skip to main | skip to sidebar

Thursday, September 30, 2010

ပဲခူး ရယကရုံး ပေါက်ကွဲမှု

ခိုင်စု
နယူးဒေလီ (မဇ္ဈိမ)။ ။ ပဲခူးမြို့သစ် ၈ ရက်ကွက် ရယကရုံးတွင် မနေ့ည ၉ နာရီ မိနစ် ၄၀ က ဗုံးပေါက်ကွဲကြောင်း မြို့ခံများက ပြောသည်။



ရယကရုံး ဥက္ကဋ္ဌ အခန်းရှိ ဗီရို နောက်ဘက်မှ ပေါက်ကွဲပြီး အုတ်နံရံ ပွင့်ထွက်ကာ ဗီရိုနှင့် ကုလားထိုင်များ ကျိုးပဲ့သွားသည်ဟု ဒေသခံတဦးက ပြောသည်။

“ညက ကားဘီးပေါက်သံ လိုမျိုး ကြားတယ်။ ကားဘီးပေါက်တယ်ပဲ ထင်တာ၊ မနက်လင်းတော့မှ ဗုံးပေါက်တယ် ကြားတာပဲ”ဟု ၈ ရပ်ကွက် အနီး ၇ ရပ်ကွက်နေ ဒေသခံ တဦးက ပြောသည်။

ပဲခူးစစ်မှုထမ်းဟောင်းအဖွဲ့ကလည်း ပေါက်ကွဲမှု ဖြစ်ကြောင်း အတည်ပြုသည်။ သို့သော် အသေးစိတ်မသိရှိဟု ဆိုသည်။

အခြား ပဲခူး မြို့ခံများကလည်း ပေါက်ကွဲမှု ဖြစ်သည်မှာ မှန်ကန်ကြောင်း အသေအပျောက် မရှိကြောင်း မဇ္ဈိမကို ပြောဆိုကြသည်။ ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ်၃ ရဲစခန်းနှင့် မယကရုံးကို ဆက်သွယ်ခဲ့သော်လည်း စုံစမ်းမရခဲ့ပါ။
နောက်ထပ်ပေါက်ကွဲမှုများ ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း အမျိုးသမီးတဦးက ပြောသည်။

“ ဒီလိုမျိုး ကိုယ်နဲ့ အနီးတ၀ိုက်မှာ ဖြစ်နေတော့ ကြောက်တာပေါ့နော်။ ခုဆို ကျမ ရုပ်ရှင်ရုံမှာ ရုပ်ရှင် ကြည့်ဖို့တောင် ကြောက်လာပြီ” ဟု သူကဆိုသည်။
 
 
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger