skip to main | skip to sidebar

Thursday, December 30, 2010

ကျမတို့က လက်တွေ့ လုပ်သူတွေ ဖြစ်ပါတယ်ဟု ဒေါ်စုက ဂျင်ဝက်ဘ်ကို ပြော

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၁၀ မိနစ်

Reference ID Created Released Classification Origin
09RANGOON539 2009-08-18 10:10 2010-12-12 21:09 SECRET Embassy Rangoon

VZCZCXYZ0000
OO RUEHWEB

DE RUEHGO #0539/01 2301059
ZNY SSSSS ZZH
O 181059Z AUG 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9364
INFO RHEHNSC/NSC WASHDC IMMEDIATE
S E C R E T RANGOON 000539

SENSITIVE
SIPDIS

E.O. 12958: DECL: 08/18/2019
TAGS: PGOV PREL BM
SUBJECT: BURMA: SENIOR GENERALS START A CONVERSATION; HOW WILL WE RESPOND?

REF: A. RANGOON 535
B. RANGOON 536

C. RANGOON 527
D. RANGOON 534

Classified By: P/E Chief Jennifer Harhigh for Reasons 1.4 (b) & (d)

အကြောင်းအရာ။     ။ မြန်မာနိုင်ငံ- ဗိုလ်ချုပ်မှူးကြီးက စကားစတင် ပြောဆိုလာခြင်း။ မိမိတို့ မည်သို့ တုံ့ပြန်မည်နည်း။

လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။     ။ နိုင်ငံရေး-စီးပွားရေးဌာန အကြီးအကဲ ဂျင်နီဖာ ဟာဟိုက် (Jennifer Harhigh) အကြောင်းပြချက် 1.4 (b) & (d)

အကျဉ်းချုပ်
၁။ (S) မြန်မာ ထိပ်တန်းဗိုလ်ချုပ်များက ဆီးနိတ်အမတ် ဝက်ဘ် လာရောက်ခြင်းကို အသုံးချပြီး ၎င်းတို့ ရှင်းရှင်း လင်းလင်း ဖေါ်ပြလိုသော အချက်များမှာ မြန်မာအစိုးရနှင့် အမေရိကန်အစိုးရ ဆက်ဆံရေး ပိုမိုကောင်းမွန်လိုခြင်း၊ ဝါရှင်တန် နှင့် တိုက်ရိုက်ဆက်ဆံလိုပြီး အထူးသံတမန်တဦး (စစ်အစိုးရ၏ အတွင်းလူဖြစ်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်ခဲ့ဖူးသူ ဦးသောင်း) ကို ရွေးချယ်သတ်မှတ်ပြီး ဖြစ်ကြောင်းတို့ပင် ဖြစ်သည်။ သန်းရွှေ သူ့လက်သီးဆုပ်ကို ဖြေချလိုက်သည်မှာ (အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဆုံးအကြိမ်  ၎င်းနှင့်တွေ့ဆုံခွင့်ပေးခြင်း၊ "ချစ် ကြည်ရေး"ကို ပြသသောအားဖြင့် အမေရိကန် အကျဉ်းသားတဦးကို ပြန်ပို့ ခြင်း) ကို ထောက်ထား၍ သေချာနေပါသည်။   ဗိုလ်ချုပ်များသည် အကြောင်းပြန်ကြားချက်ကို မျှော်နေပါလိမ့်မည်။ (UNGA) (ကုလသမဂ္ဂအထွထွေ ညီလာခံ) အပြီးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းကို ဝါရှင်တန်ရှိ သံရုံးသို့ သွားရောက်ခွင့် ပေးသင့်ပါသည်။ မျှော်လင့်ချက်များ အပြန် အလှန် ဖော်ပြနိုင်ရေးအတွက် ကျွန်ုပ်တို့  ဦးသောင်းနှင့် မကြာမတင် မှာ ဆွေးနွေးသင့်ပြီး ထိုမှတဆင့် ဝါရှင်တန် အဆင့် ဆွေးနွေးပွဲဆီသို့ တက်လှမ်းသင့်ပါသည်။ တချိန်တည်းမှာပင် စစ်အစိုးရနှင့် "ပြတ်သားသော" အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဆွေးနွေးပွဲဖြစ်မြောက်အောင် အတိအလင်းရော တိတ်တဆိတ်ပါ အားပေးသင့်ပါသည်။ ဆွေးနွေးပွဲ ကာလအတွင်းမှာလည်း ကျွန်ုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးဖြစ်အောင် ကြိုးပမ်းသင့်ပါသည်။ အကျဉ်းချုပ်- ပြီးဆုံး။

လက်သီးဆုပ် ဖြေလိုက်ပြီလား။
---------------
၂။ (S) ပထမဦးဆုံး အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်၏ သန်းရွှေနှင့် တွေ့ဆုံမှုသည် မျှော်လင့်မထားဘဲ ဖြစ်ပေါ်လာခဲ့သည်။ သူ နားစွင့်ရုံ နားစွင့်နေသည်မှာ ပေါ်လွင်လှပါသည်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သူ့ကို ပြောနေစဉ်မှာပင် စိတ်ဆိုးဟန်သော်လည်းကောင်း၊ မုန်းတီးဟန်သော်လည်းကောင်း မပြခဲ့ချေ။ သူက ဆီးနိတ် အမတ် ဝက်ဘ်ကို ပြုံးပြ နှုတ်ခွန်းဆက်ပြီး နွေးနွေးထွေးထွေး လက်ဆွဲနှုတ်ဆက်ခဲ့ပါသည်။ ဆွေးနွေးပွဲတလျှောက်လုံး သူက "မိတ်ဆွေများ"၊ "ချစ်ကြည်ရေး"ဟူသော စကားများကို လှိုင်ဘောလယ်အောင် ပြောခဲ့သည်။

၃။ (S) သန်းရွှေနှင့် ဝန်ကြီးချုပ် သိန်းစိန်တို့ ဆီးနိတ်အမတ် ဝက်ဘ်နှင့် တဦးချင်းစီ တွေ့ဆုံဆွေးနွေးရာ၌ စာရွက် တမျိုးတည်းကို ကိုင်၍ ဆွေးနွေးကြသည် (ရည်ညွှန်းချက် က နှင့် ခ)။ သူတို့နှစ်ဦးစလုံးပင် ယခင်က သည့်ထက် အဆင်ပြေခဲ့သော အမေရိကန်-မြန်မာဆက်ဆံရေး အကြောင်းကို ဖေါ်ပြကြပြီး လက်ရှိဆက်ဆံရေးလည်း ပို၍ ကောင်းလာလိမ့်မည်ဟု အလေးတင်း ဖေါ်ပြခဲ့ကြသည်။ "တိုက်ရိုက်" နှင့် အပြန်အလှန် ဆက်ဆံရေး၊ နေပြည်တော်နှင့် တိုက်ရိုက် ဆက်သွယ်သော ဦးသောင်းကို အထူးသံတမန်အဖြစ်ခန့်အပ်ရေးကို တောင်းဆိုခြင်း၊ နှစ်ဖက်စလုံး သံအမတ်အဆင့်များကို တိုးမြှင့်ရန် အကြံပြုခြင်း တို့ဖြင့် ဗိုလ်ချုပ်များဘက်က လက်ကမ်းလာနေခြင်းသည် ရှင်းနေပါ သည်။

၎။ (S) ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာသည် အမေရိကန်အစိုးရအဖို့ လွန်စွာအရေးပါနေကြောင်း၊ ဤပြဿနာသည် အမှန်တကယ်ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် ဖြေရှင်းပေးရမည့်ပြဿနာဖြစ်ကြောင်း ဆီးနိတ်အမတ် ဝက်ဘ်၏ ပြောစကားကို သန်းရွှေနှင့် သူ၏ ထိပ်တန်း ဗိုလ်ချုပ်များ ကောင်းကောင်းကြီး သဘောပေါက်ပါသည်။ ဒေါ် အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စကို သန်းရွှေနှင့်ပြောသောအခါ၌ သန်းရွှေက တိုတိုတုတ်တုတ်ပင် တုံ့ပြန်ပါသည်။ ကတိကဝတ်မပေးခဲ့ချေ။ ဆီးနိတ်အမတ်က စကားကို ဖြတ်လိုက်ပြီး အခြားအကြောင်းအရာဘက်သို့ လှည့်သွားခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ (ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ငြင်းပယ်သော အဖြေကို စောင့် သည်ထက် တိုးလို့တန်းလန်း ထားလိုက်ခြင်းက ပိုကောင်းသည်ဟု သူက နောက်ပိုင်းမှာ ကျွန်ုပ်တို့ကို ပြောပြခဲ့သည်)။ သို့ရာတွင် သန်းရွှေအဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မကောင်းကြောင်း စကားစရန် အခွင့်အရေးယူခဲ့ပုံရပါ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက သန်းရွှေ သဘော ထားပြောင်းသွားပုံရသည်ဟု သူတို့ထင်ကြောင်း၊ ဆွေးနွေးပွဲလုပ်ရန် အသင့်ရှိသည်ဟု မျှော်လင့်ရကြောင်း ကျွန်ုပ်တို့ကို လည်းပြော၊ ထို့နောက် ဆီးနိတ်အမတ် ဝက်ဘ်ကိုလည်း ပြောခဲ့သည်။  

မျှော်လင့်ချက်များ မြင့်မားနေသည်။
-------------------
၅။ (S) စစ်အစိုးရ၏ ကြံရွယ်ချက်များကို နောက်ထပ် ညွှန်ပြနေသည်မှာ အင်္ဂလိပ်သာသာနှင့်ရော မြန်မာဘာသာနှင့်ပါ ထုတ် ဝေသော အစိုးရ အာဘော်သတင်းစာ မြန်မာ့အလင်းပင် ဖြစ်သည်။ ထိုသတင်းစာ၏ ခေါင်းကြီးပိုင်းက ဆီးနိတ်အမတ် ဝက်ဘ်၏ အလည်အပတ် လာရောက်ခြင်းကို အောင်မြင်မှုအဖြစ် "ခရီးရှည်ကြီး၏ ပထမခြေလှမ်း" ဟူသော ခေါင်းစဉ် ဖြင့် သြဘာပေး ရေးသားခဲ့သည်။ မြန်မာနိုင်ငံ၏  နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းရေးနှင့် နှစ်နိုင်ငံအကြား ကွဲလွဲမှုများ လျှော့ပါးရေး သဘောထားကြောင့် ဆီးနိတ်အမတ် ဝက်ဘ်နှင့် ထက်ထက်သန်သန် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဆောင်းပါးက ဖေါ်ပြခဲ့သည်။ ဆီးနိတ်အမတ်၏ အလည်အပတ်ခရီးသည် "နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးအတွက် ပထမဆုံးခြေလှမ်း မိုင်ပေါင်း (၁,ဝဝဝ) ခရီး၏ ပထမဆုံး ခြေလှမ်း" ဖြစ်သည်ဟု နိဂုံးချုပ် ရေးသား ထားသည်။

၆။ (S) လောလောဆယ် မြန်မာအစိုးရပိုင်း ပုဂ္ဂိုလ်များထဲမှာရော၊ သာမန်ပြည်သူများထဲမှာပါ အားလုံးနီးပါးက ဆီးနိတ်အမတ်၏ တွေ့ဆုံ ဆွေးနွေးမှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပို၍ အကောင်းဘက်သို့ ရှေ့ရှု လာမည်ဟု မျှော်လင့်နေကြသည်။ အလည်အပတ်ခရီး နောက်ပိုင်း အမျိုးသားနေ့ ဧည့်ခံပွဲ၌ သံတမန်အရာရှိများကို ဆုတောင်း ပေးသူများ ဝိုင်းဝိုင်းလည်နေခဲ့ကာ ဆက်ဆံရေးကောင်းမွန်လာရေးဆီ ရှေ့ရှုသော တိုးတက်မှုများအတွက် ကျေနပ်မိကြောင်း ဖေါ်ပြခဲ့ကြသည်။ ဤခရီးအကြောင်းသည် ရန်ကုန်တမြို့လုံး လက်ဖက်ရည်ဆိုင် စကား ဖြစ်လျက်ရှိကာ လူအတော်များများက နောင်ရေရှည်မှာ ဖြစ်လာနိုင်မည့် အလားအလာများကို တွက်ဆကြည့်နေကြ သည်။

၇။ XXXXXXXXXXXX

ကျွန်ုပ်တို့က ရှေ့တိုး၍ လက်ကမ်းခြင်း

------------
၈။ (S) ဗိုလ်ချုပ်များက သူတို့အဖို့ အရေးလည်းကြီး၊ ကျေအေးမှုလည်းရနိုင်သော ခြေလှမ်းကြီးတလှမ်းကို လှမ်းခဲ့ပြီ ဟု ယုံ ကြည်နေသည်မှာ သေချာပါသည်။ သန်းရွှေက အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဦးဆုံး အကြိမ် တွေ့ဆုံ ခဲ့သည်။ (စစ်အစိုးရသည် နိုင်ငံအချင်းချင်း ဝါစဉ်အလိုက် ဆက်ဆံနေသော လောကမှာ ပြစရာ တခုရလာခြင်းကို အသုံး ချနေသည်ဖြစ်ရာ ဤကိစ္စသည် အထူးကြီးကျယ်သော ကိစ္စကြီးတခုဖြစ်သည်။ တရုတ်ပြည်က (နအဖ) အဖွဲ့ဝင်များကို ၎င်းတို့ အမျိုးသားနေ့ အခမ်းအနား တက်စေခြင်း၊ ကျွန်ုပ်တို့က နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများကို လက်ခံ တွေ့ဆုံခြင်းတို့ကို ကြည့်ပါ)။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဒဏ်ခတ်ပိတ်ပင်မှုကို ရုပ်သိမ်းပေးပြီး နောက်ပိုင်း စစ် အစိုးရက ဆီးနိတ်အမတ် ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။ (မှတ်ချက်- ကျွန်ုပ်တို့သိရ သလောက် ဆီးနိတ်အမတ် ဝက်ဘ်က ခရီးမသွားမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်း မရှိ ချေ။ သို့ရာတွင် ဤသို့တောင်းဆိုလိမ့်မည်ဟု စစ်အစိုးရက ကြိုတွက်မိကာ ဝက်ဘ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ လိုခြင်း ရှိ- မရှိ မေးခဲ့သည်။ မှတ်ချက်-ဆုံး)။ ကျွန်ုပ်တို့က သိပ်အရေးမကြီးပါဟု အကြောင်းပြန်ခဲ့သည်။ သို့ရာတွင်အရေး ကြီးသည်ကတော့ အမှန်ပင်ဖြစ်သည်။ ချစ်ကြည်ရေး စိတ်ဓာတ်ကို ပြသောအားဖြင့် စစ်အစိုးရက အမေရိကန် အကျဉ်း သားတဦးကို ပြန်ပို့ပေးခဲ့သည်။

၉။ (S) ဗိုလ်ချုပ်ကြီးများက အမေရိကန်၏ တုံ့ပြန်မှုကို မျှော်လင့်နေပါလိမ့်မည်။ မကြာမီမှာ ပြန်ကြားပေးလိမ့်မည် ဟုလည်း မျှော်လင့်နေပုံရပါသည်။ လောလောဆယ် ကျွန်ုပ်တို့အနေနှင့် အမေရိကန်အစိုးရသည် CODEL ၏ ရလဒ်ပေါ်မှာ အခြေခံကာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှာ  အကြီးအကျယ်ပြောင်းလဲမှုများ လုပ်သင့်သည်ဟု မယုံကြည်ကြပါ။ သို့ရာတွင် တိုက်ရိုက် ဆက်သွယ်မှု လုပ်ရန် မြန်မာနိုင်ငံ၏ ကမ်းလှမ်းချက်ကို လက်ခံပေးရေးအတွက် စဉ်းစားသင့်ကြောင်းနှင့် အချိန် ကြာလာသည်နှင့်အမျှ မည်သို့ဖြစ်လာနိုင်ဖွယ်ရှိသည်ကို စဉ်းစားသင့်ကြောင်း ကျွန်ုပ်တို့ ယုံကြည်မိသည်ကား အမှန်ပင် ဖြစ်ပါသည်။ ဤအခြေအနေ၌ ဝါရှင်တန်အနေနှင့် ထည့်သွင်းစဉ်းစားရန် အောက်ပါ အကြံပြုချက်များကို ကျွန်ုပ်တို့ ဖေါ်ပြ အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးကို ၀ါရှင်တန်သို့ သွားခွင့်ပြုသင့်သည်။
-------------
၁ဝ။ (S) နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်းသည် (UNGA) အပြီး ဝါရှင်တန်ရှိ  မြန်မာသံရုံး မွမ်းမံ ပြင်ဆင်နေသည်ကို သွားကြည့်လိုကြောင်း ဖေါ်ပြပြောဆိုခဲ့ကြသည်။ ဤကိစ္စ သည် အမေရိကန်အစိုးရဖေါ်ပြသော အတုံ့အပြန် ချစ်ကြည်ရေး အရိပ်လက္ခဏာတရပ်အဖြစ် မြင်နေပုံရပါသည်။ နိုင်ငံခြား ရေး ဝန်ကြီးက အစိုးရပိုင်း ပုဂ္ဂိုလ်များ အချင်းချင်း တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုလိုကြောင်း အရိပ်လက္ခဏာများကို ကျွန်ုပ်တို့ မတွေ့ရပါ။ မကြာမီက ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက်၏ ဂယက်ရိုက်ခတ်မှုများနှင့် (၂ဝဝ၇) စက်တင်ဘာ နှစ်ပတ်လည် ဖြစ်ရပ်များ၏ အဓိပ္ပာယ်လေးနက်မှုကို ကျွန်ုပ်တို့ သိရှိပါသည်။ သို့ရာတွင် Post နေထိုင်မည့် ကာလ၊ သို့မဟုတ် ဆက်ဆံမှုတို့နှင့်ဆိုင်သော ကြိုတင်စည်းကမ်း ကန့်သတ်ချက်များ ချမှတ်သည့်တိုင် ဝါရှင်တန်သို့ သွား ရောက်လည်ပတ်ခွင့်ကို အကြီးအကျယ် ထောက်ခံခဲ့သည်။

ဦးသောင်းနှင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းများကို ရှာသင့်သည်။

---------
၁၁။ (S) ဦးသောင်းနှင့် ပွဲဦးထွက် တွေ့ဆုံရေးအစီအစဉ်ချမှတ်ရေး၊ သူ၏ အခန်းကဏ္ဍ၊ သူ၏ အခွင့်အာဏာတို့ကို စုံစမ်း လေ့လာရေး၊ ထိပ်တန်းဗိုလ်ချုပ်များနှင့် သူ တွေ့ဆုံနိုင်မည့်အဆင့်တို့ကို သိရှိရေးအတွက် မကြာမီမှာ သူနှင့်တွေ့ဆုံ ဆွေးနွေး မည့် နည်းလမ်းများ ရှာသင့်ပါသည်။ သူ့ကို ယာယီတာဝန်ခံ (Charge) အဆင့်မှာ ထားလျက် ဝါရှင်တန်အခြေစိုက် အစိုးရပိုင်းပုဂ္ဂိုလ်တဦး နှင့် (DAS အဆင့်မှာ ဖြစ်ကောင်းဖြစ်မည်) တတိယနိုင်ငံ တနိုင်ငံမှာ ပွဲဦးထွက် တွေ့ဆုံပြီးနောက် သင့်တော်သော အဆင့်တဆင့်သို့ တက်လှမ်းသင့်သည်။ ဦးသောင်းကို ပြောကြားရာ၌ ဝန်ကြီးချုပ်တင်ပြသော မြောက်ကိုရီးယားပြဿနာ၊ စစ်သုံ့ပန်းနှင့် စစ်အတွင်း ပျောက်ဆုံးသူများ (POW/ MIA) ရုပ်ကြွင်းများ ရှာဖွေရေး ကဲ့သို့ ကိစ္စများ၌ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်စလုံး အနိုင်-အနိုင်ဟု ယူဆရသော ကိစ္စများ ရှာဖွေဖော်ထုတ်ရေး အပါအဝင် ပြဿနာများကို ဖူးခက် (Phuket) ဆွေးနွေးပွဲများမှာ ဆွေးနွေးပြီး နောက် ဒေါ်အောင်ဆန်းစုကြည်၏ အဆင့်နေရာ သတ်မှတ်ရေးတွင် အမေရိကန်၏ ထောက်ခံမှုကို ထပ်လောင်း ပြော ကြားသင့်သည်။

စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်စေရေး တိုက်တွန်းသင့်သည်။
-----------------
၁၂။ (S) ဒေါ်အောင်ဆန်းစုကြည်မှာ ယခင်ထက်ပို၍ ရှင်းရှင်းလင်းလင်း မြင်ထားပုံမရချေ။ သူ၏ ထိပ်တန်းဦးစားပေး လုပ်ငန်း သည် ကြိုတင် စည်းကမ်း သတ်မှတ်ချက် မပါဘဲ စစ်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်ရန်ဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ ခိုင်မာပြတ်သားမှုလည်းရှိ ပျော့ပြောင်းမှုလည်းရှိသော ရပ်တည်ချက်ကိုလည်း ကောင်း၊ ဒဏ်ခတ်မှုများ (ရည်ညွှန်းချက် ဃ) အပါအဝင် ကိစ္စရပ်များတွင် စစ်အစိုးရနှင့် ဘုံရပ်တည်ချက် ပူးပေါင်းရှာလို သော ဆန္ဒကိုလည်းကောင်း အလေးထား ဖော်ပြခဲ့သည်။ -------။ ကျွန်ုပ်တို့က ဤအချက်များနှင့်ပတ်သက်၍ အကြံပြုစာ တစောင်ကို အောင်ကြည်ထံ ယာယီတာဝန်ခံမှနေ၍ ပေးပို့ခဲ့သည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့် ညှိနှိုင်းကာ သူ၏ ရပ် တည်ချက်ကို ကမ္ဘာက ရှင်းရှင်းလင်းလင်း သိစေရန်နှင့် သူသည် တင်းမာပြီး အလျှော့ပေးခြင်း မရှိဟူသော စစ်အစိုးရ၏ အာဘော်ကိုလည်း ချေဖျက်ရန် သူ့ပြောစကား အချို့ကို အများသိအောင် ထုတ်ဖော်ပေးသင့်သည်။ အပြင်မှ မြန်မာနိုင်ငံ လာရောက်သူများ တိုင်းပြည်အခြေအနေကို မျှမျှတတ မြင်တတ်အောင် ကြိုးစားနေသရွေ့ ထိုသူတို့ အလည်အပတ်လာသည်ကို သူက ထောက်ခံအားပေးကြောင်း၊ စစ်အစိုးရနှင့် တွေ့ဆုံသည်ကိုပင် ထောက်ခံအားပေးကြောင်းကိုလည်း အများသိအောင် ဆောင်ရွက်ပေးသင့်ပါသည်။

အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခြင်း
---------------
၁၃။ (S) ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ချုပ်ကာလသည် ဥပဒေအရဆိုလျှင် သိပ်မကျန်တော့ချေ။ သို့ရာတွင် လက်တွေ့မှာ မည်သို့ ဖြစ်လာမည် မသေချာချေ။ ကျွန်ုပ်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို (အခြားသော နိုင်ငံရေးအကျဉ်းသား များနှင့်အတူ) လွှတ်ပေးရန် တလျှောက်လုံး တောင်းဆိုလာခဲ့ရာ လောလောဆယ်မှာ သူ့ကို သူ့ပါတီဝင်များ၊ အပြင်မှ အလည်အပတ်လာရောက်သူများနှင့် တွေ့ဆုံခွင့်ပေးရန်လည်း စစ်အစိုးရကို တိုက်တွန်းသင့်ပါသည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့်တွေ့ဆုံသော အခါများ၌ သူသည် သူ့ လွတ်မြောက်ရေးကိစ္စကို ပြောဆိုခဲ့ဖူးခြင်း မရှိချေ။ သို့ရာတွင် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီ ရပ်တည်ချက်အကြောင်း ဆွေးနွေးမှုများ အပါအဝင် NLD နှင့် ဆွေးနွေးမှုများ လုပ်ရန်လိုအပ်ကြောင်း အလေးထားပြောခဲ့သည်။ သူ့အရိပ်အကဲကို ကြည့်ကာ သူ့ကို ဧည်သည့်များ နှင့် ပုံမှန်ဆိုသလို အနှောင့်အယှက်ကင်းစွာ တွေ့ခွင့်ပေးရန် စစ်အစိုးရကို တိုက်တွန်းသင့်ပါသည်။ တကယ်တမ်း စစ်အစိုးရဘက်က သူ့ကို အိမ်ချုပ်ချထားရာ၌ သတ်မှတ်ထားသော ချုပ်ချယ်မှုများကို လျှော့ပေးပြီး သူနှင့် အဓိပ္ပာယ်ရှိ သော ဆွေးနွေးပွဲလုပ်မည်ဆိုလျှင် ကျွန်ုပ်တို့ဘက်က မည်သို့ တုံ့ပြန်သင့်သည်ကိုလည်း စဉ်းစားသင့်ပါသည်။ အလုပ် အမှုဆောင် အဖွဲ့ဝင်များကပင်လျှင် ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ် ကျနေစဉ်မှာ စစ်အစိုးရနှင့် ဆွေးနွေးပွဲဖြစ်မြောက်ပြီး တိုးတက်မှုများ ရလာနိုင်ဖွယ်ရှိသည် ဆိုနေကြသည်။

၁၄။ (S) ဆီးနိတ်အမတ်ဝက်ဘ်၏ အလည်အပတ်ခရီးအပြီး နောက်ဆက်တွဲအနေနှင့် သံရုံးအဆင့်က ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးစားကာ NLD နှင့် စစ်အစိုးရတို့ ကြိတ်ဝိုင်း ဆွေးနွေးပွဲကို တိုးတက်လာအောင် အမေရိကန် ဘက်က အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းကို စုံစမ်းမေးမြန်းသင့်ပါသည်။ အကယ်၍ ကျွန်ုပ်တို့ ကြိုးပမ်း မှု အောင်မြင်ပါက ဝါရှင်တန်အခြေစိုက် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို သွားရောက်တွေ့ဆုံရန် ဖြစ်နိုင်ပါလိမ့်မည်။ Post ဆီသို့ ပုံမှန်သွား ရောက်နေကျအတိုင်း သွားရင်းလည်း တွေ့ဆုံနိုင်မည် ဖြစ်ပါသည်။ အခြားသံတမန်အဖွဲ့များကလည်း ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းရန် စဉ်းစားကာ ကျွန်ုပ်တို့နှင့် ညှိနှိုင်းလျက် ရှိပါသည်။

ကျွန်ုပ်တို့ လက်တွေ့ ကျရမည်၊ ဆွေးနွေးပွဲ ဆက်လုပ်နေရမည်။
--------------------
၁၅။ (S) ဆီးနိတ်အမတ် ဝက်ဘ်နှင့် တွေ့ဆုံဆွေးနွေးမှု တလျှောက်လုံးမှာ အောင်ဆန်းစုကြည်က "ကျမတို့မှာ ရည်မှန်းချက်တွေ အတိအကျ ရှိပါတယ်။ လိုအင်ဆန္ဒတွေလဲ အတိအကျရှိပါတယ်။ ဒါပေမဲ့ ကျမတို့က လက်တွေ့လုပ်သူတွေ ဖြစ်ပါတယ်။ ကျမတို့ ဖြေရှင်းနည်းတခုကို လိုချင်ပါတယ်" ဟု သူ၏ လက်တွေ့လုပ်လိုသော စိတ်ဓာတ်ကို အလေးထား ပြောကြားခဲ့သည်။ စစ်အစိုးရနှင့် ကြိုတင် စည်းကမ်းသတ်မှတ်ချက် မပါဘဲ ဆွေးနွေးလိုသည် ဟုလည်း သူက အလေးထား ပြောကြားခဲ့ပါသည်။ ၂ဝဝ၇ အတွင်းက အောင်ကြည်ကို "ဆွေးနွေးပွဲကို ရပ်မပစ်ပါဘူးလို့ သဘောတူထားကြရအောင်၊ ဆွေးနွေးရာမှာတော့ တဆင့်ပြီး တဆင့် ဆွေးနွေးသွားကြပါစို့" ဟု ပြောခဲ့ကြောင်း ဆီးနိတ် အမတ်ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့သည်။ ကျွန်ုပ်တို့၏ အမြင်အရဆိုလျှင် အမေရိကန် အစိုးရအနေ နှင့် ပြဿနာများကို တဆင့်ပြီးတဆင့် ရှင်းသွားရင်း ဆွေးနွေးပွဲများဆက်လုပ်သွားကာ ဤရည်မှန်းချက် ပေါက်မြောက် အောင် ကြိုးပမ်းသွားသင့်ပါသည်။ စစ်အစိုးရ၏ ယခုကမ်းလှမ်းချက်များကို တုံ့ပြန်ခြင်းဖြင့် ဤလုပ်ငန်းကို စနိုင်မည်ဟု ကျွန်ုပ်တို့ မြင်ပါသည်။

Wednesday, December 29, 2010

ဒဏ်ခတ်ပိတ်ဆို့မှုကို စစ်အစိုးရဝေဖန်ဟု အမေရိကန် ကြေးနန်းပြော

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၈ မိနစ်

Reference ID Created Released Classification Origin
09RANGOON536 2009-08-17 11:11 2010-12-12 21:09 SECRET Embassy Rangoon





VZCZCXRO4173
OO RUEHCHI RUEHDT RUEHHM RUEHNH RUEHTRO
DE RUEHGO #0536/01 2291149
ZNY SSSSS ZZH
O 171149Z AUG 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9360
INFO RHEHNSC/NSC WASHDC IMMEDIATE
RUCNASE/ASEAN MEMBER COLLECTIVE
RUEHGG/UN SECURITY COUNCIL COLLECTIVE
RUEHBY/AMEMBASSY CANBERRA 2233
RUEHNE/AMEMBASSY NEW DELHI 5697
RUEHUL/AMEMBASSY SEOUL 9299
RUEHKO/AMEMBASSY TOKYO 6880
RUEHCHI/AMCONSUL CHIANG MAI 2291
RHHMUNA/CDR USPACOM HONOLULU HI
RUCNDT/USMISSION USUN NEW YORK 2671
RUEKJCS/SECDEF WASHDC
RUEKJCS/JOINT STAFF WASHDC
S E C R E T SECTION 01 OF 04 RANGOON 000536

SENSITIVE
SIPDIS

DEPT FOR EAP/MLS, DRL, AND IO
PACOM FOR FPA

E.O. 12958: DECL: 08/16/2019
TAGS: PGOV PREL PHUM BM
SUBJECT: BURMA: SENATOR WEBB'S MEETING WITH PRIME MINISTER THEIN SEIN
RANGOON 00000536 001.2 OF 004
Classified By: P/E Chief Jennifer Harhigh for Reasons 1.4 (b) & (d)

အကြောင်းအရာ။     ။ အထက်လွှတ်တော်အမတ် ဝက်ဘ် နှင့် ဝန်ကြီးချုပ်သိန်းစိန်တို့ တွေ့ဆုံဆွေးနွေးမှု
လျှို့ဝှက် မှတ်တမ်းဖြည့်သွင်းသူ။     ။ နိုင်ငံရေး-စီးပွားရေး ဌာန အကြီးအကဲ ဂျင်နီဖာ ဟားဟိုက် (Jennifer Harhigh) အကြောင်းပြချက် 1.4 (b) & (d)

အကျဉ်းချုပ်
-------

၁။ (S) သြဂုတ်လ ၁၄ ရက် ဝန်ကြီးချုပ် သိန်းစိန်နှင့် တနာရီကြာ အစည်းအဝေးအတွင်း ဆီနိတ်တာ ဝက်ဘ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် မေတ္တာရပ်ခံခဲ့ပြီး ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံ ရပ်တည်ချက်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အပြုသဘော သက်ရောက်စေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ် ပေးရန်ပါ တောင်းဆိုခဲ့သည်။ ထိန်းသိမ်းခံထားရသည့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကိုလည်း ပြန်လွှတ်ပေး၍ နေရပ်ရင်းသို့ ပြန်ခွင့်ပြုရန် ဆီနိတ်တာက တောင်းဆိုခဲ့သည်။ စစ်အစိုးရ၏ လက်သုံးစကားအတိုင်း ဝန်ကြီးချုပ်က ပြစ်ဒဏ် ခတ်ပိတ်ဆို့မှုများက စီးပွားရေးကို အထိနာစေပြီး ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အနှောက်အယှက် ဖြစ်စေကြောင်း နှင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်သော လုပ်ငန်းစဉ်တခု ဖြစ်ရစေမည်ဟု ကတိပြုကာ စစ်အစိုးရ၏ လမ်းပြမြေပုံကိုသာ ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ကို လိုလားကြောင်း၊ ဝါရှင်တန်နှင့် တိုက်ရိုက်ဆက်သွယ်မှုကိုလည်း လိုလားကြောင်း ဝန်ကြီးချုပ်က တိတိကျကျ ပြောဆို ခဲ့သည်။ မြန်မာအစိုးရနှင့် တိုက်ရိုက်ဆက်သွယ်စရာလူအဖြစ် ယခင်အမေရိကန် သံအမတ်ဟောင်း ယခုသိပ္ပံနှင့် နည်း ပညာဝန်ကြီး ဦးသောင်းကို တာဝန်ခံအဖြစ် ခန့်ထားကြောင်း စစ်အစိုးရက ပြောဆိုခဲ့သည်။ အစည်း အဝေး အနေအထားသည် အပြုသဘောဆောင်၍ နွေးထွေးမှုရှိသည်။ အကယ်၍ ကိစ္စအချို့ကို ဖြေရှင်းပြီးပါက နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်၍ အကျိုးဖြစ်ထွန်းလာမည်ဟု ဆီနိတ်တာ ဝက်ဘ်နှင့် ဝန်ကြီးချုပ်သိန်းစိန်တို့က ဖော်ပြပြောဆို ခဲ့ကြသည်။ (အကျဉ်းချုပ်ပြီး)

အစည်းအဝေးတက်ရောက်သူများ
-------------
၂။ (S) သြဂုတ်လ ၁၄ ရက် မြန်မာနိုင်ငံ နေပြည်တော်ရှိ အစိုးရဧည့်ဂေဟာတွင် ပြုလုပ်သော Codel Webb နှင့် ဝန်ကြီးချုပ်သိန်းစိန်၊ အခြားအစိုးရဝန်ကြီးများ တွေ့ဆုံသော အစည်းအဝေးတက်ရောက်သူများမှာ

ဆီနိတ်တာ ဂျင်ဝက်ဘ်
အထက်လွှတ်တော် အကြီးတန်း ဝန်ထမ်း မာသာ မက်လီလန်ရို့စ်
သံရုံးယာယီတာဝန်ခံ လယ်ရီဒင်းဂါး
DATT ဗိုလ်မှူးကြီး ဘရီ စလုန်း
နိုင်ငံရေး၊ စီးပွားရေး အရာရှိချုပ် ဂျင်နီဖာ ဟာဟိုက်

မြန်မာနိုင်ငံမှ
ဗိုလ်ချုပ်ကြီးသိန်းစိန်-ဝန်ကြီးချုပ်
ဦးသောင်း - သိပံ္ပနှင့် နည်းပညာဝန်ကြီး
ဦးဉာဏ်ဝင်း - နိုင်ငံခြားရေး ဝန်ကြီး
ဗိုလ်မှူးချုပ်ကျော်ဆန်း - ပြန်ကြားရေးဝန်ကြီး
ဗိုလ်မှူးချုပ် ခင်အောင်မြင့် - ယဉ်ကျေးမှုဝန်ကြီး
ဗိုလ်မှူးကြီး သူရိန်ဇော်- အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး
ဗိုလ်မှူးကြီး သန့်ရှင်း-  ဝန်ကြီးချုပ်ရုံး အရာရှိချုပ်
ဦးကျော်ကျော် - ညွှန်ကြားရေးမှူးချုပ်၊ စီမံခန့်ခွဲရေးဌာန (Protocol Department)၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ဦးရဲလွင် (မှတ်တမ်းလိုက်သူ)

အလည်အပတ် ခရီးစဉ်.. နိုင်ငံတော် အကြီးအကဲနှင့် တွေ့ဆုံခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာနိုင်သည်။
--------------------------------------------- -----------
၃။ (S) ဝန်ကြီးချုပ် သိန်းစိန်က သူ့အနေနှင့် ဆီနိတ်တာ၏ အောင်မြင်မှုများအပေါ် အလွန် ဂုဏ်ယူပါကြောင်း ပြောဆိုကာ ဆီနိတ်တာဝက်ဘ်ကို နွေးထွေးစွာ နှုတ်ခွန်းဆက်ခဲ့သည်။ ဆီနိတ်တာ၏ ခရီးစဉ်ကို အလွန်အရေးကြီးသော ခရီးစဉ် အဖြစ် မြန်မာအစိုးရက မြင်ပါကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခြင်းမှ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေမည်ဟု မှတ်ယူပါကြောင်း ၎င်းက ပြောဆိုခဲ့သည်။ အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ အကြား မတူညီမှုများ ရှိသော်လည်း မှန်ကန်သော အခြေအနေများအောက်တွင် ရှေ့ဆက်လျှောက်နိုင်မည့် လမ်းသစ်တခု ရှိနိုင်ကြောင်း ဆီနိတ်တာဝက်ဘ်က ပြန်လည်ပြောကြားခဲ့သည်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ ဖြစ်လာ လိမ့်မည်ဟုလည်း သူ မျှော်လင့်ကြောင်းပြောဆိုသည်။

ရှေ့တလှမ်းတိုး၍ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေ ခြင်းအပေါ် ဆီနိတ်တာဝက်ဘ်က မြန်မာအစိုးရကို ချီးကျူးခဲ့သည်။ ရွေးကောက်ပွဲဥပဒေများ အကောင်အထည်ဖေါ်ခြင်း သည် ပြင်ပကမ္ဘာအတွက် အရေးကြီးသောလက္ခဏာတရပ်ဖြစ်သည်။ ၎င်းလုပ်ငန်းနယ်ပယ်များတွင် တိုးတက်မှု၊ အခြား ကိစ္စရပ်များတွင် အဖြေရှာမှုများနှင့်အတူ တွေ့ဆုံဆွေးနွေးမှု အသစ်တခု ဖေါ်ဆောင်နိုင်လာလိမ့်မည်။ မြန်မာနိုင်ငံ သည် စိန်ခေါ်ချက်များကို ရင်ဆိုင်နေရကြောင်း နှင့် တိုင်းရင်းသားများစွာရှိသော မြန်မာနိုင်ငံ၏ တည်ငြိမ်မှုသည် ရှုပ်ထွေး နက်နဲသော ကိစ္စဟု သူနားလည်ကြောင်း ဆီနိတ်တာက ပြောဆိုခဲ့သည်။ ဆီနိတ်တာက သူသည် မြန်မာနိုင်ငံအပေါ် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုအတွက် ချဉ်းကပ်မှုအသစ်တခု လိုအပ်သည်ဟု  ပြောဆိုရေးသားခဲ့ကြောင်းနှင့် လွန်ခဲ့သော လများအတွင်းဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များကြောင့် အမေရိကန်၏ ဒဏ်ခတ် ပိတ်ဆို့ရေး မူဝါဒကို ပြောင်းလဲရန် ခက်ခဲသွားကြောင်းလည်း ပြောဆိုခဲ့သည်။

ဆီနိတ်တာက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် မေတ္တာရပ်ခံခြင်း၊ သူ့ကိုဖမ်းဆီးထားမှုအပေါ် မေးမြန်းခြင်း
--------------------------------------------- ---------
၎။ (C)  အမေရိကန်နိုင်ငံအတွက် အရေးကြီးသော လက္ခဏာတခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ကိုတွေ့ဆုံ ခွင့်ပေးရန် ဆီနိတ်တာဝက်ဘ်က ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့သည်။ မည်သည့်အတွက်ကြောင့် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဆက်ထားရန် လိုသနည်းဟု ဆီနိတ်တာက ဝန်ကြီးချုပ်ကို မေးခွန်း ထုတ်ခဲ့ပြီး မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ဆံမှုအပေါ်မူတည်၍ ကမ္ဘာ့နိုင်ငံများစုက မြန်မာအစိုးရ အပေါ် သဘောထား ချမှတ်ကြသည်ဟုလည်း သူက ဖြည့်စွက် ပြောဆိုခဲ့သည်။

၅။ (C) ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော တရားခွင် ပြီးဆုံးသွားပြီးဖြစ်ကြောင်း စီရင်ချက်ကိုလည်း ဥပဒေနှင့် အညီ ချမှတ်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေကိစ္စသည် ပြည်တွင်း ရေးသက်သက်သာ ဖြစ်သည်။ သူ့ကို အနိမ့်ဆုံးပြစ်ဒဏ် ၃ နှစ်သာ ချမှတ်ထားသည်။ (နအဖ) က ယင်းပြစ်ဒဏ်ကို လျှော့ချပေးထားပြီး သူ့အနေဖြင့် နေအိမ်တွင် ကျန်ရှိသော ၁၈ လကို ကျခံရမည်ဖြစ်သည်။ အကယ်၍ ချမှတ်ထားသည့် စည်းမျဉ်းကိုလိုက်နာပါက ပြစ်ဒဏ်ကို နောက်ထပ် လျှော့ချပေးမည်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ ဇူလိုင်ခရီးစဉ်အတွင်း  ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးခဲ့သည်မှာ သူလာစဉ်က တရားခွင် အပြီးမသတ်သေးသောကြောင့် ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။ ယခုအချိန်တွင် အခြေအနေ မတူတော့သောကြောင့် မြန်မာအစိုးရက ဆီနိတ်တာ၏ မေတ္တာ ရပ်ခံချက်ကို လိုက်လျောခွင့်ပြုခဲ့သည်။ ဝက်ဘ်က သူ့အနေနှင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ လမ်းသစ်တခု ရှာဖွေရန် စိတ် ဝင်စားကြောင်းနှင့် အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနှင့် ကင်းဝေးစွာ ထားပါက ရွေးကောက်ပွဲကို "ပွင့်လင်းသော" ရွေးကောက်ပွဲအဖြစ် ကမ္ဘာမှ လက်ခံရန်ခက်ခဲသည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

ထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသားကို ပြန်ပို့ရန် အားထုတ်ခြင်း

-----------------------------------

၆။ (C) ချစ်ကြည်ရေးလုပ်ရပ်အနေနှင့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို ပြန်လွှတ်ပေးရန် နှင့် နေရပ်ရင်း ပြန်ပို့ရန် ဆီနိတ်တာ ဝက်ဘ်က တောင်းဆိုခဲ့သည်။ ယက်တော၏ လုပ်ရပ်အပေါ် သူ့အနေနှင့် မကာကွယ်ကြောင်း၊ သို့သော် ၎င်းအမေရိကန်နိုင်ငံသား၏ ဆိုးဝါးနေသော ကျန်းမာရေးကို အလေးအနက် ပြုပေးရန် ဆီနိတ်တာက ပြောဆိုခဲ့သည်။ ယက်တောသည် ၎င်းကျူးလွန်ခဲ့သော ပြစ်မှုအတိုင်း အပြစ်ပေးခံထားရသည်ဟု ဝန်ကြီးချုပ်က ပြန်လည် ဖြေကြားခဲ့သည်။ ယင်းကဲ့သို့ပြစ်မှုများကို အစိုးရ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ကိုင်ကြောင်း၊ သို့သော် အစိုးရအနေဖြင့် မေတ္တာရပ်ခံချက်အပေါ် သေချာစွာ စဉ်းစားပေးမည်ဟု ဝန်ကြီးချုပ်က ကတိပြုခဲ့သည်။

မြန်မာအစိုးရက ပိုမိုကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေးရရှိရန် အားထုတ်ခြင်း
--------------------------------------
၇။ (C) နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို လွတ်လပ်ရေးမရခင် ၁၉၄၇ မှပင် စတင်တည်ဆောက်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ ဒုတိယသမ္မတ နစ်ဆင်သည် ၁၉၅၈ တွင် လာလည်ခဲ့ပြီး ၁၉၈၅ တွင် နောက်တကြိမ် လာခဲ့သည်။ ၁၉၆၆ တွင် ဗိုလ်ချုပ်ကြီးနေဝင်း  ဝါရှင်တန်သို့ တရားဝင်သွားရောက်လည်ပတ်ခဲ့သည်။ ဆီနိတ်တာများဖြစ်သော မက္ကိန်း နှင့် ကယ်ရီတို့လည်း လာရောက် လည်ပတ်ခဲ့ဖူးသည်။ မြန်မာနိုင်ငံသည် ၁၉၈၈ မတိုင်ခင်က အမေရိကန်နိုင်ငံထံမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး၊ ဘိန်းတိုက်ဖျက်ရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် လူသားအရင်းအမြစ်အကူအညီများ ရရှိခဲ့သည်။ နာဂစ်မုန်တိုင်းတိုက်အပြီး  အမေရိကန်နိုင်ငံက အရေးပေါ် အကူအညီများ ရက်ရက်ရောရော ထောက်ပံ့ပေးခဲ့သည့် အတွက် မြန်မာနိုင်ငံက ကျေးဇူးတင်ရပါသည်။ မြန်မာအစိုးရသည် ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ရစ်ခဲ့သော အမေရိကန် ရုပ်ကြွင်းများကို ကြိုးစားရှာဖွေ၍ ပြန်လည်ပို့ဆောင်ပေးနေသည်။

၈။ (S) မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေခြင်းကို ယုံကြည်ကြောင်း အပြုသဘော ဆက်ဆံရေး ရရှိရန်အတွက် အားထုတ်ကြောင်း နှင့် နိုင်ငံအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးရရှိရန်လည်း အားထုတ်ကြိုးပမ်းနေကြောင်း သိန်းစိန်က ပြောဆိုခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ယခင်အမေရိကန်ဆိုင်ရာ သံအမတ်ဟောင်း၊ ယခု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း (အစည်းအဝေးပါဝင်သူ) ကို ဝါရှင်တန်နှင့် ဆက်ဆံရေးတာဝန်ခံအဖြစ် ရွေးချယ်ထား ကြောင်း သူက ဆက်လက်ပြောဆိုသည်။ အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ယခင်က ဆက်ဆံရေးအလွန် ကောင်း မွန်သော နိုင်ငံနှစ်ခု ဖြစ်ခဲ့ကြောင်း၊ မြန်မာအစိုးရသည် တိုက်ရိုက်ဆက်သွယ်မှုနှင့် တွေ့ဆုံဆွေးနွေးမှုကို လိုလားကြောင်း ဝန်ကြီးချုပ်က ထုတ်ဖေါ်ပြောဆိုခဲ့သည်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အထူးကိုယ်စားလှယ် ဂန်ဘာရီတို့၏ အား ထုတ်မှုများသည် တိုက်ရိုက် ဆက်သွယ်မှုမဟုတ်ကြောင်း "အမေရိကန်အစိုးရသို့ ကျေးဇူးပြု၍ပြောပေးပါ" မြန်မာအစိုးရက အမေရိကန် အစိုးရနှင့် တိုက်ရိုက်ဆံဆက်ဆံရေးကိုသာ လိုလားကြောင်း ဝန်ကြီးချုပ်က ဆီနိတ်တာဝက်ဘ်ကို အကြံပြု ခဲ့သည်။ (မှတ်ချက်။ သီးခြားတွေ့ဆုံမှုတွင် နိုင်ငံခြားရေးရုံး စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်က ဦးသောင်းသည် ဝါရှင်တန်နှင့် တိုက်ရိုက် စကားပြောဆိုရေးအတွက် အဆင်သင့် ရှိနေကြောင်း သံရုံးယာယီတာဝန်ခံကို ပြောဆိုခဲ့သည်။ မှတ်ချက်ပြီး) မြို့တော်နှစ်ခုလုံးတွင် နှစ်နိုင်ငံလုံးက သံအမတ်အဆင့်ကိုယ်စားလှယ်များ တိုးမြှင့်ထားရန် ဝန်ကြီးချုပ်က အကြံပြုတင်ပြ ထားသည်။

တည်ငြိမ်ရေး၊ လုံခြုံရေးအပေါ် စစ်အစိုးရအမြင်
------------------------------------------
၉။ (C) ဝန်ကြီးချုပ်က စကား အခြေအတင် ငြင်းခုံပြောဆိုခြင်းကို ရှောင်ရှားသည်။ သို့သော် စစ်အစိုးရ၏ သုံးနေကျ စကား များအတိုင်း မြန်မာနိုင်ငံ၏ မတူကွဲပြားသော တိုင်းရင်းသားနောက်ခံနှင့် တည်ငြိမ်မှုနှင့် လုံခြုံရေးအတွက် လိုအပ်ချက်များ ကိုသာ ထပ်ခါထပ်ခါ ပြောဆိုခဲ့သည်။ စစ်အစိုးရသည် ပြည်သူလူထုကို ဒီမိုကရေစီကျင့်စဉ်များနှင့် ပတ်သက်၍ ပညာပေး နေပြီး ပြဿနာများကိုလည်း အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းပေးနေသည်ဟု ဆိုသည်။ အစိုးရအနေဖြင့် လူတဦး (ဝါ) အဖွဲ့တဖွဲ့တည်း အပေါ်သာ အာရုံစိုက်၍မရဘဲ အားလုံးပါဝင်လာအောင် ဆောင်ရွက်ရမည်။ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ စသဖြင့် အရာအားလုံးသည် ချိတ်ဆက်နေသည်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု မြန်မာနိုင်ငံတွင် ရှိရမည်ဟု ဝန်ကြီးချုပ်က အလေးအနက်ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်က ရင်းနှီးမြုပ်နှံမှုများလာရောက်ရန် တောင်းဆိုခြင်း၊ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုကို ဝေဖန်ခြင်း
---------------------------------------------
၁ဝ။ (C) စီးပွားရေးနှင့် ပတ်သက်၍ ကမ္ဘာအဝှမ်း ဘဏ္ဍာရေးအကျပ်အတည်းနှင့် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများက မြန်မာ့ စီးပွားရေးအပေါ် သက်ရောက်မှုရှိကြောင်း ဝန်ကြီးချုပ်က မှတ်ချက်ချပြောဆိုခဲ့သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံတိုင်းပြည်တခု ဖြစ်၍ လူထုကို ကျွေးမွေးရန် ဆန်စပါး အလုံအလောက် ထုတ်လုပ်ကာ ပိုသည့် ကုန်ပမာဏကို နိုင်ငံခြားသို့ တင်ပို့သည်။ သို့သော် အစားအစာ လုံခြုံမှုသာမက မြန်မာနိုင်ငံသည် စက်မှု ဖွံ့ဖြိုးမှုရှိရန် လိုအပ်သည်။ တိုင်းပြည်တွင် သံယဇာတများ ရှိကြောင်း သို့သော် ပြင်ပရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာ အကူအညီလိုအပ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ အနောက်နိုင်ငံ၏ ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများသည် ဆင်းရဲမွဲတေမှုကို ပိုဖြစ်စေကြောင်း ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဟန့်အတား ဖြစ်စေသည့်အပြင် အနောက်နိုင်ငံများအပေါ် အမုန်းပွားမှုကိုသာ ဖြစ်ပေါ်စေသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံရေးအရတည်ငြိမ်မှုနှင့် ဒီမိုကရေစီသို့ ဦးတည်စေသည်ဟု ဆိုသည်။

ရွေးကောက်ပွဲသည် လွတ်လပ်သော၊ တရားမျှတသော၊ အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်မည်။
---------------------------------------
၁၁။ (C) အီရတ်နှင့် အာဖဂန်တိုင်းပြည်များကပေးသော သင်ခန်းစာဖြစ်သည့် " ဒီမိုကရေစီကို အလျင် အမြန် မဖေါ်ဆောင်နှင့်" သင်ခန်းစာကို မြန်မာနိုင်ငံက လေ့လာထားပြီးဖြစ်ကြောင်းပြောဆိုကာ စစ်အစိုးရ၏ "ဒီမိုကရေစီ လမ်းပြမြေပုံ"ကို ဝန်ကြီးချုပ်က ရှင်းပြခဲ့သည်။ အခြေခံဥပဒေကို လူထု ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက လက်ခံအတည်ပြု ထားပြီး ဖြစ်သည်။ ၂ဝ၁ဝ တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်သော၊ တရားမျှတသော၊ အားလုံးပါဝင်နိုင် သော ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဝန်ကြီးချုပ်က အကြောက်အကန် ပြောဆိုခဲ့သည်။ နိုင်ငံရေးပါတီဥပဒေနှင့် ရွေးကောက် ပွဲဥပဒေများ မကြာခင် ထွက်လာလိမ့်မည်။ "သတ်မှတ်ချက်နှင့်လျော်ညီသော" ပါတီများအားလုံး ဝင်ရောက်ယှဉ်ပြိုင်ကြ မည် ဖြစ်သည်။ ဝန်ကြီးချုပ်က ဆီနိတ်တာဝက်ဘ်အား နောက်တခါ ပြန်လာလည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပြီး သမ္မတကြီး အိုဘားမားထံသို့လည်း ဆုမွန်ကောင်း တောင်းလိုက်ကြောင်း ပြောဆိုခဲ့သည်။

ဆီနိတ်တာဝက်ဘ်။ အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံတွဲဖက်အလုပ်လုပ်ကိုင်နိုင်သည်။
--------------------------------------------- --
၁၂။ (C) အိုဘားမားအစိုးရသည် မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ပြန်လည်သုံးသပ်နေကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီး ဆီနိတ်တာ ကလင်တန်၊ အိုဘားမားနှင့် မြန်မာ့အရေးနှင့် ပတ်သက်၍ သူ ဆွေးနွေးမှုများစွာ လုပ်ခဲ့ကြောင်း ဆီနိတ်တာဝက်ဘ်က တုံ့ပြန်ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံသို့ သူ ယခုလာရောက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံမှုကို မတူညီသော လမ်းကြောင်းပေါ်သို့ ကူညီ ပြောင်းလဲပေးရန် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အချို့ကိစ္စရပ်များကို ဖြေရှင်းပြီးသည်နှင့် အမေရိကန်နှင့် မြန်မာနိုင်ငံသည် မိတ်ဆွေပြန်ဖြစ်ရမည့် အခြေအနေများရှိပြီးသားဖြစ်သည်။ နှစ်နိုင်ငံစလုံးသည် အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ပြီး တိုင်းရင်းသားများစွာရှိသည်။ မတူကွဲပြားမှုသည် စိန်ခေါ်ချက်တခုဖြစ်သလို ခွန်အားတခုလည်း ဖြစ်သည်။ ၁၉၄၇ ကတည်းကစ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေကို သူသိရှိကြောင်း တရုတ်နိုင်ငံဘက်က နှစ်ကြာရှည်စွာ ရှုပ်ထွေးမှုများ ရှိခဲ့သည်ကိုလည်း သူသိရှိသည်ဟု ဆီနိတ်တာက ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် အတူတကွ တွဲဖက်လုပ်ကိုင်ကြောင်းနှင့် အမေရိကန်အနေဖြင့်လည်း ဒေသအတွင်း ချိန်ခွင်လျှာကို ထိန်းပေးနိုင်ကြောင်း ဆိုသည်။

၁၃။ (C)  တိုင်းပြည်တပြည်သည် ဒီမိုကရေစီထွန်းကားစေရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုလိုသည်ဆိုသော ဝန်ကြီးချုပ်၏ ဆိုလိုရင်းကို ဆီနိတ်တာက အသိအမှတ်ပြုလက်ခံခဲ့သည်။ သူ့အနေဖြင့် အစိုးရနှင့် အမေရိကန်အခြေစိုက် ဗီယက်နမ်များ အကြား ပေါင်းကူးတံတားအဖြစ် သူထမ်းဆောင်ပေးခဲ့ရသည်များကို ဆီနိတ်တာက ရည်ညွန်း ပြောဆိုခဲ့သည်။ သူ့၏ ၂ဝ၁ဝ အလွတ်သဘော မြန်မာခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံနှစ်ခုကို နှိုင်းယှဉ်လေ့လာခဲ့သည်။ ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် သူနှင့်နီးစပ်သော မိတ်ဆွေတဦးသည် မြန်မာနိုင်ငံမှ သူ့စီးပွားရေးကို ပိတ်ခဲ့ရပြီး ဝန်ထမ်းများလည်း အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသည်ဟု ဆီနိတ်တာက ပြောဆိုခဲ့သည်။ အကယ်၍ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်ခဲ့ပါက မြန်မာနိုင်ငံသားများသည် ထိုထက်ကောင်းမွန်သော ဘဝများကို ပိုင်ဆိုင်ခွင့် ရနိုင်သည်။ အမေရိကန်အစိုးရ၏ ယုံကြည် ထောက်ခံမှုများရနိုင်သော အကြောင်းအရာများကို မြန်မာအစိုးရက ဖြေရှင်းဆောင်ရွက်သင့်သည်ဟု ဆီနိတ်တာက ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က ဆီိနိတ်တာ၏ ခရီးစဉ်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် "ခင်ဗျား အခုတင်ပြတဲ့အချက်တွေကို ကျနော်တို့ဘက်က စဉ်းစားပါမည်" ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုယ်ရေးအချက်အလက်မှတ်စု
---------------
၁၄။ (C) ဦးသောင်းသည် လက်ရှိတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ၁၉၉၁ မှ ၁၉၉၆ အထိ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ထမ်းဆောင်ခဲ့ပြီး ကနေဒါဆိုင်ရာ သံအမတ်အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အလုပ်သမားဝန်ကြီးနှင့် စက်မှု - ၁ ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ သတ္တုတူးဖော်ရေး၊ စက်မှုလုပ်ငန်းနှင့် ပတ်သက်သော အစိုးရတာဝန်များစွာကို ထမ်းဆောင်ဖူးသည်။ သူသည် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့်အတူ စစ်တက္ကသိုလ် တပတ်စဉ်တည်း အတူတူ ဆင်းခဲ့သည်ဟု ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ  စိတ်ဓာတ်စစ်ဆင်ရေးဌာနတွင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့သည်ဟု ယုံကြည်ရသည်။ လေ့လာ အကဲခတ်သူအများစုက ၎င်းသည် ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးစလုံးနှင့် နီးစပ်သော အတွင်းလူ တယောက်ဟု ဆိုသည်။

၁၅။ (SBU) Codel Webb က ယင်းသတင်းအချက်နှင့် ပတ်သက်၍ ရှင်းလင်းပေးရန် ငြင်းဆန်ခဲ့သည်။

VAJDA
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger