skip to main | skip to sidebar

Tuesday, May 22, 2012

မဇ္ဈိမ ၂၀၁၂ ခုနှစ် မေလ ဓါတ်ပုံများ


လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် လျှပ်စစ်မီးရရှိရေး ဖရောင်းတိုင်ထွန်း ဆန္ဒပြသူများကို ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး၌
မေလ ၂၂ ရက်နေ့ ညပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ-ရဲမင်း၊ မဇ္ဈိမ) လျှပ်စစ်မီးရရှိရေးအတွက် မြန်မာပြည်အလယ်ပိုင်း မန္တလေးနှင့် မုံရွာမြို့ကြီးများတွင် ဖရောင်းတိုင်ထွန်း ဆန္ဒပြမှုများဖြစ်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင်ပါ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် လျှပ်စစ်မီးရရှိရေး ဖရောင်းတိုင်ထွန်း ဆန္ဒပြသူများကို ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး၌
မေလ ၂၂ ရက်နေ့ ညပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ-ရဲမင်း၊ မဇ္ဈိမ) လျှပ်စစ်မီးရရှိရေးအတွက် မြန်မာပြည်အလယ်ပိုင်း မန္တလေးနှင့် မုံရွာမြို့ကြီးများတွင် ဖရောင်းတိုင်ထွန်း ဆန္ဒပြမှုများဖြစ်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင်ပါ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် လျှပ်စစ်မီးရရှိရေး ဖရောင်းတိုင်ထွန်း ဆန္ဒပြသူများကို ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး၌
မေလ ၂၂ ရက်နေ့ ညပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ-ရဲမင်း၊ မဇ္ဈိမ) လျှပ်စစ်မီးရရှိရေးအတွက် မြန်မာပြည်အလယ်ပိုင်း မန္တလေးနှင့် မုံရွာမြို့ကြီးများတွင် ဖရောင်းတိုင်ထွန်း ဆန္ဒပြမှုများဖြစ်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင်ပါ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် လျှပ်စစ်မီးရရှိရေး ဖရောင်းတိုင်ထွန်း ဆန္ဒပြသူများကို ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး၌
မေလ ၂၂ ရက်နေ့ ညပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ-ရဲမင်း၊ မဇ္ဈိမ) လျှပ်စစ်မီးရရှိရေးအတွက် မြန်မာပြည်အလယ်ပိုင်း မန္တလေးနှင့် မုံရွာမြို့ကြီးများတွင် ဖရောင်းတိုင်ထွန်း ဆန္ဒပြမှုများဖြစ်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင်ပါ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် လျှပ်စစ်မီးရရှိရေး ဖရောင်းတိုင်ထွန်း ဆန္ဒပြသူများကို ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး၌
မေလ ၂၂ ရက်နေ့ ညပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ-ရဲမင်း၊ မဇ္ဈိမ) လျှပ်စစ်မီးရရှိရေးအတွက် မြန်မာပြည်အလယ်ပိုင်း မန္တလေးနှင့် မုံရွာမြို့ကြီးများတွင် ဖရောင်းတိုင်ထွန်း ဆန္ဒပြမှုများဖြစ်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင်ပါ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် လျှပ်စစ်မီးရရှိရေး ဖရောင်းတိုင်ထွန်း ဆန္ဒပြနေသူတစ်ဦးကို ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး၌ မေလ ၂၂ ရက်နေ့ညပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) လျှပ်စစ်မီးရရှိရေးအတွက်
မြန်မာပြည်အလယ်ပိုင်း မန္တလေးနှင့် မုံရွာမြို့ကြီးများတွင် ဖရောင်းတိုင်ထွန်းဆန္ဒပြမှုများဖြစ်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင်ပါ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် လျှပ်စစ်မီးရရှိရေး ဖရောင်းတိုင်ထွန်း ဆန္ဒပြနေသူတစ်ဦးကို ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး၌ မေလ ၂၂ ရက်နေ့ညပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) လျှပ်စစ်မီးရရှိရေးအတွက်
မြန်မာပြည်အလယ်ပိုင်း မန္တလေးနှင့် မုံရွာမြို့ကြီးများတွင် ဖရောင်းတိုင်ထွန်းဆန္ဒပြမှုများဖြစ်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင်ပါ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

ဖရောင်းတိုင်ထွန်း ဆန္ဒပြမည့် သတင်းကြောင့် ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့တွင် လာရောက်နေရာယူထားသည့် လုံထိန်းကားများကို မေလ ၂၂ ရက်နေ့ညပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) လျှပ်စစ်မီးပုံမှန်ရရှိရေး အတွက် ဖရောင်တိုင်ထွန်းဆန္ဒပြမှုတွင် လူပေါင်း ၂၀၀ ခန့် ပါဝင်ခဲ့ပြီး အေးဆေးစွာ ပြီးဆုံးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်းစိန်မြို့နယ် ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့ ရောက်ရှိလာသည့်
ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) အင်းစိန်မြို့နယ်တွင် ဖွင့်လှစ်လိုက်သည့် အဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲသို့ ပရိသတ်ဦးရေ ၁၅၀၀ ခန့် လာရောက်အားပေးခဲ့သည်။

အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦးကို အင်းစိန်မြို့နယ် ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေခိုက် မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက "တပ်မတော်သားဟောင်းတဦးဖြစ်၍ တပ်မတော်ကို ချစ်ကြောင်း၊ သို့သော် ယင်းတပ်မတော်ပါ ပါဝင်နေသည့် လူထုကို ပိုမိုချစ်ကြောင်း" မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

အင်းစိန်မြို့နယ် ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့ လာရောက်သူများကို မိန့်ခွန်းပြောကြားနေသည့်
ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲနိုင်သည့် လူဦးရေ ရာခိုင်နှုန်း အလွန်နည်းပါးနေသည် (၀.၀၂ ရာခိုင်နှုန်း) ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုခဲ့ပြီး အင်တာနက် မသုံးနိုင်ပါက စာဖတ်သင့်ကြောင်း၊ "အမေစုကို ချစ်တယ်" ဟု အော်ခြင်းထက် စာဖတ်ခြင်းက သာ၍ ကောင်းကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားထောင်နေသည့် ကလေးငယ်များကို အင်းစိန် အဖွဲ့ချုပ်ရုံးအနီး မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) သစ်ပင်ပေါ်မှ ကလေးငယ်သုံးဦးကို ဆေးလိပ်မသောက်ရန်
ဒေါ်အောင်ဆန်းစုကြည်က မှာကြားပြီး ဆေးလိပ်သောက်ခြင်းသည် အကျိုးမရှိပဲ အဆိုးသာဖြစ်၍ သောက်သုံးခြင်း မပြုသင့်ကြောင်း ပရိသတ်များကို  တိုက်တွန်းသွားခဲ့သည်။

"အခြေခံဥပဒေတွင် ပြုပြင်စရာများရှိသည် ဆိုခြင်းကို ထောက်ခံကြောင်း" ပရိသတ်တဦးက ရေးပေးသည့် စာကိုကိုင်ကာ အင်းစိန်မြို့နယ် ဒေသခံများအား မိန့်ခွန်းပြောဆိုနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ညနေပိုင်းက
တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) တိုင်းပြည်တွင် ပြည်သူလူထုသာ အားအကြီးဆုံးဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒသည် အရေးကြီးကြောင်း အင်းစိန်မြို့နယ်ရုံးသစ်ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

အန်အယ်လ်ဒီ အင်းစိန်မြို့နယ် ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားအပြီး ပြန်လည်ထွက်ခွာသည့်
ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်နေသည့် ပြည်သူများနှင့်အတူ မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)


နေပြည်တော် ရုံးအမှတ် ၂၀ (လွှတ်တော်ရုံး)တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် စာရင်းသွင်းခြင်းဆိုင်ရာ ရုံးလုပ်ငန်းများ ဆောင်ရွက်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များကို မေလ ၁ ရက် ၂၀၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) မေလ ၂ ရက် လွှတ်တော်တွင် တက်ရောက်ကျမ်းကျိန်ရန်
ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် လာရောက်မည်ဟု သိရပြီး ကျန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များအားလုံး နေပြည်တော်သို့ မေလ ၁ ရက် နံနက်ပိုင်းတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။

နေပြည်တော် ရုံးအမှတ် ၂၀ (လွှတ်တော်ရုံး)တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် စာရင်းသွင်းခြင်းဆိုင်ရာ ရုံးလုပ်ငန်းများဆောင်ရွက်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များကို မေလ ၁ ရက် ၂၀၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) လွှတ်တော်တွင် တက်ရောက်ကျမ်းကျိန်ရန်
ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် လာရောက်မည်ဟု သိရပြီး ကျန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များအားလုံး နေပြည်တော်သို့ မေလ ၁ ရက် နံနက်ပိုင်းတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် သတ်မှတ်ပေးထားသည့် ထိုင်ခုံနေရာအား ဧပြီလ ၃၀ ရက် ၂၀၁၂ ခုနှစ် တတိယမြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး နောက်ဆုံးရက်က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် သတ်မှတ်ပေးထားသည့် ထိုင်ခုံနေရာကို ဓါတ်ပုံရိုက်နေကြသည့် ဓါတ်ပုံသတင်းထောက်များကို ဧပြီလ ၃၀ ရက် ၂၀၁၂ ခုနှစ် တတိယ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့က
တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များသည် မေလ ၂ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တက္ကသိုလ်ရိပ်သာလမ်း
နေအိမ်တွင် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲအပြီး လက်ဆွဲနှုတ်ဆက်နေကြသည်ကို မေလ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တက္ကသိုလ်ရိပ်သာလမ်း
နေအိမ်တွင် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို မလ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တက္ကသိုလ်ရိပ်သာလမ်း
နေအိမ်တွင် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို မလ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲအပြီး လက်ဆွဲနှုတ်ဆက်နေကြသည်ကို မေလ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့ မေလ ၁ ရက်နေ့ နံနက် ၁၀း၃၅ တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့ မေလ ၁ ရက်နေ့ နံနက် ၁၀း၃၅ တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့ မေလ ၁ ရက်နေ့ နံနက် ၁၀း၃၅ တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

မြန်မာအလုပ်သမားသမဂ္ဂ ဘုရားသုံးဆူတွင် ဖွဲ့စည်း

ကွန်းချမ်း | အင်္ဂါနေ့၊ မေလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၃ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံသား အလုပ်သမားများကဲ့သို့ တန်းတူ အခွင့်အရေး ရရှိရေး စသည့် ရည်ရွယ်ချက် များဖြင့် ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် အင်္ဂါနေ့က အထည်အလိပ်နှင့် သားရေအလုပ်သမား သမဂ္ဂကို ဖွဲ့စည်းလိုက်ပြီး၊ ယခုလအတွင်း မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း သမဂ္ဂ ဥက္ကဋ္ဌ ထံမှ သိရသည်။

လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီ၏ အကူအညီဖြင့် ဘုရားသုံးဆူမြို့ ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းက ဖွဲ့စည်းလိုက်သည့် သမဂ္ဂတွင် လုပ်အားနှင့် လုပ်အားခ မျှတစွာ ရရှိရေး၊ အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိပါက ထိုက်သင့်သည့် နစ်နာကြေး ရရှိရေး၊ အလုပ်သမားများ၏ ဘဝမြှင့်တင်ရေး စသည့် ရည်ရွယ်ချက်များလည်း ပါဝင်သည်။

သမဂ္ဂတွင် ဘုရားသုံးဆူမြို့ တဖက်ခြမ်း ထိုင်းပိုင်နက် စေတီစမ်အွန်း၌ အလုပ်လုပ်နေကြသည့် မြန်မာ အလုပ်သမား ၃၀ ဦး ပါဝင်ပြီး၊ မြန်မာဘက်ခြမ်းမှ နံနက် ညနေ အလုပ်တက်ဆင်းကြသူများ ဖြစ်သည်။

“ထိုင်းအလုပ်သမားနဲ့ မြန်မာအလုပ်သမား တန်းတူအခွင့်အရေး မရှိဘူး၊ ကျနော်တို့မှာ နေမကောင်းလို့ ခွင့်တိုင်တာ လည်း ကြည်ကြည်ဖြူဖြူနဲ့ ခွင့်မပေးဘူး၊ လုပ်အားခ ဆိုလို့ရှိရင်လည်း ထိုင်းနဲ့ ကျနော်တို့နဲ့ မတူဘူး၊ ဒါတွေကို ဖြေရှင်းနိုင်ဖို့ ကျနော်တို့ ဒီသမဂ္ဂကို ဖွဲ့ရတာ ဖြစ်တယ်” ဟု သမဂ္ဂ ဥက္ကဋ္ဌ ကိုဝေဖြိုးက ပြောသည်။

၎င်း၏ အဆိုရ ထိုင်းအလုပ်သမား တဦးလျှင် တရက်လုပ်အားခ အနည်းဆုံး ထိုင်းဘတ်ငွေ ၂၀၀ ကျော် ရရှိပြီး၊ မြန်မာအလုပ်သမားများမှာ ၉ဝ ဘတ်သာ ရရှိသည်။

“ကျနော်တို့ဟာ မြန်မာပိုင်ထဲမှာ သမဂ္ဂကို ဖွင့်ထားတဲ့အတွက် ထိုင်းဘက်ခြမ်းကို သွားပြီးတော့ ဝင်စွက်ဖက်လို့တော့ မရဘူး။ ဒါပေမဲ့ မှတ်ပုံတင်ကျမယ် ဆိုရင်တော့ ထိုင်းအလုပ်သမား သမဂ္ဂနဲ့ ချိတ်ပြီး တန်းတူအခွင့်အရေး ရအောင် လုပ်သွားမယ်” ဟု ကိုဝေဖြိုးက ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက
မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ထိုင်းနိုင်ငံတွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် မရှိသော်လည်း အလုပ်သမားတိုင်းအတွက် တန်းတူအခွင့်အရေး ရှိကြောင်း၊ ပြည်နယ်အလိုက် အနိမ့်ဆုံး လုပ်အားခကို အစိုးရက သတ်မှတ်ပေးထားကြောင်း ပြောသည်။

လွန်ခဲ့သည့် ဇူလိုင်လက လုပ်အားခ တရက် ၁၅ ဘတ် တိုးပေးရန်နှင့် တနေ့ အလုပ်ချိန် ၉ နာရီမှ ၈ နာရီသို့ ပြောင်းလဲ သတ်မှတ်ပေးရန်အတွက် စေတီစမ်အွန်းရှိ PTK Basani ဖိနပ်ချုပ် အလုပ်ရုံမှ မြန်မာအလုပ်သမား ၄၀၀ ကျော် နှစ်ကြိမ်တိုင် ဆန္ဒပြ တောင်းဆိုခဲ့ပြီး နောက်တွင် ထိုင်းအလုပ်ရှင်များက အနိမ့်ဆုံး ၇၀ ဘတ်မှ အမြင့်ဆုံး ၁၁၅ ဘတ်သာ ရရှိသည့် အလုပ်သမားများကို ၈၅ ဘတ်မှ ၁၃ဝ ဘတ်ထိ တိုးပေးခဲ့ပြီး၊ အလုပ်ချိန်ကိုလည်း ၈ နာရီသို့ သတ်မှတ်ပေးခဲ့သည်။ သို့သော်လည်း မြန်မာ နှင့် ထိုင်း အလုပ်သမားများ၏ လုပ်အားခမှာ ကွာဟမှု ရှိနေသေးကြောင်း ကိုဝေဖြိုးက ပြောသည်။

စေတီစမ်အွန်းတွင် ဖိနပ်ချုပ်၊ အထည်ချုပ်နှင့် အခြားစက်ရုံများ၌ အလုပ်လုပ်သည့် မြန်မာ ၅၀၀၀ ကျော် ရှိပြီး၊ အလုပ်ရုံပေါင်း ၄၀ ကျော် ရှိသည်။

မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေ အာဏာတည်သည့် မတ်လ ၉ ရက်နေ့မှ စ၍ အဖွဲ့ဝင် ၃၀ ရှိပါက အလုပ်သမား သမဂ္ဂတခုကို တရားဝင် ဖွဲ့စည်းခွင့် ရရှိမည် ဖြစ်ပြီး၊ လက်ရှိတွင် မှတ်ပုံတင်ရန် လျှောက်ထားသည့် အလုပ်သမား အဖွဲ့အစည်း ၁၂ ခု ရှိပြီ ဖြစ်ကြောင်း သိရသည်။

ထွက်ပေါက်ပိတ်နေကြသူများ

(ဆောင်းပါး)

ဘစောတင် | အင်္ဂါနေ့၊ မေလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၂ မိနစ်

လူဆိုတာဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပါ။ ဘဝမှာ ဘာမျှော်လင့်ချက် ရည်မှန်းချက်မှ မရှိတဲ့ လူဆိုတာ ကတော့ ရှင်လျှက်နဲ့သေနေသူ ဒါမှမဟုတ် ရူးသွပ်နေသူသော်လည်းကောင်း
ဖြစ်ရမယ်။ မြန်မာပြည်က လူငယ် လူရွယ် လူလတ်ကအစ အရွယ်မရောက်သေးတဲ့ ကလေးတွေအပါအဝင် ရှမ်းပြည် (ထိုင်းနိုင်ငံ) ကို ဝင်ရောက် အလုပ်လုပ်နေ ကြတာ လူဦးရေ သန်းနဲ့ ချီပြီး ရှိနေပါတယ်။ ဘာကြောင့် ဒီလို လူတွေ ထွက်လာနေကြတာလဲ။ အဖြေကတော့ ကိုယ့်တိုင်းပြည်မှာ စီးပွါ့းရေး မပြေလည်လို့ ကျပ်တည်းဆင်းရဲလို့ စီးပွါးလာရှာကြတာ၊ ငွေလာရှာကြတာပါ လို့ တူညီတဲ့ အဖြေကို တညီတညွတ်တည်း ပေးတတ်ကြပါတယ်။ မွန်းကျပ်လွန်းတဲ့ ကိုယ်တွေအတွက် ဂယ်ပေါက်ကလေး တပေါက် များ ဖြစ်လေမလားလို့ အားကိုးတကြီး ထိုင်းနိုင်ငံကို လာခဲ့ကြတာပါ။ လာတယ်ဆိုတာလည်း လွယ်တယ်တော့ မထင်ပါနဲ့။ လယ်ပေါင် နွားရောင်းပြီး လာရတဲ့သူ ရှိသလို နှစ်ဆယ်တိုးနဲ့ ချေးပြီး လာသူလည်း ရှိပါတယ်။ ဒီရှမ်းပြည်ကို ရောက်လာပြီးနောက် ဘဝရဲ့ ထွက်ပေါက်ကို တကယ် ရှာဖွေ တွေ့သွားကြလေသလားဆိုတော့ အနည်းစုကတော့ အဆင်ပြေကြပါတယ်တဲ့။ အများစုကြီးကတော့ ထင်သာထင် မဝင်ဘူး ကျောင်းအမရဲ့ ဆိုသလိုပါဘဲ။ ပလိုင်းပေါက်နဲ့ ဖားကောက်ကြတာ များပါတယ်။ ဘာကြောင့်ပါလိမ့်။

မျောက်လွှဲကျော် လုပ်နေကြလို့

အလုပ်သမား အများစုကြီးဟာ အလုပ်တခုကို စိုက်လိုက်မတ်တတ် တနေရာတည်းမှာ ကြာကြာလုပ်လိုတဲ့ ဆန္ဒမရှိကြ ဘူး။ ဟိုနေရာမှာ လုပ်အားခပိုရတယ်။ ဒီမှာထက် ၁ဝ ဘတ်ပိုရတယ်။ ၁၅ ဘတ် ပိုရတယ်။ အစိတ်လောက်တောင် ရတယ် ကြားရင် အဲဒီနေရာကို အမြန်ဆုံး ပြောင်းလုပ်တတ်ကြတယ်။ ၁ဝ ဘတ်တော့ ပိုရပါရဲ့။ ဒါပေမဲ့ အလကား သွားလို့ရတာမှ မဟုတ်လား။ အဲဒီအလုပ်ကိုရဖို့ ပွဲစားခ ပေးရတယ်။ ဒါကို ဒီမှာခေါ်ကြတဲ့စကားလုံးက စမတ်ခပေးရတယ်တဲ့။ လိုက်ပို့တဲ့ ကယ်ရီကိုလည်း ပိုက်ဆံပေးရတယ်။ နေရာသစ်ရောက်ရင် အစစအရာရာ အကုန်လုံး အသစ် ပြန်ဝယ်ရတာချည်းပါဘဲ။ ဒီကြားထဲ ရက်ပေါင်ကြေးဆိုတာလည်း ပေးထားရသေးတယ်။ ရက်ပေါင်ကြေး ဆိုတာက အလုပ်စဝင်ပြီးနောက် ၁ဝရက်စာ ဖြစ်စေ  ၂ပတ်စာဖြစ်စေ လုပ်အားခကို အလုပ်ရှင်က ထုတ်မပေးဘဲ စဘော်သဘောမျိုး ယူထားတာကို ပြောတာ။ တနည်းအားဖြင့် အလုပ်သမားကို ချည်နှောင်ထားတဲ့ သဘောပေါ့။ လက်ရှိ လုပ်ခနဲ့ဆိုရင် တရက်ကို ၃ဝဝဘတ်။ ၁ဝ ရက် ဆို ဘတ် ၃ဝဝဝ စဘော်တင်ပြီး လုပ်ရတာမျိုးလည်း ရှိသေးတယ်။ ဒါက အလုပ်မျောက်လွှဲကျော် လုပ်ခြင်းရဲ့ ပထမဆုံး ရလာတဲ့ ရလဒ်ပေါ့။

နောက်တခုက အလုပ် ခဏခဏပြောင်းတော့ လုပ်ငန်း ကျွမ်းကျင်မှု မရှိတော့ဘူး။ အလုပ်မကျွမ်းကျင်သူဟာ အမြဲတမ်း အောက်ဆုံးအဆင့်က တက်မလာတော့ဘူး။ ဒါ့အပြင် ကိုယ်အားကိုးမှီခိုပြီး ဘဝတက်လမ်းကို လက်တွဲခေါ်ယူသွားနိုင်မဲ့ အလုပ်ရှင်နဲ့လည်း ရင်းနှီးစရာ အကြောင်းမရှိတော့ဘူး။ ကျနော်တို့ဆီမှာ စကားပုံက ရှိပြီးသားဘဲ။ ဘုရားတောင်မှ အမှီရှိမှ ပွင့်တော်မူရသတဲ့။ သူတပါးတိုင်းပြည်ကို လာရောက် အလုပ်လုပ်သူတွေအတွက် အမှီသဟဲ အရိပ်ကောင်း တခုကို မရခဲ့ရင် ရရစားစား ဝါးဝါးမျိုမျို ဘဝက ဘယ်တော့မှ လွတ်မြောက်မည် မဟုတ်ပါ။

ဖောက်ယူရမည့် ထွက်ပေါက်

ဘာလို့ ထွက်ပေါက်ကို မတွေ့တာလဲဆိုတော့ ထွက်ပေါက်ကို မသိလို့ဘဲလို့ ဆိုချင်ပါတယ်။ ´လူတချို့ဟာ အသိညဏ် မရှိလို့ သူတပါး ဘာခိုင်းမလဲဆိုတာကို ထိုင်စောင့်ရင်း အချိန်ကုန်တတ်ကြသတဲ့။ အချို့ကျပြန်တော့ အသိဥာဏ် ကလေး တော့ အထိုက်အလျောက် ရှိပါတယ်။ ဒါပေမဲ့ ငါ့မှာ အရင်းအနှီးမှ မရှိတာ။ ငါ့ကို ထောက်ပံ့မဲ့လူမှ မရှိတာဆိုပြီး အရင်းအ နှီး စိုက်ထုတ်ပေးမဲ့လူကို ထိုင်စောင့်ရင်း အချိန်ကုန်နေကြသတဲ့။ တကယ်တော့ အောင်မြင်မှု ကြီးပွါးမှုလမ်းစ ဆိုတာ ကိုယ်တိုင် ကြိုးစားရှာဖွေမှသာလျှင် ရတတ်တာမျိုးသာ ဖြစ်ပါတယ်။ အလိုအလျောက် မိုးပေါ်ကကျလာမဲ့ အခွင့်အရေးကို ထိုင်စောင့်နေလို့ကတော့ အရိုးသာဆွေးသွားမယ်။ လမ်းစကိုတော့ ဘယ်တော့မှရမှာ မဟုတ်ပါဘူး´။ လှောင်ပိတ်နေတဲ့ အရပ်က လွတ်ထွက်ဖို့ ထွက်ပေါက်ကို ဘယ်သူမှလာပြီး
ဖောက်ပေးလေ့မရှိပါဘူး။ ကိုယ်တိုင်ဘဲ ဖောက်ထွက်ကြရစမြဲပါ။

သင့်ဘဝအတွက် သင်ဘာပင် စိုက်ပျိုးထားပါသလဲ

ခရစ်ယန် သမ္မာကျမ်းစာမှာ လာတာကတော့ ´သင်စိုက်ပျိုးသည့်အတိုင်း သင်ရိတ်သိမ်းရမည်´တဲ့။ ဗုဒ္ဓဘာသာ အလိုအရ ကိုယ်လုပ်တဲ့ကံကို ကိုယ်တိုင် ခံစားစံစားရမည်ဆိုတာနဲ့ သဘောအတူတူ နေမှာပါ။ တနည်းအားဖြင့် ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖန်တီးမှ ရမယ်လို့ အနက်ပေးရင်လည်း ရမယ်ထင်ပါတယ်။ ဘဝမှာ ပေါ့ပေါ့နေ ပေါ့ပေါ့စားသူများအတွက်  ဘာတခုမှ ဖြစ်မလာတာ အံ့သြစရာမရှိပါဘူး။

ဒါပေမဲ့ သန်းနဲ့ချီတဲ့ လူငယ် လူရွယ် လူလတ်ပိုင်းတွေ မရောရာတဲ့အနာဂတ်တခုကို တရွေ့ရွေ့သွားနေကြရင်တော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အင်မတန် နစ်နာလွန်းလှပါတယ်။ တရုတ်စကားပုံကတော့ ပိုတောင်ရှင်းပါသေးတယ်။ ´ဖရဲပင်စိုက်ရင် ဖရဲသီးစားရမယ်။ ပဲပင် စိုက်ရင် ပဲသီးစားရမယ်´တဲ့။ ခင်ဗျား ဘာပင်စိုက်ထားသလဲ။ ဘာပင်မှမစိုက်ရင် ဘာသီးမှ စားရမှာမဟုတ်ဘူးနော်။ တိုင်းပြည်အခြေအနေရ ကျနော်တို့လူတွေ ကျွန်ပင်ကိုသာ စိုက်နေကြရတယ် ဆိုရင်တော့ တိုင်းပြည်လည်း ကျွန်တိုင်းပြည် ဖြစ်မှာမလွဲ။

တန်ရာတန်ဖိုး

သူများတွေ အဆင်ပြေပြေ နေနိုင်တာတွေ အောင်မြင်နေတာတွေကိုကြည့်ပြီး တဒင်္ဂလေး အားကျတတ်တာကတော့ ကျနော်တို့ နိုင်ငံသားတွေရဲ့ အကျင့်တခုပါ။ အားကျတာ ပိုက်ဆံပေးရတာမှမဟုတ်တာ။ ဒီလိုဘဲ တွေးကြတယ်။ ဒီလူတွေ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာကြတာလဲ ထိပ်တန်းကိုရောက်လာကြတာလဲ ဆိုတာကို လေ့လာပြီး ငါလည်း သူတို့လို လိုက်လုပ်ရင် ဘာလို့မဖြစ်ရမှာလဲဆိုတဲ့ ဇွဲနဲ့ယှဉ်တဲ့ အတုယူအားကျစိတ်ထိတော့ ရောက်မလာတတ်ကြဘူး။

လောကမှာ ဘယ်အရာမှ အလကားမရဘူး။ လောကကြိုးဝိုင်းမှာ ဒိုင်လူကြီးက မျက်နှာသာပေးတယ်ဆိုတာ မရှိဘူး။ များများအောင်မြင်ချင်လေ အရင်းအနှီး တန်ရာတန်ဖိုး ကြီးကြီးပေးရလေဘဲ။ ပေးဆပ်လိုက်ရတာ
တွေ။ စွန့်လွှတ်လိုက်ရ တာတွေအပြင် မထင်မှတ်ဘဲ ရှုံးနိမ့်လိုက်ရတာမျိုးလည်း ရင်ဆိုင်ကြုံတွေ့ရမှာဘဲ။
သေချာတာကတော့ မလုပ်ရဲဘဲ မစွန့်စားရဲဘဲ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ အောင်ပန်းဆိုတာ ကြိုးစားရဲသူတွေအတွက်သာ ဖြစ်ပါတယ်။

အလုပ်အပေါ် သစ္စာရှိရမယ်

ကိုယ်လုပ်နေတဲ့ အလုပ်ကို သစ္စာရှိတာ တန်ဖိုးထားပြီး လုပ်ဆောင်နေတာဟာ ကိုယ့်ကိုယ်ကို
လေးစားနေတာဘဲ ဖြစ်ပါတယ်။ စဉ်းစားကြည့်ပါ။ လောကမှာ ကိုယ့်ကိုယ်ကိုယ်တောင်မှ
လေးစားမှုမရှိတဲ့သူကို ဘယ်သူကများလာပြီး လေးစားတော့မှာလဲ။

အများက လေးစားတယ်ဆိုတာ နာမည်ကောင်းရှိတဲ့သူကို ဆိုလိုတယ် မဟုတ်လား။ နာမည်ကောင်း ရှိတဲ့သူတွေဟာ မိမိကိုယ်ကို လေးစားတတ်ကြတယ်။ ကိုယ့်အလုပ်ကို သစ္စာရှိတတ်ကြတယ်။ ကိုယ့်လုပ်ငန်းကို ဖြောင့်မတ် တည်ကြည် စွာ သစ္စာရှိရှိ ကတိတည်တည် လုပ်တတ်တဲ့ သူတွေဟာ ရေရှည်တည်တံ့တဲ့ နာမည်ကောင်းတခုကို ရတတ်စမြဲပါ။

ဒါကြောင့် အောင်မြင်တဲ့ အရာတခု တနည်းအားဖြင့် လူတလုံးသူတလုံး ဖြစ်ရန်အတွက် အချိန်ကာလ လုံလုံ လောက်လောက် ပေးကြရပါတယ်။ မျာသောအားဖြင့် အနည်းဆုံး ၃ နှစ်ကနေ ၅ နှစ်အထိ မိမိတည်ဆောက်မဲ့ ဘဝရဲ့ ဖောင်ဒေးရှင်း အုတ်မြစ်ကိုခိုင်အောင် လုပ်ကြရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားများရဲ့ ပကတိ အနေအထားများ

ဒီကနေ့ ရွှေ့ပြောင်းအလုပ်သမားများရဲ့ ဖြစ်အင်က ပင်ပန်းပေမဲ့ ဘာမှအရာမထင်ရတဲ့ အကြောင်းရင်းတွေကလည်း ရှိပါတယ်။ သူတို့ ပိုက်ဆံထုတ်ရတာက တလကို ၂ခါ ထုတ်ရပါတယ်။ တကြိမ်ထုတ်တာကို `တဝိ´လို့ပြောကြတယ်။ ဝိထွက်တိုင်း သူတို့ခမျာမှာ ပိုက်ဆံကပ်တယ် မရှိပါဘူး။ စားထား သောက်ထားတဲ့ အကြွေး နေထိုင်စရိတ် လူမှုရေး ဘာသာရေး စရိတ်ရယ်။ ပြီးတော့ ဒီမှာ ဘာဖြစ်နေ ဖြစ်နေ လကုန်ရင် မြန်မာပြည်ကို ငွေပို့ရမဲ့ တာဝန်ကြီးက ရှိနေပါ တယ်။ လာစရိတ်အကြွေးအတွက်လည်း ဖြစ်နိုင်တယ်။ ကျန်ခဲ့တဲ့ မိဘလား မောင်နှမလား သားသမီးလား စတာတွေ အတွက် မပို့မဖြစ် ပို့ကြရတာလည်း ဖြစ်နိုင်တယ်။ လေလွင့်နေတဲ့သူ တချို့က လွဲရင် အားလုံးနီးပါးဟာ ဒီတာဝန်ကို လစဉ် ထမ်းရွက်ကြရပါတယ်။

ဒီမှာ အလုပ်လုပ်နေကြရတဲ့ လူတွေ ဘယ်လိုပိုက်ဆံရှာရတယ်ဆိုတာကို ရွာကလူတွေက သိကြတာမဟုတ်ဘူး။ “ဟဲလို” ဆိုလိုက်ရင် ပိုက်ဆံရပြီဆိုပြီး ပိုက်ဆံထွက်မဲ့ရက်ရောက် ရှမ်းပြည်ကို ဟဲလိုနေကြတာလည်း အများကြီးပါ ဘဲ။ ပြည်တွင်းကလူတွေ တသိန်းကို တပုံးဆိုတဲ့ ဝေါဟာရအသစ်နဲ့ ဆယ်ပုံး ပုံး နှစ်ဆယ် စသည်ဖြင့် ဆယ်စကား ရာစကားကို ခပ်လွယ်လွယ် ပြောနေကြပေမဲ့ ထိုင်းမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေမှာတော့ သောင်းစကားကိုတော့ မပြောနိုင်ကြပါဘူး။

ဒီလိုအနေအထားထဲက ကိုယ်ဘဝအတွက် တဆင့်တက်ရန် ထွက်ပေါက်ရှာဖို့ဆိုတာလည်း အလွန်ခက်ခဲတဲ့ ကိစ္စတခု ဆိုတာ ငြင်းချက်ထုတ်မရပါဘူး။ ဒီမှာက လက်လှုပ်မှ ပါးစပ်လှုပ်ရမဲ့ဘဝ။ အလုပ်မလုပ်ရင် ချက်ချင်း စားဝတ် နေရေး ခက်ခဲသွားမှာ အမှန်ဧကန်။ သိုးဆောင်းစကားပုံဖြစ်တဲ့ ´အလုပ်မရှိ ပေါင်မုန့် (ထမင်း) မရှိ´ ဆိုတဲ့ အတိုင်းပါဘဲ။ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်ချက်ပါဘဲ။ အဲဒီ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ရဲတဲ့သူဟာ ကိုယ်ဖောက်ထွက်ရမဲ့ ထွက်ပေါက်ကို ရှာဖွေတွေ့ရှိ သွားတတ်ကြောင်း ဒီကနေ့ ထိုင်းနိုင်ငံအတွင်း သူများထက် ခေါင်းတလုံးပိုမြင့်နေသူတွေ နှာတဖျားသာနေ သူတွေက သက်သေခံနေပါတယ်။

အနိမ့်ဆုံး ထိုင်းဘာသာစကား စာပေလောက်ကို တတ်မြောက်အောင် ကြိုးစားလိုက်ရုံနဲ့ သူများထက် တပန်းသာသွား တာ ကို အားလုံးအသိပါ။ ထိုင်းစာတတ်ရင် ကွန်ပြူတာကို လွယ်လွယ်လေး သင်ယူလို့ရပါတယ်။ မြန်မာစာ တတ်လို့က ကွန်ပြူတာ သင်လို့ အဆင်မေပြေသေးဘူး မဟုတ်လား။ အင်္ဂလိပ်စာတတ်မှ ကွန်ပြုတာ သင်ရမလို ဖြစ်နေတဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေ အတွက် ထိုင်းစာ ထိုင်းစကားကို ကြိုးစားသင်ယူပြီး ထွက်ပေါက်လမ်းစကို လှမ်းမျှော်ကြည့်စေ ချင်ပါတယ်။ ဒါပေမဲ့ တွေ့ရသလောက်တော့ အလုပ်သမားအများစုဟာ သင်ယူလေ့လာလိုခြင်း ဘက်ကို အားသန်တာ မတွေ့ရပါဘူး။ အတော့်ကို နည်းပါးလွန်းတဲ့ ရာခိုင်နှုန်းကတော့ သင်ယူလေ့လာကြတာကို
တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရ အဆို ၂ သန်း အလုပ်သမား အဖွဲ့အစည်းများ ခန့်မှန်းချက် ၄ သန်းဝန်းကျင်နဲ့ ဆိုတဲ့စာရင်းထဲက ထောင်ဂဏန်းလောက်သာ ရှိမယ်ထင်ပါတယ်။

အောင်မြင်မှုရဲ့ ခလုတ်ကန်သင်း

အောင်မြင်လိုသူတိုင်းဟာ ´မ´ကို ရှောင်ရပါမယ်။ ´မ´ဆိုလို့ မိခင်မျိုးနွယ်ဖြစ်တဲ့ အမျိုးသမီးကို ဆိုလိုတာမဟုတ်ဘူး။ ဆင်ခြေဆင်လက် ကန်တတ်တဲ့အကျင့်ဆိုးကို ပြောတာပါ။ ဖြစ်မှဖြစ်ပါ့မလား။ မဖြစ်နိုင်ဘူးထင်တယ်။ ငါ့မှာ ဘာမှ မပြည့်စုံဘူး စသည်ဖြင့် Negative View က ကြည့်တဲ့ အတွေး အမြင် အပြော အလုပ်ကို လုံးဝဖယ်ရှားထားရမယ်။ ဒါတွေဟာ အောင်မြင် ကြီးပွါးမှုရဲ့ အဓိက ခလုတ်ကန်သင်း ဖြစ်လို့ပါဘဲ။

အောင်မြင်မှုရဲ့ သော့ချက်များ

ကိုယ်လုပ်တဲ့ အလုပ်ကို အပြုသဘော အမြဲတွေးရမယ်။ အပျက်ဘက်က တွေးကို မတွေးရဘူး။ အခက်အခဲကြုံရင် ရဲရဲဝံ့ဝံ့ ကျော်လွှားဖို့ စိတ်ဓါတ်ခွန်အား ကြံ့ခိုင် သန်မာနေရမယ်။ ကိုယ်လုပ်တဲ့အလုပ်ကို အစဉ်သဖြင့် အကောင်းမြင် တတ်ရမယ်။ ကောင်းသော ရလဒ်အကျိုးကို မြင်နေမှ ဘယ်လောက် ပင်ပန်းပင်ပန်း မောတယ် ပန်းတယ် မထင်ဘူး။ ပြီးတော့ ငါ့အလုပ်ဟာ ဧကန်မုချ အောင်ကို
အောင်ရမယ်လို့ တထစ်ချ ယုံကြည်နေရမယ်။ ဒီလို စိတ်ထားရှိသူဟာ အောင်မြင်မှု ပန်းတိုင်ကို မုချ ဆုပ်ကိုင်ရမဲ့သူ အစစ် ဖြစ်ပေတယ်။

ထွက်ပေါက်ပိတ်နေသူ နှစ်ဦး

သူများက ဘာမှခိုင်းမလာရင် ဘာဆိုဘာမှ မလုပ်တတ် မကိုင်တတ်သူတဦးရယ်။ သူများခိုင်းတာကို ဘာမှမလုပ်ချင် မကိုင်ချင်သူတဦးရယ်။ ဒီနှစ်ဦးကတော့ ဘယ်တော့မှ လူမွေးလူရောင် မပြောင်မဲ့သူများ ဖြစ်ကြပါတယ်။

ထွက်ပေါက် ပုံပြင်

ဟိုရှေးရှေးတုန်းက လူတယောက်ဟာ အကျဉ်းစခန်းတခုမှာ နှစ်ပေါင်းအတန်ကြာ အကျဉ်းကျခံနေရပါတယ်။ ခုခေတ် လို ဆိုရင် ထောင်ကျနေတာပေါ့။ ဒီလိုနဲ့ တနေ့မှာ သူကိုချုပ်ထားတဲ့ အချုပ်ခန်းရဲ့အမိုးကို မော့ကြည့်မိတော့ အပေါက် ငယ် လေးတခုကို တွေ့သတဲ့။ သူလည်း အဲဒီအပေါက်ငယ်လေးကို ကြည့်ပြီး ဒီအပေါက်ကလေးကို လူတကိုယ်စာရအောင် ချဲ့ထွင်နိုင်ရင် ငါလွတ်မှာဘဲလို့တွေးမိပြီး ထလုပ်သတဲ့။ သူကြိုးစားလုပ်လိုက်လို့ လူတကိုယ်စာ လျှိုထွက်လို့ လည်း ရရော သူလည်း အဲဒီအပေါက်က ထွက်ပြေးလွတ်မြောက်သွားလေသတဲ့။ ဒါကတော့ ပုံပြင်လေးပါ။ ယုံချင်ယုံ မယုံချင်နေပေါ့။

ဒါပေမဲ့ အဲဒီအကျဉ်းသားလို လောကအကျဉ်းစခန်းက ထွက်ပေါက်မရှာဘဲ ကျခံနေသူတွေ ဘယ်လောက်တောင် များ လိုက်ပါသလဲ။ ထွက်ပေါက်ရှာပြီး ဖောက်ထွက် လွတ်မြောက်ကြသူတွေက အနည်းအကျဉ်းပါ။

အရာအားလုံးရဲ့အစဟာ အိပ်မက်တွေပါ

လယ်ကွင်းနံဘေးနားက ပညောင်ပင်ကြီးဟာ တခါက ညောင်စေ့လေးထဲမှာ ကိန်းအောင်းနေခဲ့ရတာကို သတိထား မိတယ် မဟုတ်လား။ အလားတူ ဝေဟင်မှာ ဝဲပျံနေတဲ့ သိမ်းစွန်ရဲဟာ အရင်က ဥခွံကျဉ်းကျဉ်းလေးမှာ သန္ဒေအဖြစ် နေခဲ့ရတယ် လေ။ ထို့အတူ ခင်ဗျားတို့ ကျနော်တို့ ဒီကနေ့ အထင်တကြီး လေးစားနေကြတဲ့ သမိုင်းဧည့်ခန်းဆောင်ထဲ က အထင်ကရ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးအားလုံးဟာ တခါက ကိုယ်ဖြစ်ချင်တာလေးတွေကို စိတ်ကူးထဲမှာ ထဲ့ပြီး အိမ်မက်ကြီးကြီး မက်ခဲ့ကြ သူတွေချည်းပါဘဲ။

ရှုံးနိမ့်မှုကို မကြောက်ပါနဲ့။ အောင်မြင်မှုဆိုတာ တကယ်တော့ ဆုံးရှုံးမှုတွေကို ဖုံးအုပ်ထားတဲ့ အရေပြားပါ။ ဆုံးရုံးမှုကို ရင် ဆိုင်ဖူးသူမှ ခိုင်မာတဲ့အောင်မြင်မှုကို တည်ဆောက်နိုင်သူ ဖြစ်လာမှာပါ။ စိတ်ကူး အိမ်မက်ကြီးကြီးကို စိတ်ဓါတ်ခွန် အား ပြင်းပြင်းနဲ့ ပေါင်းစပ်ပါက ဘဝရဲ့ ထွက်ပေါက်ကို မလွဲမသွေ ရှာဖွေတွေ့ရှိမှာပါလို့ ဆိုပါရစေ။

ဝတ္တရားနှောက်ယှက်မှုဖြင့် ဦးအေးလွင် ထောင်ဒဏ် ၂ လ အမိန့်ချခံရ

ဖနိဒါ | အင်္ဂါနေ့၊ မေလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၂ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။       ။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်သည် ဝန်ထမ်းအား ဝတ္တရားနှောက်ယှက်မှုဖြင့် လှည်းကူးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ လ ချမှတ်လိုက်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီမှ ဒုဥက္ကဋ္ဌ ဦသန်းဦးက ပြောသည်။

အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းတံတား အင်ဂျင်နီယာမှူး တရားလို ဦးဝဏ္ဏဇော်မှ ၁၀ လခန့်ကြာ တရားစွဲဆိုခဲ့ပြီးနောက် ယနေ့ အင်္ဂါနေ့မှာ အမိန့်ချလိုက်ခြင်း ဖြစ်သည်။

“ဒီနေ့ ပုဒ်မ ၁၈၆နဲ့ နှစ်လ အမိန့်ချလိုက်တယ်။ တရားသူကြီးက တရားလိုဘက်က ဝတ္တရားနှောက်ယှက်မှုနဲ့ ပတ်သက် လို့ တိုင်ကြားချက်တွေ ဖတ်ပြတယ်။ ဒီဘက် တရားခံဘက်ကလည်း ဥပဒေအရ စောဒက တက်တယ်ဆိုပြီးတော့ တရားခံရှေ့နေဘက်က ပြောတယ်ပေါ့နော်။ အဲဒီအပေါ်မှာ အမိန့်ချလိုက်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ယနေ့ လှည်းကူးမြို့နယ် တရားရုံးသို့ နှစ်ပါတီလုံးမှ အဖွဲ့ဝင်များ ၂၀၀ ကျော် တက်ရောက်ခဲ့သည်ဟု
ပြောသည်။

ဦးအေးလွင်သည် လက်ရှိ အင်းစိန်အကျဉ်း ထောင်တွင် ချုပ်နှောင်ခံနေရသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၇ ရက်နေ့က ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ အမှတ် ၃ လမ်းဆုံ တိုးဂိတ်တွင် ဂိတ်ကြေးငါးထောင်ကျပ်
ပေးဆောင်ရန် ငြင်းဆန်ပြီး ဝန်ထမ်းများနှင့် အချင်းများရာမှ ဦးအေးလွင်ကို ပြည်ထောင်စု
ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့် ကိုယ်တိုင် ဝန်ထမ်းဝတ္တရား နှောက်ယှက်မှုဖြင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယခင်က မြန်မာအစိုးရနှင့် အလွမ်းသင့်သည်ဟု စွပ်စွဲခံထားရသော ညီနောင်နှစ်ပါတီသည် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ၈၅ နေရာ ဝင်ပြိုင်ခဲ့သော်လည်း ဦးရဲထွန်း ဦးဆောင်သော ၈၈မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတခုတည်းသာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် တနေရာတွင်သာ အနိုင်ရခဲ့သည်။

ဦးအေးလွင်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ဝေဖန်လေ့ ရှိပြီး အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ကန့်ကွက်ခဲ့သူ ဖြစ်သည်။

လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုကြောင့် စစ်ဆေးမေးမြန်းခံရသူ လေးဦး ပြန်လွတ်လာ

ဖနိဒါ | အင်္ဂါနေ့၊ မေလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၄၉ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။          ။ မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ခြင်းကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်နှင့် ဒေသခံ အနည်းဆုံး ၁ဝ ဦးခန့်ကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးခဲ့ပြီး မွန်လွဲပိုင်းမှာ စာရေးဆရာညီပုလေး အပါအဝင် NLD အဖွဲ့ဝင် လေးဦးတို့ ပြန်လွတ်မြောက်လာသည်ဟု လွတ်လာသူများက ပြောသည်။

စာရေးဆရာ ညီပုလေး၊ မန္တလေး NLD မဟာအောင်မြေမြို့နယ်မှ ရွေးကောက်ပွဲ တာဝန်ခံ ဦးမြင့်စိုးနှင့် စည်းရုံးရေးမှူး ဦးဘကြီးအောင်နှင့် ဒေါ်ခင်သန်းမြင့်တို့ လေးဦးကို တဦးချင်းစီ ပြန်လွှတ်ပေးလိုက်သည်ဟု
ခေါ်ယူစစ်ဆေးခံရသူ မဟာအောင်မြေမြို့နယ် စည်းရုံးရေးမှူး ဦးဘကြီးအောင်က ပြောသည်။

သူတို့ကို ယနေ့ နံနက် ငါးနာရီကျော်ချိန်တွင် သတင်းရဲတပ်ဖွဲ့ (အက်စ်ဘီ)နှင့် ရပ်ကွက်အာဏာပိုင်များက လျှပ်စစ်မီး ရရှိရေး ဆန္ဒဖော် ထုတ်မှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်း စရာရှိသည်ဟုဆိုကာ နေအိမ်မှာ လာရောက်ခေါ်ဆောင် သွားကာ ၆၆လမ်းနှင့် ၁၂ လမ်းကြားရှိ အက်စ်ဘီ ရုံးတွင် စစ်ဆေးမေးမြန်းပြီး ယနေ့ ၁၂ နာရီချိန်တွင် ပြန်လည် လွတ်ပေးခဲ့ခြင်း ဖြစ်သည်။

“လျှပ်စစ်မီးရရှိရေးအတွက် လူထုအုံကြွမှုဖြစ်လာခြင်းကို မည်သူက စတင်လိုက်သလဲ၊ နောက်ခံ ဘယ်အဖွဲ့အစည်းများ ပါဝင်သလဲ၊ အဲဒါသိချင်တယ်။ အဲဒီအစကလေးရဖို့ ကျနော်တို့ကို ကူညီပါ။ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ လုပ်ချင်လို့ ပါလို့ ပြောတယ်။ ကျနော်ကလည်း မသိတဲ့အကြောင်း
ပြောပြလိုက်တယ်။ ခေါင်းဆောင်ဘယ်သူဆိုတာလည်း မသိဘူးလို့ပြောလိုက်တယ်” ဟု ဦးဘကြီးအောင်က ပြောသည်။

 ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ)မှ အင်တာနက်ပေါ်တွင် လျှပ်စစ်မီးရရှိရေးနှင့် ပတ်သက်၍ တင်ပြီး ချိန်ဆက်လုပ်ဆောင်မှုများရှိသဖြင့် အဆိုပါ လုပ်ရပ်များသည် ၈၈ လူထု အုံကြွမှုဖြစ်သွားနိုင်သဖြင့် ထိန်းသိမ်း ကာကွယ်ကြရန်တို့ကို အက်စ်ဘီဘက်မှ ပြောဆိုခဲ့သည်ဟု ဦးဘကြီးအောင်က ပြောသည်။

“ဆန္ဒပြတဲ့ ခေါင်းဆောင်တွေက ဘယ်သူတွေလဲ၊ ဘယ်သူတွေ ဦးဆောင်လဲ၊ နောက်ကနေ ချီတက်လာပြီး ပြည်သူတွေနဲ့ ပေါင်းပြီးတော့ ဆန္ဒပြတာလဲ။ ဗကသနဲ့ ပတ်သက်ပြီးတော့ အင်တာနက်မှာ တွေ့နေတာတွေက မဖြစ်သင့် မဖြစ်ထိုက်ဘူး။ နောက်တချိန်မှာ အန္တရာယ်
ဖြစ်လာနိုင်တယ် ဆိုတဲ့အကြောင်း၊ ၈၈ အရေးအခင်းလို လူထုအုံကြွမှု ဖြစ်သွားနိုင်တယ် ဆိုတဲ့ အကြောင်းတွေ ပြောပါတယ်”ဟု သူက ဆက်ပြောသည်။

သူ့အနေဖြင့် မန္တလေးမြို့ တမြို့လုံး မီးရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်းနှင့် ယင်းတောင်းဆိုမှု ကို စိတ်ဝင်စားသူများ လက်မှတ်ထိုးသွားရန် ပြောဆိုနေသည်မှုများသာ ရှိကြောင်း သူက မဇ္စျိမကို ပြောသည်။

ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့နှင့် ပူးပေါင်းပါဝင်မှု ရှိမရှိမေးမြန်းခဲ့ပြီး ဦးဆောင်သူမဟုတ်ဘဲ ပါဝင်သူတဦးအဖြစ်သာ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ပြန်လည် ဖြေကြားခဲ့သည်ဟု လွတ်မြောက်လာသူ ဒေါ်ခင်သန်းမြင့်က ပြောသည်။

“အက်စ်ဘီက မေးစရာရှိလို့ပါလို့ ပြောတယ်။ ပထမတော့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိရင် မလိုက်ဘူးလို့ ပြောပေမဲ့ ရဝတ ဥက္ကဋ္ဌနဲ့ လာခေါ်တော့ လိုက်သွားတယ်။ မနေ့က ဆုတောင်းပွဲကိစ္စကို ပါဝင်လားလို့ မေးတယ်။ ပါဝင်တယ်လို့ ပြောလိုက်တယ်။ စီစဉ်သူမဟုတ်ဘူး။ သူတို့က စီစဉ်သူထင်လို့ စစ်ကြောရေးမေးတာ၊ ”ဟု ဒေါ်ခင်သန်းမြင့်က ပြောသည်။

သို့သော် ဖမ်းဆီးခံရသူ NLD မှ ဦးချစ်ရင်၊ ဦးစောလှအောင်၊ မေတ္တာကိန်ပိန်းမှ မအမာနီ၊ လူငယ် ကိုဝင်းဇော်ဦးနှင့် ကဗျာဆရာ ဥက္ကာကျော်နှင့် ဒေသခံ သတင်းထောက် မင်းထက်ငြိမ်းချမ်းတို့ကို ခြောက်ဦး လွတ်မြောက်လာခြင်း မရှိသေးကြောင်း NLD တိုင်းစည်းရုံးရေးမှူး ကိုမျိုးနိုင်က ပြောသည်။

ထို့ပြင် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ အဖွဲ့ဝင် ကိုသိန်းအောင်မြင့်ကို မန္တလေး ၃၈ လမ်း၊ ၈၈ လမ်းထောင့် Unison လက်ဖက်ရည်ဆိုင်တွင် ယနေ့ မွန်းလွဲ ၂ နာရီခန့်က အက်စ်ဘီများက ထပ်မံ ဖမ်းဆီးသွားခဲ့သည်ဟု ညီဖြစ်သူ NLD လူငယ် ကိုသန်းဝင်း ခေါ် ကွာကြီးက ပြောသည်။

“ဆန္ဒပြခေါင်းဆောင်တွေကို ရှာနေတယ်ဆိုလို့ နေ့လည်ပိုင်းကျတော့ ကိုစောလှအောင်က ကိုသိန်းအောင်မြင့် ဖုန်းကို ပေးလိုက်တယ်။ အဲတော့ အက်စ်ဘီက ဖုန်းဆက်လာတော့ အကိုက လက်ဖက်ရည်ဆိုင်ကို ချိန်းလိုက်တယ်။ အဲတော့မှ ခေါ်သွားတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

အက်စ်ဘီမှ ခေါ်ယူစစ်ဆေးမေးမြန်းချက်ကို ထွက်ဆိုခြင်း မှန်ကန်ကြောင်း လက်မှတ်ထိုးခဲ့ရသည်ဟု ဦးဘကြီးအောင် က ပြောသည်။ တခြားသူများ ပြန်လည် လွတ်မြောက်လာခြင်း ရှိမရှိကို သူ့အနေဖြင့် မသိရကြောင်း သူက ဆိုသည်။

ယမန်နေ့ တနင်္လာနေ့ ည ၇ နာရီမှ ၁၁ နာရီထိ ဆန္ဒဖော်ထုတ်မှုတွင် ချမ်းအေးသာစံမြို့နယ် တိုင်းလျှပ်စစ်ရုံးနှင့် ၂၆ လမ်းနှင့် ၇၈ လမ်းထောင့်တွင် လူအများဆုံးဖြစ်ပြီး မော်တော်ဆိုင်ကယ်ဖြင့် ဖယောင်းတိုင်များ ထွန်းညှိ၍ လှည့်ပတ်နေ သူများနှင့် ကျုံးပတ်လည်တွင် လမ်းလျှေက်သူများ စုစုပေါင်း အနည်းဆုံး ၅၀၀၀ အထက်ထိ ရှိမည်ဟု တိုင်းစည်းရုံးရေးမှူး ဦးမျိုးနိုင်က ပြောသည်။

မန္တလေးမြို့တွင် လျှပ်စစ်မီးရရှိမှု နည်းပါးသလို၊ လျှပ်စစ်မီးပျက်တောက်မှုများလည်း ရှိလာသဖြင့် မီးပုံမှန်ရရှိရေးအတွက် ပြီးခဲ့သည့် တနင်္ဂနွေနေ့မှစတင်၍ မြို့ခံ ပြည်သူများ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။

မန္တလေးတိုင်း ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးအောင်သန်းဦး အပါအဝင် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဒေါက်တာ မြင့်ဖြူနှင့် တိုင်းလျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးမင်းတို့က တနင်္ဂနွေနေ့ညက သတင်းစာ ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်များ မေလ ၁၈ ရက်နေ့ ညတွင် ဖောက်ခွဲ ဖျက်ဆီးခံ ရသဖြင့် လျှပ်စစ်မီး ခွဲတမ်းလျော့နည်းကာ အလှည့်ကျပေးနေရခြင်းကြောင့် ဖြစ်သည်ဟု ရှင်းလင်းခဲ့သည်။

သို့သော် မြို့ခံများကမူ ယင်းရှင်းလင်းချက်မှာ ဖြေရှင်းချက်တခုသာဖြစ်ပြီး လျှပ်စစ်မီးမကြာခဏ
ပြတ်တောက်ခဲ့သည်မှာ လွန်ခဲ့သော သုံးလခန့်ကြာခဲ့ပြီ ဖြစ်ကြောင်း ဒေသခံများက မဇ္စျိမကို ပြောဆိုသည်။ လျှပ်စစ်တာဝါတိုင်များ ပျက်ဆီးမှုနှင့် ပတ်သက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ဖြစ်သည်ဟု စွပ်စွဲထားသည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့ခံများလည်း ယမန်နေ့က လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ် အင်ဂျင်နီယာရုံးရှေ့တွင် ဖယောင်တိုင်မီးများ ကိုင်ဆောင်ကာ မြို့တွင်း လူစည်ကားရာနေရာများတွင် လှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့သလို၊ ယနေ့ ညနေ ၈ နာရီချိန်တွင်လည်း ထပ်မံ ဆန္ဒဖော်ထုတ်ရန် ရှိသည်ဟု မုံရွာမြို့ခံ တဦးက ပြောသည်။

သက်တမ်းနှစ် ၂၀ ကျော် ယာဉ်ဟောင်းအပ်နှံ ကားတင်သွင်းခွင့်ပြုမည့် အစီအစဉ်ရှိ

အောင်ဝင်း | အင်္ဂါနေ့၊ မေလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၁၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ယာဉ်ဟောင်းအပ်နှံ ကားတင်သွင်းခွင့်ပြုသည့် အစီအစဉ်အရ ယဉ်ဟောင်းအပ်နှံမှုများကို ဆက်လက် ဆောင်ရွက်ပေး လျက်ရှိရာ ”ပ” အက္ခရာထိ ယာဉ်ဟောင်းများ အပ်နှံမှု ပြီးစီးပါက သက်တမ်း နှစ်ဆယ်ကျော် ယာဉ်များနှင့် ဌာနဆိုင်ရာ လေလံ၊ တပ်မတော်လေလံ အစရှိသည့် မော်ဒယ်နိမ့် လေလံ ကားများကိုလည်း အပ်နှံကာ ကားတင်သွင်းခွင့် ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) မှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

“ ယာဉ်အို ယာဉ်ဟောင်းအပ်နှံပြီး ကားတင်သွင်းခွင့် ပြုတဲ့အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမှာပါ၊ အခု “န” အက္ခရာ ယာဉ်ဟောင်းအပ်နှံမှုကို ဆောင်ရွက်ပေးနေပါတယ်၊ “ပ” အက္ခရာအထိ ပြီးရင် သက်တမ်း ၂ဝ ကျော် ယာဉ်ဟောင်းတွေနဲ့ လေလံဆွဲပြီး နံပါတ်သစ်ရထားတဲ့ မော်ဒယ်နိမ့် ယာဉ်တွေကိုပါ အပ်နှံပြီး ကားတင်သွင်းခွင့်တွေ ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ” ဟု ကညန မှ ညွှန်ကြားရေးမှုးချုပ် ဦးထွန်းအောင်ကျော်က ရန်ကုန်မြို့ ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်ကြီး အသင်း အစည်းအဝေး ခန်းမတွင် မေလ ၂၁ ရက်နေ့က ကျင်းပသော မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။

ယာဉ်ဟောင်းအပ်နှံ ကားတင်သွင်းခွင့် ပြုသည့် အစီအစဉ်ကို ၂ဝ၁၁ စက်တင်ဘာလမှ စတင်ကာ မှတ်ပုံတင် သက်တမ်း နှစ် ၄ဝ ကျော်၊ နှစ် ၃ဝ နှင့် နှစ် ၂ဝ အထက်ယာဉ်များအပ်နှံခြင်းကို အဆင့်ဆင့် ဆောင်ရွက်ပေးလျက် ရှိပြီး၊ မေလ ၁၈ ရက်နေ့အထိ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အပ်နှံပြီး လူစီး ယာဉ် ၄၆၈၇၁ စီး၊ ထရပ်ကား ၃၁၅၆ စီးနှင့် ဘတ်စ်ကား ၁၂၉၅ စီး စုစုပေါင်း ၅၁၃၂၂ စီး ရှိကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။

ကားသစ်များတင်သွင်းခွင့်ပြုရာတွင် ၁၉၉၅ ခုနှစ်မော်ဒယ်မှ ၂ဝဝ၆ ခုနှစ်မော်ဒယ်အထိ တိုးချဲ့ တင်သွင်းခွင့် ပြုခဲ့သည် ဟုသိရသည်။

ကားတင်သွင်းလာသူများသည် စီးပွားကူးသန်းမှ ကောက်ခံသော ဆိပ်ကမ်းခွန်နှင့် အခွန် ၆၅ ရာခိုင်နှုန်းအပြင် ကညနမှ ကောက်ခံသော ယာယီ မှတ်ပုံတင်ကြေးကို အင်ဂျင်ပါဝါ ၁၃၅ဝ စီစီနှင့်အောက် ကားများအတွက် ၅ဝ ရာခိုင်နှုန်း၊ ၁၃၅ဝ စီစီအထက်မှ ၂ဝဝဝ စီစီအထိ ၈ဝ ရာခိုင်နှုန်းနှင့် ၂ဝဝဝ စီစီအထက်မှ ၅ဝဝဝ စီစီအထိ ၁ဝဝ ရာခိုင်နှုန်း၊ ၅ဝဝဝ စီစီ အထက်ကားများအတွက် ၁၂ဝ ရာခိုင်နှုန်း ကောက်ခံရရန် သတ်မှတ်ထားသည်။

ထိုကဲ့သို့ ယာဉ်ဟောင်းအပ်နှံ အစားထိုးယာဉ်တင်သွင်းခွင့် ပြုသည့် အစီအစဉ်အပြင် ပို့ကုန်သွင်းကုန် ကုမ္ပဏီများအား ယာဉ်တင်သွင်းခွင့်ပြုခြင်းနှင့် နိုင်ငံခြားငွေဖြင့် ဝင်ငွေ ရရှိသူများအား ၂ဝဝ၇ ခုနှစ် မော်ဒယ်နှင့် အထက် ယာဉ်တင်သွင်း ခွင့်ပြုသည့် အစီအစဉ်များကိုပါ ဆောင်ရွက်လျက်ရှိရာ မေလ ၁၈ ရက်နေ့  အထိ ပို့ကုန်သွင်းကုန် ကုမ္ပဏီများ အတွက် ၆၂၆ စီး၊ သင်္ဘောသားများအတွက် ၂၈၃၅ စီး၊ နိုင်ငံခြားရေးဌာနမှ သံတမန်ဆိုင်ရာ ဝန်ထမ်းများ အတွက် ၃၂၅ စီး၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များအတွက် ၅၂ စီး၊ နိုင်ငံခြား အလုပ်သမားများအတွက် ၁၁၃၆ စီး၊ ကာကွယ်ရေး ဝန်ကြီးဌာနအတွက် ၉၇ စီး၊ ကျောက်မျက်လုပ်ငန်း ကုမ္ပဏီ များအတွက် ၅ စီးနှင့် တစ်ဦးချင်း အခွန်ဆောင်ထားသူများ အတွက် ၄ဝ စီး စုစုပေါင်း ၅၁၁၆ စီးအတွက် သွင်းကုန်ပါမစ် ထုတ်ပေးပြီး ဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနမှ အထွေထွေ မန်နေဂျာ ဦးကျော်စိုးက ဆိုသည်။

ထိုကဲ့သို့ နိုင်ငံခြားငွေဖြင့် အခွန်ဆောင်ထားသူများအား တင်သွင်းခွင့်ပြုရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများအတွက် အစီးရေ ၆ဝဝဝ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများ အတွက် ၁၀၀၀ စီး၊ နိုင်ငံခြားတွင် တရားဝင် သွားရောက်အလုပ်လုပ်ကိုင်သူများအတွက် ၄၅၀၀ စီး၊ နိုင်ငံခြား သင်္ဘောသားများအတွက် ၃၅၀၀ စီး၊ နိုင်ငံခြားတွင် ကာလရှည် တာဝန်ထမ်းဆောင်သည့် သံတမန် ဝန်ထမ်းများ အတွက် ၆၀၀ စီး၊ ဝန်ကြီးဌာနအသီးသီးမှ ပြည်ပတွင် တာဝန်ထမ်းဆောင်ခြင်း၊ သင်တန်းတက်ရောက်သော နိုင်ငံ ဝန်ထမ်းများ အတွက် ၁၇၀၀ စီးနှင့် အခွန်ဆောင်ထားသော ရင်းနှီးမြုပ်နှံသည့် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ ဘာသာရေး အဖွဲ့အစည်းများ လူမှုရေးအဖွဲ့အစည်းအများအတွက် ၄၇၀၀ စီး စုစုပေါင်းမော်တော်ယာဉ်စီးရေ (၂၂၀၀၀) ဆုံးဖြတ်ထားကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ် မေလ ၁၁ ရက်နေ့တွင် နိုင်ငံသားတိုင်း နိုင်ငံခြားငွေစာရင်းဖြင့် ၂ဝဝ၇ ခုနှစ်နှင့် အထက် မော်ဒယ် ကားတစီးစီ တင်သွင်းခွင့် ပြုသည့် လုပ်ငန်းကို ချမှတ်ခဲ့ပြီး၊ မေလ ၁၇ ရက်နေ့အထိ တင်သွင်းခွင့် ပါမစ် ၅၄ စီးအတွက်လည်း ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။

ကားဟောင်းအပ်နှံပြီး ကားသစ်တင်သွင်းသည့် အစီအစဉ် မပြီးဆုံးခင် ထိုသို့နိုင်ငံသားတိုင်း ကားတင်သွင်းခွင့် ပြုလိုက်သည့် အတွက် ကားဟောင်းပိုင်ရှင်များက နစ်နာသည်ဟု ဆိုကြသည်။

“နိုင်ငံသားတိုင်းကို နိုင်ငံခြားဘဏ် စာရင်းဖွင့်ပြီး ၂ဝဝ၇ ခုနှစ်မော်ဒယ်အထက်ကားတွေကို တင်သွင်းခွင့် ပြုလိုက်တဲ့ အချိန်မှာ ကားဟောင်းအပ်ပြီးမှ တင်သွင်းခွင့်ရမယ့် သူတွေအတွက် နစ်နာမယ့် သဘောရှိပါတယ်၊ ဒီလို မဖြစ်အောင် ကားဟောင်းအပ်နှံသူတွေကို ကညနက ကောက်ခံနေတဲ့ အခွန်နှုန်းထားတွေကို ကားဟောင်းအပ်နှံသူတွေ အတွက် အခုထက်ပိုပြီး လျှော့လျှော့ပေါ့ပေါ့ စဉ်းစားပေးဖို့ ကောင်းပါတယ် ” ဟု ကားဟောင်းပိုင်ရှင် ဒေါ်သီတာအေးက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်းက
ပြောကြားရာတွင် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်အရ အနာဂတ်ကာလတွင်
နိုင်ငံတော်ရှိ ပြည်သူပြည်သားများ အနေဖြင့် မော်တော်ယာဉ် အရောင်းပြခန်း များမှ ဖြစ်စေ၊ နိုင်ငံခြားမှ မှာယူတင်သွင်းသည်ဖြစ်စေ၊ မိမိတတ်နိုင်သော ငွေကြေးဖြင့် လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်သည်အထိ စီစဉ်သွားရန် ရည်ရွယ်ချက်အရ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ပြည်သူလူထုအနေဖြင့် စိတ်ကြိုက်ရွေးချယ် ဝယ်ယူသုံးစွဲနိုင်ရန်အတွက် သင့်တင့်သော ဈေးနှုန်းများဖြစ်စေရန် ရေရှည် ရည်ရွယ်ကာ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပိုမိုကောင်းမွန်သည်ထက်ကောင်းမွန်သည့် အစီအမံများကို ညှိနှိုင်းရှာကြံ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဝန်ကြီးဒေါက်တာ ပွင့်ဆန်းက ဆွေးနွေးပွဲတွင်ထည့်သွင်း ပြောကြား သွားသည်။

Monday, May 21, 2012

မန္တလေးမြို့ခံတို့ လျှပ်စစ်မီးရရှိရေး ဆက်လက် တောင်းဆိုမည်

မျိုးသန့် | တနင်္လာနေ့၊ မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ မန္တလေးမြို့ လျှပ်စစ်မီးရရှိရေးအတွက် မေလ ၂၁ ရက်နေ့ တနင်္လာညတွင် ဒုတိယမြောက် ဆက်လက် ဆန္ဒဖေါ်ထုတ်တောင်းဆိုကြဦးမည်ဟု မန္တလေးမြို့ခံများက မဇ္ဈိမကို ပြောသည်။

တနင်္လာနေ့ည ၇ နာရီတွင် ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းလျှပ်စစ်ရုံးသို့သွားရောက်ကာ လျှပ်စစ်မီး ရရှိရေး ဆန္ဒဖေါ်ထုတ်ရန် ပြင်ဆင်နေကြသည်ဟုလည်း တနင်္ဂနွေနေ့ညက ပြုလုပ်ခဲ့သည့် ဆန္ဒဖေါ်ထုတ်ပွဲသို့ သွားရောက် ဆန္ဒထုတ်ဖေါ်ခဲ့သူ ချမ်းအေးသာစံမြို့နယ်နေ ကိုဇော်ကြီးက မဇ္ဈိမကို ပြောသည်။

“ဒီနေ့ညနေလည်း ကျနော်တို့ စီစဉ်ထားကြတယ်။ ဒီလိုပဲ ဆက်ပြီးတော့ ပြကြမယ်။ တိုင်းရုံးရှေ့မှာ ကျနော်တို့ ထပ်လုပ်ပါမယ်။ ဒီနေ့လူကတော့ မနေ့ကထက် ပိုများမယ်ထင်တယ်။ အကုန်လုံးက သိသွားပြီ လာကြမယ့်လူတွေ များတယ်။” ဟု ကိုဇော်ကြီးက ပြောသည်။

မန္တလေးမြို့ လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒဖေါ်ထုတ်တောင်းဆိုကြသော မန္တလေးမြို့ခံများကို တွေ့ရစဉ် (ဓါတ်ပုံ : facebook/Ko Zaw Gyi)

ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြသူများက တိကျရှင်းလင်းသည့် အဖြေတခုရသည်အထိ ဆန္ဒဖေါ်ထုတ်သွားမည်ဖြစ်ပြီး ခွဲတမ်းကျ မီးပေး စနစ်ဖြင့် မီးပေးမည် ဆိုပါကလည်း မီးပေးချိန်အတွင်း မီးမပြတ်စေလိုကြောင်း မဇ္ဈိမကိုပြောသည်။ တနင်္လာနေ့ ညနေ ၆ နာရီတွင် ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းလျှပ်စစ်ရုံးတွင် ပြည်သူသို့ လျှပ်စစ်မီးပေးဝေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားမည်ဟုလည်း တိုင်းလျှပ်စစ်ရုံး တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ယခု လောလောဆယ်အခြေအနေတွင် မန္တလေးမြို့တွင် လျှပ်စစ်မီးရရှိသည့် အခြေအနေကို "မီးက ၆ နာရီ လာမယ်ပေါ့နော် ဒါပေမယ့် နာရီဝက်လောက်လာ၊ နာရီဝက်လောက် ပျက်နေတယ်။ နောက် ၁၅ မိနစ် နာရီဝက်လောက်လာလိုက် နာရီဝက်လောက်ပျက်လိုက်ဆိုတော့ သုံးရတဲ့လူကလည်း ဘယ်လိုမှ လုပ်မရဘူး။ ဘာအလုပ်မှ လုပ်လို့မရဘူ။ တခါတလေကျတော့ လုံးဝမလာဘူး။ တခါတလေကျတော့ ညနေ ၆ နာရီလာမယ်ဆိုပြီးတော့ ည ၁၁ နာရီလည်း မလာဘူး။" ဟု မဇ္ဈိမကိုပြောသည်။

ယင်းသို့သော အခြေအနေများကြောင့် တနင်္ဂနွေနေ့ညတွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၇ လမ်းမှစတင်ကာ ၇၇×၇၈ ကြား၊ ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းလျှပ်စစ်သို့ ဒေသခံ ၂ဝဝဝ ခန့် သွားရောက်ကာ ဖယောင်းတိုင် မီးထွန်းညှိ၍ ဆန္ဒဖေါ်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ထိုကဲ့သို့ ဆန္ဒဖေါ်ထုတ်ခြင်းကြောင့် မန္တလေးတိုင်း လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဒေါက်တာ မြင့်ကြူနှင့် တိုင်းလျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးမင်းတို့က တနင်္ဂနွေနေ့ ည ၉ နာရီခန့်တွင် အရေးပေါ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ရှင်းလင်းခဲ့ကြသည်။

သတင်းစာရှင်းလင်းမှုအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်များ မေလ ၁၈ ရက်နေ့ညတွင် ဖေါက်ခွဲ ဖျက်ဆီးခံရသဖြင့် လျှပ်စစ်မီး ခွဲတမ်းလျော့နည်းကာ အလှည့်ကျ
ပေးနေရခြင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်ခြင်းဟု ရှင်းလင်းခဲ့ကြသည်။

သို့သော် ထိုသို့ဖြေရှင်းမှုမှာ အကြောင်းပြချက်တခုသာဖြစ်ပြီး မန္တလေးမြို့ လျှပ်စစ်မီး ရရှိမှုနည်းပါးနေသည်မှာ လွန်ခဲ့သော ၃ လတည်းက ဖြစ်သည်ဟုလည်း မြို့ခံများက မဇ္ဈိမကိုပြောသည်။ “လျှပ်စစ်မီးကတော့ မမှန်တာ ကြာပြီဗျ။ မီးစက်သံ ခင်ဗျားလည်း ကြားမှာပါ အခု မီးစက်နှိုးပြီးတော့ ကျနော်တို့ အလုပ်လုပ်နေရပါတယ်။ လုံးဝ နီးပါးကို မလာတာပါ။” ဟု လျှပ်စစ် ရရှိမှုအခြေအနေကို မန္တလေးမြို့ခံ စာရေးဆရာ ဦးကျော်ရင်မြင့်က ပြောသည်။

နမ့်ခမ်းမြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်များ တာဝါတိုင်များ ဖေါက်ခွဲ ခံခဲ့ရခြင်းကြောင့် ရန်ကုန်မြို့ရှိ စက်မှုဇုံများကို လျှပ်စစ် ဓာတ်အား ဖြတ်တောက်သွားမည်ဖြစ်ပြီး ပြည်သူသို့လည်း မေလ ၂၁ ရက်နေ့ (ယနေ့)မှ စတင်၍ အလှည့်ကျ မီးပေး စနစ်ဖြင့် အုပ်စု သုံးစုခွဲကာ တအုပ်စုလျှင် ၆ နာရီ လျှပ်စစ်အား ပေးဝေသွားမည်ဟု ရန်ကုန်မြို့ လျှပ်စစ်ပေးဝေရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ယခုလ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

လျှပ်စစ်တာဝါတိုင်များ ပျက်စီးမှုနှင့် ပတ်သက်၍ ကေအိုင်အို (ကချင် လွတ်မြောက်ရေးအဖွဲ့)၏ တိုက်ခိုက်မှုကြောင့်ဟု နိုင်ငံပိုင် သတင်းစာများက ယခုလ ၁၉ ရက်နေ့တွင် စွပ်စွဲရေးသားသည်။ ထိုဖေါက်ခွဲမှုတွင် ရွှေလီ-မန်စံ မဟာ ဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၇၃၊ ၂ဝ၆၊ ၂ဝ၇၊ ၂ဝ၈ တို့ ပျက်စီးခဲ့ပြီး မြန်မာနိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှု လျော့နည်းသွားမည်ဟုလည်း သတင်းစာက ရေးသားသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ကေအိုင်အို (ကချင် လွတ်မြောက်ရေးအဖွဲ့)သို့ မဇ္ဈိမအနေဖြင့် ဆက်သွယ်၍ မရပါ။




ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ကေအိုင်အို (ကချင် လွတ်မြောက်ရေးအဖွဲ့)သို့ မဇ္ဈိမအနေဖြင့် ဆက်သွယ်၍ မရပါ။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းနှင့် KIO တို့ တွေ့ဆုံ

ဖနိဒါ | တနင်္လာနေ့၊ မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၄ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။          ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ တနလာင်္နေ့တွင် အလွတ်သဘော တွေ့ဆုံခဲ့သည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် KIO ဘက်မှ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာတို့နှင့် နှစ်နာရီခွဲခန့်ကြာ မိတ်ဆက်သဘောအရ ပဏာမ တွေ့ဆုံခဲ့သည်ဟု KIO မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက ပြောသည်။

“ပဏာမ မိတ်ဆက်တွေ့ကြတဲ့ သဘောလောက်ပါဘဲ။ ဘာမှ ဆွေးနွေးတာ မရှိပါဘူး။ ပြန်ဆွေးနွေးဖို့ကိစ္စက တပ်ပိုင်းဘဲ ဖြစ်ဖြစ်၊ နိုင်ငံရေးပိုင်းဘဲဖြစ်ဖြစ် ဗဟိုလိုင်ဇာမှာ ဗဟိုကိုယ်စားလှယ်အဖွဲ့နဲ့ဘဲ လုပ်ဖို့ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ပြောပြတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

“မိတ်ဆက်ဆိုတော့ သူ့နဲ့လည်း သိကျွမ်းခင်မင်မှုအရ နောက်တခါ တရားဝင်ဖြစ်ဖြစ် ဆွေးနွေးကြတဲ့အခါ ခင်မင်မှု ရှိကြရင် ပိုပြီး အဆင်ပြေမှု ဖြစ်နိုင်တယ်။ ဒါကြောင့် သူခေါ်တော့ မိတ်ဆက်အနေနဲ့ သွားကြတာ”ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က နှစ်ဖက် ပြန်လည် တွေ့ဆုံရန် ဝန်ကြီး ဦးအောင်မင်း၏ လက်မှတ်ရေးထိုးထားသည့် တွေ့ဆုံမည့် စာကို အီးမေးမှတဆင့် လက်ခံရရှိ၍ သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု အကျိုးဆောင်အဖွဲ့ဝင် ဦးဆန့်အောင်က ပြောသည်။

ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ဦအောင်သောင်း ဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း နှစ်ဖက်စစ်ရေးကိစ္စ သဘောတူညီမှု မရပေ။

မကြာမီက အစိုးရ ဖွဲ့စည်းလိုက်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင် ဝန်ကြီး ဦအောင်မင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉  ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့တွင် KIO ခေါင်းဆောင် များနှင့် အလွတ်သဘော တွေ့ဆုံခဲ့သေးသည်။

အခြားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်မူ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီမှု ရသော်လည်း KIO အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ သဘောတူညီမှုမရသေးကာ နေ့စဉ် တိုက်ပွဲများ
ဖြစ်ပွားနေဆဲ ဖြစ်သည်။

ယနေ့ ဝန်ကြီးဦအောင်မင်းနှင့် တွေ့ဆုံမှုအပေါ် အကောင်းဘက်ရှုမြင်ပြီး အဆင့်ဆင့်သို့ တိုးတက်မှု ဖြစ်ပေါ်လာရေး အတွက် ဆန္ဒပြုကြောင်း ဒေါက်တာလဂျာက ပြောသည်။
 

နောက်တကြိမ် နှစ်ဖက် ပြန်လည် တွေ့ဆုံရန် ရှိသော်လည်း နေ့ရက်၊ နေရာကိုမူ ဆုံးဖြတ်ခြင်း မရှိသေးပေ။

မွန်နှစ်ပါတီ ပေါင်းစည်းရေး အခက်အခဲရှိနေ

ဟင်္သာနီ | တနင်္လာနေ့၊ မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၂၀ မိနစ်

မော်လမြိုင် (မဇ္ဈိမ) ။        ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီ ပါတီတို့၏
နှစ်ပါတီ ပေါင်းစည်းရန် ဆုံးဖြတ်ချက် ချမှတ်ပြီးသော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအတွင်း သဘောထားတင်းမာနေသူ အချို့ကြောင့် ပေါင်းစည်းရန် ခက်ခဲ နေသေးကြောင်းနှင့်
ပေါင်းစည်းရေးအတွက် တာဝန်ပေးအပ်ထားသည့် ကိုယ်စားလှယ်များကိုလည်း ရုပ်သိမ်းရန် သဘောထား ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့ မွန်ဒေသလုံးဆိုင်ရာ ပါတီမှာ မပေါင်းဖို့ သဘောထား ပြင်းထန်တဲ့ အဖွဲ့ဝင်တွေက အပေါ်စီး ရထား တယ်၊ သဘောထား တင်းမာနေတဲ့ လူတွေဘက်က တစ်ပါတီထဲ ဖြစ်အောင် ပေါင်းစည်းဖို့ ဖွဲ့ထားတဲ့ ကော်မတီကိုတောင် ဖျက်ပစ်ချင်တဲ့ သဘောထား ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အချိန်ယူရမှာ။ မပေါင်းချင်တဲ့ လူတွေပေါင်းချင်တဲ့ အခြေအနေမျိုး ရောက်လာသည် အထိ ဆွဲခေါ်ပြီး စည်းရုံးသွားဖို့ ရှိပါတယ်” ဟု မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီခေါင်းဆောင် နိုင်ငွေသိန်းမှ ပြောသည်။

မေလ (၂ဝ) ရက်နေ့က နှစ်ပါတီ ပြန်လည် ပေါင်းစည်းရေးအတွက် သံဃာပျိုများအဖွဲ့မှ ကမကထ ပြု၍ သံဖြူဇရပ်မြို့ နန္ဒဝန် ဘုန်းကြီးကျောင်း၌ ခေါ်ယူခဲ့သည့် နှစ်ပါတီ ပေါင်းစည်းရေး၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးသို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ကိုယ်စားလှယ်များ မတက်ရောက်ခဲ့ပေ။

မွန်ဒီမိုကရေစီ ပါတီ၏ မော်လမြိုင်မြို့၌ ကျင်းပခဲ့သည့် ဗဟိုကော်မတီ စုံညီအစည်းအဝေး (ဓါတ်ပုံ မဇ္ဈိမ/ ဟင်္သာနီ)

မွန်နှစ်ပါတီအား ၂ဝ၁၄ ခုနှစ် မကုန်မီ ကြားအမည်ဖြင့် ပါတီ တစ်ခုထဲ ဖြစ်စေရန် ပေါင်းစည်း
နိုင်ရေးအတွက် အချက် (၄) ချက်ပါသဘော တူညီချက်ကို ဧပြီလ (၂၂) ရက်နေ့က မော်လမြိုင်မြို့
တော်ပေါ်တန်းရှိ သာသနာ (၂၅ဝဝ) စေတီတော်ရှိ ဇရပ်၌ အစည်းအဝေး ဆုံးဖြတ်ကာ နှစ်ပါတီလုံးမှ ကိုယ်စားလှယ်များ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး  ၂ဝ၁၄ ခုနှစ် မကုန်မီ ပေါင်းစည်းနိုင်ရန် ရည်ရွယ်ချက် ထားရှိခဲ့ကြသည်။

အဆိုပါ မွန်ဒီမိုကရေစီ ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့၏ ၂ဝ၁၄ ခုနှစ်တွင်
ပြန်လည် ပေါင်းစည်းရေး အတွက် ဆုံးဖြတ်ချက်အား ကြိုဆို ထောက်ခံကြောင်းနှင့် လိုအပ်ပါက မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) အနေနှင့် ပါဝင် ကူညီရန်အတွက် MAU မှလည်း  မေလ (၈) ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက် ထုတ်ပြန် ကြေငြာခဲ့သည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ပေါင်းစည်းစေချင်တဲ့ သဘောထား ပြုတာပါ။ မွန်ဒေသဘက်က လက်ရှိ အမတ်တွေ လွှတ်တော်ဝန်ကြီးတွေ စတဲ့ အသီးသီးမှာ နေရာရထားတော့ သူတို့အနေနဲ့ နိုင်ငံရေး Role အရ မာနလေးတွေ ရှိနေတာတော့ လက်ခံပါတယ်။ ဒါပေမယ့် ဒီပေါင်းစည်းရေးဟာ အမျိုးသား စည်းလုံး ညီညွှတ်ရေး အတွက်ပါ။ ခံယူချက်ခြင်း မတူပေမယ့်
ပေါင်းစည်းလို့ ရနိုင်မယ့် နည်းလမ်းတွေတော့ ရှိပါတယ်။ ကျွန်တော်တို့ MAU အနေနဲ့လည်း
ပေါင်းစည်း နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ဒီအကြိမ် ညှိနှိုင်း အစည်းအဝေးမှာ မွန်ဒေသ ဘက်က ကိုယ်စားလှယ်တွေ မတက်ရောက်နိုင်ရင် နောက်အကြိမ်တွေမှာ တက်ရောက်နိုင်ဖို့နဲ့ ပေါင်းစည်း ဖို့အတွက် နည်းလမ်းတွေ ရှာကြံနိုင်အောင် ကျွန်တော်တို့ ကြိုးစား သွားမှာပါ” ဟု မွန်ပြည်သစ်ပါတီ စစ်ဘက်ဆိုင်ရာ အကြံပေးနှင့် MAU ၏ သဘာပတိအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ နိုင်ကောင်းတလရွတ်က ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဘက်မှ ပေါင်းစည်းရေးအတွက် သဘောထား တင်းမာနေသူများက ခံယူချက်မဲ့ ပေါင်းစည်းရေး ဖြစ်မည်ကို စိုးရိမ်လျက် ရှိနေသည်။ မွန်ဒီမိုကရေစီ ပါတီကမူ မိမိတို့ဘက်မှ ပေါင်းစည်းရေးအတွက် အမြဲ တံခါးဖွင့် ကြိုဆိုလျက် ရှိသည်ဟု ဆိုသည်။ သံဃာတော်များနှင့် မွန်ပြည်သူများကလည်း နှစ်ပါတီပေါင်းစည်းရေး အတွက် ထောက်ခံ အားပေးလျက် ရှိသည်။ သို့သော် ယခုအခြေအနေတွင် သဘောထားကွဲပြားမှုများ ရှိနေသဖြင့်
ပေါင်းစည်းရန် ညှိနှိုင်းမှုမှာ အချိန်ပိုမို ကြာမြင့် နိုင်ဖွယ် ရှိကြောင်း အကဲခတ်များက သုံးသပ် ကြသည်။

7 July နှစ် (၅၀) ပြည့် အခမ်းအနား မန္တလေးတွင် ကျင်းပရန် စီစဉ်နေ

နေမျိုး | တနင်္လာနေ့၊ မေလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုဖျက်ခံရသည် နှစ် (၅၀) ပြည့် 7 July နေ့အခမ်းအနားကို မန္တလေးမြို့တွင် ကျင်းပရန်အတွက် ဗကသ များအဖွဲ့ချုပ် (အထက်ဗမာပြည်)မှ ဦးစီး၍ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

“ကျနော်တို့ မန္တလေးတိုင်း အထွေထွေ အုပ်ချုပ်ရေးမှုးဆီကို အခမ်းအနား ကျင်းပခွင့်ပေးဖို့ ကျနော်တို့ တရားဝင်တင် ပါမယ်။ ကျနော်တို့အနေနဲ့ကတော့ ပေးမယ်လို့လည်း မျှော်လင့်တယ်။ မပေးဘူးဆိုရင် ကျနော်တို့ဘာသာ ကျနော်တို့ဖြစ်အောင် ကျင်းပမယ်ခင်ဗျ။ ကျနော်တို့ ဝမ်းနည်းကြေကွဲပြီးတော့ ကျဆုံးသွားတဲ့ နောင်တော်ကျောင်းသားတွေကို ဂုဏ်ပြုရမယ့် အခမ်းအနား ဖြစ်ပါတယ်။ အမှတ်တရ အနေနဲ့ ကျောင်းသားသမိုင်းမှာလည်း ဒါဟာအကြီးကျယ်ဆုံး ဖြစ်ပါတယ်။” ဟု ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် က မဇ္စျိမသို့ ပြောသည်။


ပြီးခဲ့သည့်မေလ (၁၇) ရက်နေ့မှစတင်ကာ ဗကသများ အဖွဲ့ချုပ်၊ ပြင်ပစည်းရုံးရေး ကော်မတီမှ၊ လက်ကမ်း စာစောင်များ ဝေငှခြင်း၊ စတေကာကပ် လှုပ်ရှားမှုများကို မန္တလေးမြို့ ဈေးများတွင် ပြုလုပ်ခဲ့ကြပြီး
ဈေးချိုသူ၊ ဈေးချိုသားများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ရှိ ဝါရင့်စာရေးဆရာများ၊ (၆၂) ခုနှစ်မျိုးဆက် ကျောင်းသားဟောင်းများ၊ အင်အားဖြည့် ကူညီသွားမှာဖြစ်ပြီး ဆရာကြီးဒဂုန်တာရာနှင့်အတူ မြို့မိ၊မြို့ဖများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ဆရာကြီးဒဂုန်တာရာရဲ့အိမ်မှာ ဆရာကြီးကိုကျနော်တို့က  ဗိုလ်ချုပ်အောင်ဆန်းတို့
ခေတ်က ကျောင်းသား မျိုးဆက်ဆိုတော့ နာယကအဖြစ် ပါဝင်ပေးဖို့ ခွင့်ပန်ပါတယ်။ ဆရာကြီးက သဘောတူပါတယ်။ လိုအပ်တဲ့ သူဆီမှာရှိတဲ့ စာရွက်စာတမ်းတွေ ကူညီပေးဖို့ သဘောတူပါတယ်။ ၁၉၆၂ ခုနှစ်က မန္တလေးခရိုင် ကျောင်းသားများ ဥက္ကဋ္ဌ ဦးစောလွင်တို့၊ ဒီအထဲမှာပါပါမယ်။ ဆရာသင့်နော်လည်း ပါပါမယ်။” ဟု ကိုရဲရင့်ကျော်က ပြောပြသည်။

အထက်ဗမာပြည် ဗကသ များအဖွဲ့ချုပ်တွင် ကျောက်ဆည်၊ မန္တလေး၊ မုံရွာ၊ ရမည်းသင်း၊ ဗန်းမော် ခရိုင်ကျောင်းသား သမဂ္ဂများ ပါဝင်လျှက်ရှိပြီး  ကျောင်းသူ၊ကျောင်းသား အင်အား (၇၀၀) ကျော်ပူးပေါင်း
ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး အပါအဝင် အခြားနယ်မြို့များတွင်လည်း နှစ်(၅၀) ပြည့် 7 July အခမ်းအနားများကို  ဗကသ များအဖွဲ့ချုပ် ဗဟိုနှင့် ညှိနှိုင်းတိုင်ပင်ကာ ဟန်ချက်ညီညီ ကျင်းပသွားနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။


၁၉၆၂ ခုနှစ်၊ ဇူလှိုင် (၇) ရက်နေ့တွင် ကျောင်းသား (၂၀၀၀) ကျော်တက်ရောက်သည့် ရန်ကုန် တက္ကသိုလ်ကျောင်းသား များသမဂ္ဂ အစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း ကျောင်းဆောင် စည်းကမ်းများ ဖျက်သိမ်းရေး၊ ကျောင်းဆောင် ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် ပါဝင်ခွင့်ပေးရေး၊ ကျောင်းဆောင်လိုသူကျောင်သားတိုင်း ကျောင်းဆောင် ရရှိရေး၊ ကျောင်းဆာင်သစ်များ
ဆောက်လုပ်ပေးရေး၊ ဖိနှပ်ချုပ်ချယ်သည့် ကျောင်းဆောင်စည်းကမ်းများ ရုပ်သိမ်းပေး
ရေး ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ကျောင်းသားများ၏ တောင်းဆိုချက်များကို ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ အစိုးရက လိုက်လျောခြင်း မပြုသည့်အပြင် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုများဖြင့် နှိမ်နင်းခဲ့သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြင့် ဆန့်ကျင်ခဲ့သည်ကို သေနတ်နှင့် ပစ်သဖြင့် ကျောင်းသားများ သွေးမြေကျခဲ့ရသည့် ရန်ကုန် တက္ကသိုလ်ကျောင်းသားအရေးတော်ပုံနေ့ကို ဂုဏ်ပြုကာ 7 July နေ့ ဟူ၍ပေါ်ပေါက်ခဲ့ရသည်။

ထို့နေ့ရက်တွင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျောင်းသားများ ရာဂဏန်းခန့် သေဆုံးခဲ့ရပြီး၊ နောက်တနေ့ ဇူလိုင်လ ၈ ရက်နေ့မနက်တွင် တော်လှန်ရေးကောင်စီအစိုးရက ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း တည်ရှိသည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့်မေလ (၁၉) ရက်နေ့ကလည်း နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာဦးမြင့်က
ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း ခေတ်နှင့်အညီ ပြန်လည်တည်ဆောက်ရန် ‘ရန်ကုန်တက္ကသိုလ် ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာ ကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ’ တွင်တိုက်တွန်း ဖော်ပြ ထားသည်။

Friday, May 18, 2012

အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှု လျော့ချခြင်းအပေါ် အမြင်များ

မျိုးသန့် | သောကြာနေ့၊ မေလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုကို
ခေတ္တရုပ်သိမ်း လိုက်ကြောင်း ကြာသပတေးနေ့ ဝါရှင်တန်ဒီစီမြို့ နိုင်ငံခြားရေးဝန်ကြီှးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ပြန်ကြေညာလိုက်သည်။

ဟီလာရီ ကလင်တန်က အမေရိကန် စီးပွားရေး လုပ်ငန်းများနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန်လည်း သတင်းစာရှင်းလင်းပွဲအတွင်း တိုက်တွန်းသွားခဲ့သည်။

တဆက်တည်းတွင် သံတမန် အဆက်အသွယ်များ အပြန်အလှန်ထားရှိသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး တာဝန် ယူထားသူ Derek Mitchell,
မြန်မာနိုင်ငံဘက်ကမူ ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ဦးသန်းဆွေကို ခန့်အပ်မည်ဟု
မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဟီလာရီ ကလင်တန်တို့က သတင်းစာရှင်းလင်းပွဲအတွင်း အသီးသီးထည့်သွင်း ပြောကြားသွားခဲ့ကြသည်။


မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဟီလာရီ ကလင်တန်တို့က သတင်းစာရှင်းလင်းပွဲတွင် အတူတွေ့ရစဉ် (ဓါတ်ပုံ AFP)

စီးပွားရေးပိတ်ဆို့မှုများ ဖြေလျော့လိုက်ခြင်းအပေါ် ပါတီနိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၏ အမြင်များကို မေးမြန်းထားခြင်း
ဖြစ်သည်။ မေးမြန်းမှုအတွင်း စီးပွားရေးပိတ်ဆို့မှုများ ဖြေလျော့လိုက်ခြင်းကြောင့် မြန်မာ့ လူထုအပေါ် အကျိုးသက်ရောက်မှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက သတိပြုလုပ်ဆောင်သင့်သည့် အချက်များ၊ ပိတ်ဆို့မှု၏ အကြောင်းရင်း တရပ်တွင် အပါအဝင်ဖြစ်သည့် လူ့အခွင့်အရေး ချိုးဖေါက်မှု အခြေအနေများကို မေးမြန်းထားသည်။

ဦးစိန်ဝင်းလှိုင် (ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဗဟိုကော်မတီဝင်)

"ကျနော်တို့ ကြိုဆိုပါတယ်၊ အခု အမေရိကန်ကလည်း သံအမတ်အဆင့် ထပ်လက်ခံလိုက်ပြီဆိုတော့ အဲဒီလို သံအမတ်အဆင့် နှစ်ဘက် သဘောတူညီမှုရှိမှ နောက်တခုကလည်း ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးမှ စီးပွားရေး အခွင့်အလမ်းတွေ အောင်မြင်လာမှာပေါ့။ တဖြည်းဖြည်းနဲ့ ပိတ်ဆို့မှုတွေလည်း
 လျော့သွားမယ်ပေါ့။ အဲဒါလေးတွေ မြန်မြန် အကောင်အထည်ဖေါ်လေ မြန်မြန်တိုးတက်ပြီးတော့ ကုန်ထုတ်လုပ်မှုလည်း မြင့်လာပြီးတော့ ဆင်းရဲနွမ်းပါးမှု လျော့သွားမယ်ပေါ့။ အလုပ်အကိုင်တွေ ရပြီးတော့ တိုးတက်လာမယ်လို့တော့ မြင်ပါတယ်။"

"အဓိက ကတော့ လယ်ယာကဏ္ဍကို အခြေခံပြီးတော့ စက်မှုလက်မှုဖွံ့ဖြိုးဖို့ မြန်မြန်ဆန်ဆန် အရင်းအနှီးများများနဲ့ လုပ်မယ်ဆိုရင် ကုန်ထုတ်လုပ်မှုတွေ တက်လာမယ်။ အလုပ်အကိုင်လည်း ပိုရလာမယ်။ ကျနော်ကတော့ လယ်ယာ ကဏ္ဍကို အရင်းအနှီးများများနဲ့ ပိုပြီးတော့ လာရင်းနှီးစေချင်တယ်။ တောင်သူတွေကို နည်းပညာတွေ စက်ယန္တရားတွေ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်စေချင်ပါတယ်။ ဒီကဏ္ဍကို ရင်းနှီးစေချင်တယ်ဆိုတာကလည်း ဒီကဏ္ဍကို မှီခိုနေရတဲ့ လူဦးရေ ပိုများလို့ပါ။ သူတို့ရဲ့ လူနေမှုဘဝ မြင့်မားဖို့လိုပါတယ်။"

"နိုင်ငံတော်ပိုင်းကတော့ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေ ပြင်ဆင်ထားပါတယ်။ တဘက်ကလည်း ယုံကြည်မှုပေါ့လေ။ ဥပဒေနဲ့အညီ မြန်မြန်ဆန်ဆန် အကောင်အထည်ဖေါ် ခွင့်ပြုနိုင်ဖို့ပေါ့။ အဲဒါတွေလည်း လိုအပ်ပါတယ်။"


ဦးအောင်မျိုးမင်း (ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) HREIB ဒါရိုက်တာ)

"နိုင်ငံခြား တိုင်းပြည်တွေက သွားရောက်ရင်းနှီးတာ စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပေးတာတွေက
ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီဟာကြီးကိုတော့ အလုံးစုံဖွင့်ပေးတာမျိုး မဟုတ်ဘဲနဲ့ စောင့်ကြပ်ဖို့တော့ သတိပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကျူးလွန်ထားတဲ့သူတွေ ကျနော်တို့ဟာ အတိတ်ကဟာတွေကို ခွင့်လွှတ်လို့ ရကောင်းရပါမယ်။ ဒါပေမယ့် မေ့ပျောက်လို့မရပါဘူး။"

"လူ့အခွင့်အရေး အခြေအနေကတော့ အရင်ကထက်စာရင် အပြုသဘောဆောင်တဲ့ဘက်ကို ရောက်လာပြီ။ ဒါပေမယ့် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လုံးဝပြီးပြည့်စုံတယ်လို့တော့ မရှိသေးဘူး။ အခုအချိန်ထိ လူ့အခွင့်အရေးတွေ ချိုးဖေါက်နေဆဲပဲ။ နောက်တချို့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေက အသွင်ပုံသဏ္ဍာန်ပြောင်းပြီး အခြားတဘက်မှာ ပိုပြီးဆိုးသွားတာမျိုးရှိပါတယ်။ မြေယာ သိမ်းယူမှုကိစ္စတွေ အရင်ကနဲ့ ပုံစံမတူဘဲနဲ့ ဖြစ်လာတဲ့ကိစ္စတွေပါ။ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေက ရပ်သွားတော့ မဟုတ်ဘူး။ အသွင်ပုံစံပြောင်းပြီးတော့ ဖြစ်နေတာပါ။ တချို့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကတော့ ဆက်ပြီးတော့ ရှိနေဆဲပဲ။ ကချင်ပြည်နယ်မှာတော့ တိုက်ပွဲတွေကြောင့်
ပြည်သူတွေက တောထဲမှာ လှည့်လည်ပုန်းအောင်း နေရတာတွေရှိတယ်။ ဒါဟာလည်း ဘယ်လိုမှ ငြင်းမရတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်တယ်။"


ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ - မူဝါဒရေးရာကော်မတီခေါင်းဆောင်)

"စီးပွားရေး ပိတ်ဆို့မှုဟာ ဖွင့်စေချင်တယ်လို့ ကျနော်တို့ တလျောက်လုံးပဲ ပြောခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒီအစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အစိုးရအပေါ်မှာ မယုံသင်္ကာဖြစ်မှုဟာ မယုံသင်္ကာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အစိုးရလုပ်နေတာတွေ ရှေ့ကိုတွန်းအားနဲ့ ရွေ့သွားအောင်ပေါ့။ အစိုးရကလည်း ပြုပြင်ပြောင်းလဲမှု မလုပ်လို့ မရဘူးဆိုတာ သူတို့လည်း သိပါတယ်။"

"စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်လိုက်တယ်ဆိုရင် နိုင်ငံတကာနဲ့ ဆက်စပ်ပြီးတော့ စီးပွားရေး လုပ်နိုင်တဲ့ အခွင့်အရေး တင်မကဘူး။ တိုင်းရင်းသားဒေသတွေအတွက် အလှူရှင် နိုင်ငံတွေကလည်း အပြည့်အဝ ကူညီနိုင်ပါလိမ့်မယ်။ အဲဒါကြောင့် ကျနော်တို့က ကြိုဆိုတယ်။ သူတို့လာပြီးတော့ ရင်းနှီးတဲ့အခါမှာလည်း တိုင်းပြည်မှာရှိတဲ့ အရင်းအမြစ်
တွေကို စုပ်ယူပြီးတော့ အများပြည်သူ အကျိုးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေကိုလည်း ကျနော်တို့ မလိုချင်ပါဘူး။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေမယ့် စီမံကိန်းမျိုးကိုလည်း ကျနော်တို့ မလိုချင်ပါဘူး။ မြန်မာပြည်အကျိုးစီးပွားကို ဘက်ပေါင်းစုံ ကကြည့်ပြီးတော့ ဖြည်းဖြည်းနဲ့မှန်မှန် ကြာရှည်ခံမယ့် ကူညီနိုင်မယ့် လမ်းကြောင်းကို ရှာပြီးတော့ ပေးမယ်ဆိုရင် လူနတ်ဝမ်းသာပေါ့ဗျာ။"


ဦးအုန်းကြိုင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ၊ လွှတ်တော်အမတ်)

"အရင်တုန်းကလည်း ကျနော်တို့ဆီမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေတာတွေကို အကြောင်းပြုပြီးတော့ အမေရိကန် အစိုးရက စီးပွားရေး ပိတ်ဆို့ထားတာပေါ့။ အခုဟာက ဆိုင်းငံ့ထားတယ်ဆိုတော့ သူတို့လည်း စောင့်ကြည့် ဦးမယ်ဆိုတဲ့သဘောပါပါတယ်။ အခုလို စောင့်ကြည့်ပြီးတော့ ဆောင်ရွက်တယ် ဆိုတဲ့အပေါ်မှာတော့ ကျနော်တို့ သဘောတူပါတယ်။"

"နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ဥပဒေတွေဆိုတာလည်း တိတိကျကျ ခိုင်ခိုင်မာမာ ရှိသေးတာ မဟုတ်ဘူး။ တရားဥပဒေ စိုးမိုးမှုဆိုတာလည်း အခုမှ လုပ်မလို့ရှိသေးတယ်။ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အခုထိ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတယ် ဒါဟာလည်း ရှင်းနေတာပဲ။ ပါးစပ်ကတော့ ပြောင်းပြီပြောင်းပြီလို့ ပြောနေကြတယ်။ အောက်ခြေက အုပ်ချုပ်ရေး ယန္တရားတွေက ပြောင်းပြီလို့ ပြောဖို့ တော်တော်ခက်သေး တယ်။"


ဒေါက်တာအေးမောင်
(ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ၊ လွှတ်တော်အမတ်)

"ပြုပြင်ပြောင်းလဲမှုကို သွားနေတဲ့လမ်းကြောင်းပေါ်ကို သွားနေတာကို သူတို့က အခုလို အသိအမှတ်ပြုတဲ့ သဘောဖြစ်တဲ့အတွက် ကျနော်တို့ ကြိုဆိုပါတယ်။ ဒီဘက်လည်း တကယ် ပီပီပြင်ပြင် ပြောင်းလဲမယ့် လမ်းကြောင်းတွေကို ကမ္ဘာကလည်း ယုံအောင် ကျနော်တို့ လူထုလည်း ယုံအောင် လွှတ်တော်ကလည်းယုံအောင် သက်သေတွေ ပြပြနေတာပဲလေ။ ဒါတွေက တိုးတက်မှုတွေပါပဲ။ ပိတ်ဆို့မှုတွေ လုံးဝ ရုပ်သိမ်းသွားတဲ့အထိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြနိုင်ဖို့လိုပါတယ်။"

"လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ပတ်သက်လို့တော့ ကျနော်တို့ ပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတာ ကိုတောင်မှ ချိုးဖေါက်ခံနေရမှန်း မသိတာကိုးဗျ။ မြေယာသိမ်းယူမှုနဲ့ ပတ်သက်တာ၊ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်တာ တရားရုံးနဲ့ပတ်သက်တာလည်း များတယ်။ မြေယာသိမ်းယူတဲ့ လူ့အခွင်အရေးချိုးဖေါက်မှုကတော့ အများဆုံးဖြစ်နေ တယ်လို့ ပြောလို့ရတယ်။"


ဦးဋ္ဌေးဦး (ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး၊ လွှတ်တော်အမတ်)

"ကျနော်တို့ကတော့ ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ အရင်တည်းက သဘောထားရှိခဲ့ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကို လုံးဝ မထိခိုက်ဘူးလို့တော့ မဟုတ်ပါဘူး။ ထိခိုက်မှုရှိပါတယ်။ ကျနော်တို့အနေနဲ့လည်း ပိတ်ဆို့မှုဟာ မကောင်းပါဘူး ဆိုတာ ကျနော်တို့ ပြောခဲ့ပါတယ်။ အခု ပိတ်ဆို့မှုတွေ လျော့ပေးတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ပိတ်ဆို့မှု လျော့ပြီးတဲ့နောက်မှာ ကျနော်တို့ဆီက လူတွေလည်း အလုပ်လုပ်ရမှာပေါ့။"

"စီးပွားရေးပိတ်ဆို့တော့ ပြည်သူတွေအပေါ်မှာ ထိုက်သင့်တဲ့ နစ်နာမှု ရှိတာပေါ့ဗျာ။ ဒါကို ဆိုင်းငံ့တယ်ဆိုတော့ ကျနော်တို့ ကြိုဆိုတာပေါ့။ ကျနော်တို့ဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် စိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုလုပ်ငန်းပေါ့။ စွမ်းအင်ကဏ္ဍနဲ့ စက်မှုကဏ္ဍတွေမှာလည်း သင့်တော်တာတွေ အများကြီးရှိပါတယ်။ ကျနော်တို့ဘက်က ပြင်ဆင် ရမှာကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ သူတို့ကို အကာအကွယ်ပေးနိုင်မယ့် ကိစ္စတို့ ပြည်တွင်းက နိုင်ငံသား
တွေလုပ်ကိုင်နေတဲ့ လုပ်ငုတ်လက်ရင်း လုပ်ငန်းတွေ ဒါတွေ မဖြစ်အောင်လို့ ပြင်ဆင်ရမှာပေါ့ဗျာ။"

စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေး မီဒီယာ အဖွဲ့အစည်းများနှင့် စာပေစိစစ်ရေး ပြန်လည် ဆွေးနွေး

ဖနိဒါ | သောကြာနေ့၊ မေလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၂ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။       ။ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်းမှ တင်ပြခဲ့သော် စာနယ်ဇင်းကောင်စီ Press council ဖွဲ့စည်းရေး အချက်အလက်များထဲမှ အချို့ကို စာနယ်ဇင်း အဖွဲ့အစည်းသုံးဖွဲ့မှ ယနေ့ သောကြာနေ့မှာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း MJA အထွေထွေအတွင်းရေးမျူး ဦးကိုကို (စက်မှု)က ပြောသည်။

ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်းက စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ကမ်းလှမ်းချက် ကို မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း MJA၊ မြန်မာနိုင်ငံသတင်းသမားများ သမဂ္ဂ MJU၊ မြန်မာဂျာနယ်လစ် ကွန်ယက် MJN တို့နှင့် စာပေစိစစ်ရေးဌာနမှ တာဝန်ရှိသူများနှင့်
ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

ယခုလ ၁၃ နှင့် ၁၄ ရက်များတွင် ဝန်ကြီး ဦးကျော်ဆန်းက စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေးအတွက် စာမျက်နှာ သုံးမျက်နှာပါ ကမ်းလှမ်းချက်များ အတိုင်းမဟုတ်ဘဲ စာနယ်ဇင်းအဖွဲ့အစည်း သုံးဖွဲ့မှ မိမိတို့ ပြန်လည် ပြင်ဆင် ချက်များကို ယခုလ မကုန်မီ ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြရန် သဘောတူညီခဲ့သည်ဟု ဦးကိုကို(စက်မှု)က ပြောသည်။

“စာနယ်ဇင်းကောင်စီတရပ် ပေါ်လာရင် အဲဒီစာနယ်ဇင်းကောင်စီက ကြားဖြတ် ကာလဘဲ တာဝန်ယူမယ်။ အဲဒီ တာဝန်ယူတဲ့ အချိန်မှာ မီဒီယာလောတွေ၊ ဒီစာနယ်ဇင်း ကောင်စီကနေပြီးတော့ ကြီးကြပ် ကြီးမှူးပြီးတော့ မီဒီယာ သမားတွေ အားလုံး ပါဝင်လာအောင်လို့ ဦးစီးဆောင်ရွက်ဖို့ သဘောတူတာ။ ဒါတွေ ဆောင်ရွက်မယ် ဆိုရင်တော့ ဆက်သွားမှာပေါ့”ဟု သူက မဇ္စျိမကို ပြောသည်။

“သူတို့ချပေးတဲ့ အချက်အလက်တွေ စာမျက်နှာ သုံးမျက်နှာပါတဲ့ဟာကို တချို့ စာပေစိစစ်ရေးက
ဆောင်ရွက်ရမဲ့ လုပ်ငန်းတွေ ပါနေတယ်။ အဲဒီလုပ်ငန်းတွေအပေါ်မှာ စာနယ်ဇင်းကောင်စီက လုပ်စရာ မလိုဘူး။ အဲဒါကို ပြောတဲ့ အခါမှာ မေ့လိုက်ပါ။ ခင်ဗျားတို့ လုပ်ချင်တာကို သုံးဖွဲ့က ပြန်တင်ပါလို့
ပြောတယ်”ဟု သူက ဆက်ပြောသည်။

စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေး မူအားဖြင့် သဘောတူထားသော်လည်း စာနယ်ဇင်းကောင်စီ ကြားဖြတ် ကာလမှာဘဲ တာဝန်ယူပြီး မီဒီယာသမား ဥပဒေများကို ထိုစာနယ်ဇင်းကောင်စီမှ ကြီးကြပ် ကြီးမှူးပြီး မီဒီယာသမားများ အားလုံး ပါဝင်ရေး ဦးစီးဆောင်ရွက်ရန် သဘောတူခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မြန်မာဂျာနယ်လစ်ကွန်ယက် MJN ကလည်း စာနယ်ဇင်းကောင်စီ ပဏာမ ဖွဲ့စည်းရန် အပါအဝင် အချက်လေးချက် ကို သဘောတူညီလိုက်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ယက် MJN က ယနေ့ ထုတ်ပြန်ထားသည်။

စာနယ်ဇင်းကောင်စီနှင့် ပတ်သက်သည့် အချက်အလက်များကို ပုံနှိပ်သတင်းစာ(Press) နှင့် သက်ဆိုင်သော အဖွဲ့အစည်းများကို ကိုယ်တိုင် ပြုစုရေးဆွဲခြင်း၊ စာနယ်ဇင်းကောင်စီ မပေါ်ပေါက်မီအတွင်း ပြန်ကြားရေးဝန်ကြီး ဌာနမှ ရေးဆွဲထားသည့် မီဒီယာဥပဒေအား လွှတ်တော်သို့ တင်ပြအတည်ပြုခြင်း မပြုသေးရန်၊ စာနယ်ဇင်း ကောင်စီအား စာပေစိစစ်ရေးမှ အစားထိုးခြင်း မဟုတ်ကြောင်းနှင့် သမ္မတရုံးမှ အသိအမှတ် ပြုရေးတို့ကို စာပေစိစစ်ရေးဌာနမှ တာဝန်ရှိသူများနှင့် သဘောတူညီခဲ့သည်ဟု ကြေငြာချက်တွင် ပါဝင်သည်။

စာနယ်ဇင်းကောင်စီ ဖွဲ့စည်းပြီးနောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တင်ပြရန် လိုနေသေးသော သတင်းနှင့် သဘာရေးဆိုင်ရာ ဂျာနယ်နှင့် မဂ္ဂဇင်းများကို  စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တင်ပြရ်န မလိုတော့ဘဲ ထုတ်တင် စနစ်အဖြစ် တိုက်ရိုက် ထုတ်ဝေခွင့်ပြုမည်ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက မကြာမီက မဇ္စျိမကို ပြောသည်။

ယခုတပတ် အဂါင်္နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စတုတ္ထအဆင့်အဖြစ် ဝတ္ထုစာမူကြမ်းများကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တင်ပြရန် မလိုတော့ဘဲ ထုတ်တင်စနစ်အဖြစ် တိုက်ရိုက် ထုတ်ဝေခွင့် ပြုခဲ့သည်။

လက်နက်ကိုင် ပဋိပက္ခအတွင်း ကချင်အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေရ

ဖနိဒါ | သောကြာနေ့၊ မေလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၃ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ အကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပဋိပက္ခဖြစ်ပွားရာဒေသရှိ ကချင်အမျိုးသမီးများမှာ အစိုးရစစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုကျင့်ခံနေရသည်ဟု သိရသည်။

 ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ယနေ့သောကြာနေ့၌ ထုတ်ပြန်ခဲ့သော ကြေညာ ချက်တွင် မေလ (၁) ရက်နေ့က တရုတ်နယ်စပ် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါဒေသ၊ အနောက်မြောက်ဘက်ရှိ လုပီကျေးရွာသူ အသက် (၄၈) နှစ်အရွယ် ဒေါ်ငွားမီ-Ngwa Mi (အမည်အရင်း မဟုတ်) အား ကချင်နှစ်ခြင်း အသင်းတော် ဘုရားကျောင်းအတွင်း အစိုးရ၏ တပ်ရင်း ခလရ (၃၄၇) နှင့် ခလရ (၁၁၈) တပ်သားများက (၃) ရက်ကြာ ဖမ်းဆီးထားပြီး မတရားနှိပ်စက်၍ အဓမ္မပြုကျင့်ခဲ့သည်ဟု ဖော်ပြထားသည်။

“လုပီရွာမှာ အစိုးရတပ်တွေ ဝင်လာပြီး သေနတ်တွေပစ်တော့ ရွာသားတွေ ထွက်ပြေးကြတယ်။ သူက ဘုရားကျောင်း မှာ သွားပုန်းနေတာ စစ်သား (၁ဝ) ယောက်လောက်က ရိုက်တဲ့လူက ရိုက်၊ သေနတ်ဒင်နဲ့ထု၊ သူအော်ရင်လည်း ပြန်ပြီးပါးရိုက်၊ နောက်တော့ သူက လဲကျသွားတော့ သူ့အကျီတွေကို ဆွဲချွတ်ပြီးတော့ မတရားပြုကျင့်ခဲ့တယ်”ဟု KWAT က မှ တာဝန်ခံ
ဒေါ်မွန်းနေလီက ပြောသည်။

ထိုအမျိုးသမီးအား ရိုက်နက်၍ အဓမ္မပြုကျင့် နေမှုများကို အခြားဒေသခံ အသက် (၅၉) နှစ်အရွယ် ဦးယူသာဂွေး Yu Ta Gwi ကိုလည်း ယင်းဘုရားကျောင်းအပြင်ရှိ သစ်ပင်အောက်တွင် ကြိုးဖြင့် ချည်ထားသဖြင့် ဒေါ်ငွေမီးအား နှိပ်စက်နေမှုကို အားလုံးကို တွေ့ခဲ့ရပုံကို KWAT မှ ပြန်လည် သိရှိခဲ့ရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

မေလ (၄) ရက်နေ့တွင် အစိုးရ စစ်တပ်များ ပြန်လည် ထွက်ခွာသွားသဖြင့် ယင်းတို့နှစ်ဦးအား
ဒေသခံများ ပြန်လည် တွေ့ရှိကာ ပန်ဝါဆေးရုံသို့ ဆေးကုသမှုခံယူစေကာ လတ်တလော တရုတ်နယ်စပ်မှ နှစ်ခြင်းအသင်းတော်က ပြန်လည် ကြည့်ရှုစောင့်ရှောက်နေသည်ဟု ဒေါ်မွန်းနေလီက မဇ္စျိမကို ပြောသည်။

ယမန်နှစ်အောက်တိုဘာလနှင့် စက်တင်ဘာလအတွင်းက အစိုးရ၏ တပ်ရင်း (၁၃) ရင်းမှ တပ်သားများက ကချင်အမျိုးသမီး (၃၇) ဦးကို အဓမ္မပြုကျင့်ခဲ့ပြီး (၁၅) ဦးသတ်ဖြတ်ခံရကြောင်းနှင့် ထိုအထဲတွင် အသက် (၉) နှစ်မှ (၅ဝ) နှစ်အရွယ်အမျိုးသမီးများ ပါဝင်သည်ဟု KWAT ၏အစီရင်ခံစာတွင် အစောပိုင်းက
ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ ခိုင်ဗန်းကျေးရွာနေ အသက် (၂၈) နှစ်အရွယ် ဒေါ်ဆွမ်းလွတ်ရွယ်ဂျားကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခလက်အောက်ခံ တပ်ရင်း (၃၂၁) နှင့် ခလရ (၃၇) တပ်သားများက ဖမ်းဆီးသွားကြောင်းကို နေပြည်တော်ရှိ ပြည်ထောင်စု လွတ်တော် တရားရုံးသို့ ခင်ပွန်းဖြစ်သူ မှ စုံစမ်းစစ်ဆေးပေးရန် လျှောက်ထားချက်ကို တရားလွှတ်တော်ရုံး က ပယ်ချခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တရားရုံး၏ ပယ်ချချက်သည် ကချင်အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုကို ဆက်လက်ဖြစ်ပေါ်စေသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားပြီး အစိုးရစစ်တပ်အနေဖြင့် အမျိုးသမီးများအား မုဒိန်းကျင့်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေခြင်းအား ချက်ချင်းရပ်တန့်ရန်နှင့် ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်မှုအားလုံး ရပ်တန့်ရန် KWAT မှတောင်းဆိုထားသည်။

ကချင်ပြည်နယ်တွင် စစ်ပွဲများ ရပ်တန့်ရန် ကုလ အကြီးအကဲ တိုက်တွန်း

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မေလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၅ မိနစ်

မဇ္ဈိမသတင်းဌာန ။      ။ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)ထံမှ ပေးပို့သောစာကို လက်ခံရရှိပြီးနောက် ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ စစ်ပွဲများ ရပ်တန့်ရန် ကြာသပတေးနေ့က တောင်းဆို တိုက်တွန်းလိုက်သည်။

ဆယ်စုနှစ်များစွာ ကြာရှည်နေပြီဖြစ်ကာ ဒုက္ခသည်အများအပြား ထွက်ပြေးနေရပြီး ဒေသတွင်းတွင် လူမှုပြဿနာ များကို ကြီးထွားစေသည့် ပြည်တွင်းစစ်အား ရပ်တန့်ရေးအတွက် အကူအညီပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံသို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ၏ နိုင်ငံရေး အဖွဲ့ ဖြစ်သည့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) မှ မေလ ၁၅ ရက်နေ့တွင် စာရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ခုနှစ် မေလ ၇ရက်နေ့တွင် ဝါရှင်တန်ဒီစီရှိ American Society for International Law (ASIL) တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မိန့်ခွန်း ပြောဆိုနေစဉ် (Photo: U.N)

၂ဝ၁၁ ခုနှစ် ဇွန်လ မှစတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးနေခဲ့၍ ၁၆နှစ်ကြာ အပစ်အခတ် ရပ်စဲရေးမှာ အဆုံးသတ်ခဲ့ရပြီး ခန့်မှန်းခြေ လူပေါင်း ၅ဝ,ဝဝဝ ခန့် အိမ်ယာများအား စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

ရပ်တန့်နေခဲ့ရသည့် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများအား ပြန်လည်စတင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးအဖွဲ့ အား လွန်ခဲ့သည့်လက ပြန်လည်ဖွဲ့စည်းခဲ့ရာ ဒုတိယ သမ္မတက  ငြိမ်းချမ်းရေးအဖွဲ့ကို  ဦးဆောင်မည် ဖြစ်ပြီး သမ္မတ၏ တိုက်ရိုက် စီစဉ်ညွှန်ကြားမှုအောက်တွင် လုပ်ဆောင်မည် ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေးသမား မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ဒါဇင်နှင့် ချီသည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်နိုင်ရေးအတွက် လွန်ခဲ့သည့်နှစ် သြဂုတ်လ အတွင်းက မေတ္တာရပ်ခံခဲ့သည်။ နိုင်ငံအတွင်း အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးသည် မြန်မာနိုင်ငံအပေါ် ချမှတ် ထားသည့် အရေးယူ ဒဏ်ခတ်မှုများ ရုပ်သိမ်းပေးနိုင်ရေးအတွက် အနောက်နိုင်ငံများ တောင်းဆိုနေကြသည့် အဓိက အချက်တခု လည်း ဖြစ်သည်။

အမေရိကန် နိုင်ငံသည် လက်နက်ရောင်းချခြင်းနှင့် အချို့ ကန့်သတ်ချက်များ ပြဌာန်းချက်များမှ လွဲ၍ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှု အားလုံးကို သောကြာနေ့မှ စတင်ကာ ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

“ကုလသမဂ္ဂ အနေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု ကုလသမဂ္ဂ
ပြောရေးဆိုခွင့်ရှိသူ တဦးက သတင်းထောက်များအား ပြောကြားခဲ့ပြီး မစ္စတာ ဘန်ကီမွန်း မကြာခင်က သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းတွင် မြန်မာအစိုးရက မစ္စတာ ဘန်ကီးမွန်းအား ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်မှုများ ရပ်တန့်ပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။ သို့သော် လေ့လာသူများကမူ ကချင်ပြည်နယ် အတွင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွါးနေသည်ဟု ဆိုကြသည်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက “တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ဒေသရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ တိကျခိုင်လုံတဲ့ သတင်းအချက်အလက် မရှိပါဘူး။ အထွေထွေ အတွင်းရေးမှူးချုပ် ကတော့ ထိုးစစ်ဆင်မှုတွေ ရပ်တန့်ကြဖို့နဲ့ ငြိမ်းချမ်းတဲ့ အဖြေတခု ရှာဖွေဖို့ ဘက်အားလုံးကို တောင်းဆိုထားပါတယ်” ဟု ပြောခဲ့သည်။ 

မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ သန်းခြောက်ဆယ်၏ သုံးပုံတပုံခန့်မှာ တိုင်းရင်းသား လူနည်းစုများ၊ အများစုဖြစ်သည့် ဗမာလူမျိုးများမှ လွှမ်းမိုးထားကာ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ရှိနေသည်ဟု တိုင်းရင်းသား လူနည်းစုများက ရှုမြင်ကြပြီး လွှမ်းမိုးခံရမှုကို မနှစ်မြို့ကြပေ။

ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူက “ဒီလိုအခြေအနေမှာ အကြမ်းဖက်မှုတွေ အရှိန်မြင့်တက် လာခဲ့မယ်ဆိုရင် ဒေသကို စွန့်ခွာ ထွက်ပြေးရမှုတွေ ပိုမို များပြား လာမှာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ပိုမိုများပြားလာမှာ ဖြစ်တဲ့ အတွက်အားလုံးကရှောင်ကြဉ်ရမှာဖြစ်တယ်” ဟု ဆိုခဲ့သည်။

သို့သော် KIA နှင့် မြန်မာအစိုးရတို့ကြား နှစ်ဦးနှစ်ဖက်တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်မည့် အရိပ်အယောင် များ ယခုအချိန်ထိ မတွေ့ရသေးပေ။

NDF ပါတီစည်းရုံးရေး နည်းဗျူဟာ ပြန်လည် ပြင်ဆင်တော့မည်

နေမျိုး | သောကြာနေ့၊ မေလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၄၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။         ။ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဗဟိုဦးစီး အစည်းအဝေးကို လာမည့်ဇွန်လ (၁၆)၊ (၁၇) ရက်များတွင် ကျင်းပ၍  ပါတီ၏ စည်းရုံးရေး နည်းဗျူဟာများကို
ပြန်လည် ပြင်ဆင်သွားမည်ဟု သိရသည်။

“ပါတီအင်အားတိုးချဲ့ပြီး တာဝန်တွေ အသီးသီး ပေးသွားဖို့ အကြောင်းရှိပါတယ်။ အဲဒီအခါကျတော့ ခင်ဗျားတို့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို တွေ့ရမှာပါ။ ရွေးကောက်ပွဲတွေမှာလည်း စည်းကမ်းတကျနဲ့ ဖြစ်သွားနိုင်အောင် ပိုမိုကျစ်လစ်သိပ်သည်းပြီးတော့ လူထုကြားထဲ ထိုးဖောက်နိုင်တဲ့ နည်းဗျူဟာ ကျင့်သုံးဖို့ ရှိပါတယ်။”ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

ဇွန်လကျင်းပမည့် အစည်းအဝေးတွင် မဲဆွယ်စည်းရုံးမှု၊ သတင်းမီဒီယာ အသုံးပြုမှုများနှင့် ပါတ်သက်၍လည်း ဆွေးနွေးသွားမည်ဟု ဦးခင်မောင်ဆွေမှ ယခုလိုဆက်ပြောသည်။

NDF ဌာနချုပ်ရုံး၌ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ အား ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

“ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ပြည်သူတွေဟာ မျှော်လင့်ချက် နိုင်ငံရေးပေါ့ဗျာ၊ အားကိုးရှာတဲ့ ထွက်ပေါက် တခုတည်းကိုကြည့်ပြီး မဲပေးသွားတယ်။ နိုင်ငံရေးအရ ရွှေးချယ်မဲပေးမှုဆိုတာ သိပ်မတွေ့ရဘူး။ မတွေ့ရတော့ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အခင်းအကျင်းက ကျနော်တို့ပြန်ပြီး တည့်မတ်ဖို့လို တယ်။”

“ပြည်တွင်း၊ပြည်ပ တချို့မီဒီယာတွေဟာ ရွေးကောက်ပွဲကာလမှာ မြင်ရတာက နိုင်ငံရေးပါတီတွေဘက်က ဝင်ပြီးတော့ စည်းရုံးလှုံဆော်ပေးသလို ဖြစ်နေတာတွေ တွေ့ရတယ်။ မီဒီယာတွေပိုင်းက သူတို့လူအများစု အာရုံကျမယ့် သတင်းတွေ၊ ပါတီတွေရဲ့ အကြောင်းတွေကိုပဲ ထပ်ကာထပ်ကာ လွှင့်ပြီးတော့ ပါတီတွေဘက်က လိုက်ပြီး စည်းရုံးရေးလုပ်တဲ့ ဟာမျိုးတွေ ပါနေတဲ့အခါကြတော့ မီဒီယာအခန်းကဏ္ဍကို ဘယ်လို တည့်မတ်မလဲဆိုတဲ့ ဆွေးနွေးစဉ်းစားမှုတွေ ပါလာမယ်ဗျ။”

ဧပြီ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လစ်လပ်နေရာ (၄၄) နေရာအနက် (၄၃)နေရာ တခဲနက် အနိုင်ရရှိလိုက်ပြီးနောက် NDF ဗဟိုကော်မတီဝင်တချို့နှင့် ပါတီဝင်များ နှုတ်ထွက်သွားပြီး NLD သို့ ကူးပြောင်းမှုများ ရှိခဲ့သည်။

“ဟုတ်ကဲ့ အပြောင်းအရွှေ့ဆိုတဲ့ နေရာမှာတော့  NLD ရဲ့လှုပ်ရှားမှုဟာ ကြိမ်နှုန်းမြင့်တော့ ဒီလိုသိပ်ပြီး ကြီးထွားလာ တဲ့ နိုင်ငံရေး တုန်ခါမှုကြီးကို ရပ်ခံနိုင်စွမ်းမရှိတဲ့ လူဟောင်းတွေကတော့
ပြောင်းကုန်ကြတာပေါ့ဗျာ။ ကျနော်တို့ ဗဟို ကော်မတီထဲက နှစ်ယောက်၊ သုံးယောက်ပေါ့၊
အောက်ခြေပါတီဝင်ထဲက ဆိုရင်တော့ လေး၊ငါး၊ဆယ်ယောက်ပါပဲ။ တစ်ယောက်ချင်း၊
နှစ်ယောက်ချင်းထွက်တာတွေလည်း ရှိပါတယ်။ ရာနဲ့ချီပြီး ထွက်တာမရှိပါဘူး ခင်ဗျ။” ဟု ဦးခင်မောင်ဆွေမှ ပြောသည်။

NDF ပါတီအနေဖြင့် တဦးကောင်း တယောက်ကောင်း ဦးဆောင်မှုမျိုး မဟုတ်ဘဲ စုပေါင်းခေါင်းဆောင်မှု၊ တဦးချင်း တာဝန်ယူသည့် ကျင့်စဉ်ကို တကယ်ထိထိရောက်ရောက် ကျင့်သုံးနိုင်ရေး မူအရဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger