ်ဆောင် ထားသည်။

နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် Jonathan Raggett, Jonathan Woodhouse  နှင့် မြန်မာနိုင်ငံသားများ လည်း ပါဝင်သရုပ်ဆောင်ထားကြသည်။
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger